“Moonshine” မှာ ပါဝင်ခဲ့တဲ့ဇာတ်ရုပ်နဲ့ ချစ်သူရဲ့အားပေးမှုတွေကို ပြောပြခဲ့တဲ့ Hyeri

Posted on

ကေပေါပ့်အိုင်ဒေါတစ်ယောက်ဖြစ်သလို သရုပ်ဆောင်၊မော်ဒယ်လ်အနေနဲ့အောင်မြင်မှုတွေရရှိထားတဲ့ Girl’s Day အဖွဲ့ဝင် Hyeri ကိုတော့ ပရိသတ်တွေသိကြမှာပါ။ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Moonshine ဇာတ်လမ်းတွဲကတော့မကြာသေးခင်ကပြီးသွားခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ Hyeri က မင်းသားချော Yoo Seung Ho နဲ့အတူအတွဲညီညီသရုပ်ဆောင်ခဲ့ပါတယ်။


ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးအင်တာဗျူးမှာတော့ Hyeri က ဇာတ်လမ်းထဲမှာဘယ်လိုမျိုးကြည့်ကောင်းနေမလဲဆိုတာထက် ဇာတ်ရုပ်ကိုဖော်ပြဖို့ကိုအလေးပေးပြီး လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ သူဝမ်းနည်းရင်လိုက်ဝမ်းနည်းပြီး သူပျော်ရွှင်ရင်ကိုယ်လည်းပျော်ရွှင်တယ်ဆိုပြီးတော့ ဇာတ်ရုပ်အပေါ်မှာလုံးဝနှစ်မြှုပ်ထားတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ Hyeri ကတော့ သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ Moonshine ဇာတ်ကားနဲ့ပတ်သက်ပြီး ချစ်သူဖြစ်တဲ့ Ryu Joon Yeol ရဲ့ အားပေးမှုတွေကို ပြောခဲ့ပါတယ်။


အင်တာဗျူးမှာတော့ “သူက ကျွန်မကိုအများကြီး အားပေးထောက်ခံတယ်။ အဲ့ဒီအတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။သူက ဒီဒရမ်မာကိုအရမ်းကြိုက်တာဖြစ်တဲ့အတွက် တကယ့်ကိုအားတက်ခဲ့ရတယ်။” လို့ဆိုပါတယ်။ Hyeri နဲ့ Ryu Joon Yeol တို့ကတော့ Reply 1988 ဒရမ်မာမှာတွေ့ဆုံခဲ့တာဖြစ်ပြီး ကာလကြာရှည်တွဲနေကြတဲ့ချစ်သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အားပေးချစ်ခင်ကြတာကတော့ တကယ့်ကိုအားကျစရာပါ။
Zawgyi ဖြင့်ဖတ်ရန်

“Moonshine” မွာ ပါဝင္ခဲ့တဲ့ဇာတ္႐ုပ္နဲ႔ ခ်စ္သူရဲ႕အားေပးမႈေတြကို ေျပာျပခဲ့တဲ့ Hyeri
ေကေပါပ့္အိုင္ေဒါတစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္၊ေမာ္ဒယ္လ္အေနနဲ႔ေအာင္ျမင္မႈေတြရရွိထားတဲ့ Girl’s Dayအဖြဲ႕ဝင္ Hyeri ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ ကိုရီးယားနန္းတြင္းဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Moonshine ဇာတ္လမ္းတြဲကေတာ့မၾကာေသးခင္ကၿပီးသြားခဲ့တာျဖစ္ၿပီး ဒီဇာတ္လမ္းတြဲမွာေတာ့ Hyeri က မင္းသားေခ်ာ Yoo Seung Ho နဲ႔အတူအတြဲညီညီသ႐ုပ္ေဆာင္ခဲ့ပါတယ္။
ဒီဇာတ္လမ္းတြဲနဲ႔ပတ္သက္ၿပီးအင္တာဗ်ဴးမွာေတာ့ Hyeri က ဇာတ္လမ္းထဲမွာဘယ္လိုမ်ိဳးၾကည့္ေကာင္းေနမလဲဆိုတာထက္ ဇာတ္႐ုပ္ကိုေဖာ္ျပဖို႔ကိုအေလးေပးၿပီး လုပ္ေဆာင္တယ္လို႔ ဆိုပါတယ္။ သူဝမ္းနည္းရင္လိုက္ဝမ္းနည္းၿပီး သူေပ်ာ္႐ႊင္ရင္ကိုယ္လည္းေပ်ာ္႐ႊင္တယ္ဆိုၿပီးေတာ့ ဇာတ္႐ုပ္အေပၚမွာလုံးဝႏွစ္ျမႇဳပ္ထားတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ Hyeri ကေတာ့ သူေနာက္ဆုံး႐ိုက္ကူးခဲ့တဲ့ Moonshine ဇာတ္ကားနဲ႔ပတ္သက္ၿပီး ခ်စ္သူျဖစ္တဲ့ Ryu Joon Yeol ရဲ႕ အားေပးမႈေတြကို ေျပာခဲ့ပါတယ္။
အင္တာဗ်ဴးမွာေတာ့ “သူက ကြၽန္မကိုအမ်ားႀကီး အားေပးေထာက္ခံတယ္။ အဲ့ဒီအတြက္လည္း ဝမ္းေျမာက္ဝမ္းသာျဖစ္ရတယ္။သူက ဒီဒရမ္မာကိုအရမ္းႀကိဳက္တာျဖစ္တဲ့အတြက္ တကယ့္ကိုအားတက္ခဲ့ရတယ္။” လို႔ဆိုပါတယ္။ Hyeri နဲ႔ Ryu Joon Yeol တို႔ကေတာ့ Reply 1988 ဒရမ္မာမွာေတြ႕ဆုံခဲ့တာျဖစ္ၿပီး ကာလၾကာရွည္တြဲေနၾကတဲ့ခ်စ္သူေတြျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္အားေပးခ်စ္ခင္ၾကတာကေတာ့ တကယ့္ကိုအားက်စရာပါ။