မင်းသမီးချော Seo Ye Ji ပါဝင်ထားတဲ့ဒရမ်မာဇာတ်လမ်းတွဲအသစ် ဇာတ်ညွှန်းဖတ်ပွဲပြုလုပ်

ဒီနေ့မှာတော့မကြာခင်မှာထုတ်လွှင့်ပြသတော့မယ့် ဒရမ်မာဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဖတ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဇာတ်လမ်းတွဲနာမည်ကတော့ Eveဖြစ်ပြီးတော့ အရှုပ်တော်ပုံဖြစ်ပေါ်ပြီးနောက် မင်းသမီးချော Seo Ye Ji ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး Park Byung Eun ၊Yoo Sun နဲ့ Lee Sang Yeob တို့ပါဝင်ထားပါတယ်။


ဒီဇာတ်လမ်းတေ့ာ ကလဲ့စားချေမှုတွေပါဝင်တဲ့အချစ်ဒရမ်မာဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်။ Seo Ye Ji ဟာ ဘီလီယံချီတန်ဖိုးရှိသောလုပ်ငန်းစုကြီးတစ်ခုရဲ့ရှုပ်ထွေးနေတဲ့ကွာရှင်းပြတ်စဲမှုကြီးအလယ်ကို ရောက်ရှိနေရသူအဖြစ်တွေ့မြင် ရမှာပါ။ သူဟာ အရည်အချင်းရှိတဲ့ဖခင်နဲ့ ချောမောလှပတဲ့မိခင်တို့ရဲ့သမီး Lee Ra El နေရာကပါဝင်ထားပါတယ်။ သူဟာ မိသားစုရဲ့အတိတ်ဆိုးကြောင့် ရက်ရက်စက်စက်လှသလောက်လည်း အဆိပ်ပြင်းတဲ့ အမျိုးသမီးတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ဖို့အတွက် ဇာတ်ရုပ်ကိုကြွလာစေအောင်အပြည့်အဝစွမ်းဆောင်နိုင်သူတစ်ယောက်ပါ။


သူ့ရဲ့သရုပ်ဆောင်ချက်တွေကိုတော့ ဇာတ်ရုပ်ကိုသေချာနားလည်ပြီး ချစ်မြတ်နိုးမှုရှိတယ်လို့လည်း ထုတ်လုပ်ရေးအဖွဲ့ကဆိုပါတယ်။ Seo Ye Ji ဟာ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေကတော့ အခုလိုအပြင်းစားကလဲ့စားချေမှု၊မုန်းတီးမှုတွေနဲပြည့်နေတဲ့ဒရမ်မာဇာတ်လမ်းတွဲကောင်းကို မျှော်လင့်နေကြမှာအမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

မင္းသမီးေခ်ာ Seo Ye Ji ပါဝင္ထားတဲ့ဒရမ္မာဇာတ္လမ္းတြဲအသစ္ ဇာတ္ၫႊန္းဖတ္ပြဲျပဳလုပ္
ဒီေန႔မွာေတာ့မၾကာခင္မွာထုတ္လႊင့္ျပသေတာ့မယ့္ ဒရမ္မာဇာတ္လမ္းတြဲရဲ႕ ဇာတ္ၫႊန္းဖတ္ပြဲကို ျပဳလုပ္ခဲ့ပါတယ္။ ဇာတ္လမ္းတြဲနာမည္ကေတာ့ Eveျဖစ္ၿပီးေတာ့ အရႈပ္ေတာ္ပုံျဖစ္ေပၚၿပီးေနာက္ မင္းသမီးေခ်ာ Seo Ye Ji ပထမဆုံး ျပန္လည္႐ိုက္ကူးတဲ့ဇာတ္လမ္းတြဲျဖစ္ၿပီး Park Byung Eun ၊Yoo Sun နဲ႔ Lee Sang Yeob တို႔ပါဝင္ထားပါတယ္။
ဒီဇာတ္လမ္းေတ့ာ ကလဲ့စားေခ်မႈေတြပါဝင္တဲ့အခ်စ္ဒရမ္မာဇာတ္လမ္းတြဲ တစ္ခုလည္း ျဖစ္ပါတယ္။ Seo Ye Ji ဟာ ဘီလီယံခ်ီတန္ဖိုးရွိေသာလုပ္ငန္းစုႀကီးတစ္ခုရဲ႕ရႈပ္ေထြးေနတဲ့ကြာရွင္းျပတ္စဲမႈႀကီးအလယ္ကို ေရာက္ရွိေနရသူအျဖစ္ေတြ႕ျမင္ ရမွာပါ။ သူဟာ အရည္အခ်င္းရွိတဲ့ဖခင္နဲ႔ ေခ်ာေမာလွပတဲ့မိခင္တို႔ရဲ႕သမီး Lee Ra El ေနရာကပါဝင္ထားပါတယ္။ သူဟာ မိသားစုရဲ႕အတိတ္ဆိုးေၾကာင့္ ရက္ရက္စက္စက္လွသေလာက္လည္း အဆိပ္ျပင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ အျဖစ္ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ဇာတ္႐ုပ္ကိုႂကြလာေစေအာင္အျပည့္အဝစြမ္းေဆာင္ႏိုင္သူတစ္ေယာက္ပါ။
သူ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကိုေတာ့ ဇာတ္႐ုပ္ကိုေသခ်ာနားလည္ၿပီး ခ်စ္ျမတ္ႏိုးမႈရွိတယ္လို႔လည္း ထုတ္လုပ္ေရးအဖြဲ႕ကဆိုပါတယ္။ Seo Ye Ji ဟာ က်ရာဇာတ္႐ုပ္ကိုပိုင္ႏိုင္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ အခုလိုအျပင္းစားကလဲ့စားေခ်မႈ၊မုန္းတီးမႈေတြနဲျပည့္ေနတဲ့ဒရမ္မာဇာတ္လမ္းတြဲေကာင္းကို ေမွ်ာ္လင့္ေနၾကမွာအမွန္ပါပဲေနာ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x