မင်းသား Lee Jung Jae ကတော့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ Squid Game မှာပါဝင်ပြီးနောက် ဟောလိဝုဒ်ရဲ့စိတ်ဝင်စားမှုကိုရရှိနေခဲ့တာပါ။ သူကတော့ အမေရိကန်နိုင်ငံကအကြီးဆုံးအေဂျင်စီတွေထဲကတစ်ခုဖြစ်တဲ့ Creative Artist Agency (CAA) နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ(၂၅)ရက်နေ့မှာ Lee Jung Jae ဟာCAA နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးဒါရိုက်တာ၊ထုတ်လုပ်သူနဲ့သရုပ်ဆောင်အဖြစ်ဆောင်ရွက်မယ်လို့ အမေရိကန်မီဒီယာတစ်ခုနေ ဖော်ပြခဲ့ပါတယ်။ CAA ဆိုတဲ့ ဖျော်ဖြေရေးနဲ့အားကစားအေဂျင်စီကတော့ လော့စ်အိန်ဂျလိစ့်မှာ အခြေစိုက်ထားတာဖြစ်ပြီး Tom Hanks၊ Steven Spielberg၊ Zendaya နဲ့ Reese Witherspoon တို့လိုနာမည်ကျော်တွေကို စီမံခန့်ခွဲနေတာပဲဖြစ်ပါတယ်။

မင်းသားကတော့ Screen Actors Guild Awards (SAG) ဆိုတဲ့ဆုပေးပွဲကိုSquid Game မှာပါဝင်ခဲ့တဲ့အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Jung Ho Yeon၊ Park Hae Soo တို့နဲ့အတူ ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ တက်ရောက်မှာဖြစ်ပါတယ်။’Squid Game’ ကတော့ SAG’s highest honor award၊ the TV Drama Series Ensemble Award၊ the Stunt Category Ensemble Award ၊Best Actor (Lee Jung Jae) နဲ့ Best Actress (Jeong Ho Yeon) ဆိုတဲ့ကဏ္ဍတွေအတွက် ဆန်ကာတင်စာရင်းဝင်ထားတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
အေမရိကန္ႏိုင္ငံရဲ႕အႀကီးဆုံးေအဂ်င္စီေတြထဲကတစ္ခုနဲ႔ လက္တြဲလိုက္တဲ့ ‘Squid Game’ မင္းသား Lee Jung Jae
ေအာင္ျမင္ေနတာ….
မင္းသား Lee Jung Jae ကေတာ့ ကိုရီးယားဒရမ္မာဇာတ္လမ္းတြဲျဖစ္တဲ့ Squid Game မွာပါဝင္ၿပီးေနာက္ ေဟာလိဝုဒ္ရဲ႕စိတ္ဝင္စားမႈကိုရရွိေနခဲ့တာပါ။ သူကေတာ့ အေမရိကန္ႏိုင္ငံကအႀကီးဆုံးေအဂ်င္စီေတြထဲကတစ္ခုျဖစ္တဲ့ Creative Artist Agency (CAA) နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
ေဖေဖာ္ဝါရီ(၂၅)ရက္ေန႔မွာ Lee Jung Jae ဟာCAA နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးဒါ႐ိုက္တာ၊ထုတ္လုပ္သူနဲ႔သ႐ုပ္ေဆာင္အျဖစ္ေဆာင္႐ြက္မယ္လို႔ အေမရိကန္မီဒီယာတစ္ခုေန ေဖာ္ျပခဲ့ပါတယ္။ CAA ဆိုတဲ့ ေဖ်ာ္ေျဖေရးနဲ႔အားကစားေအဂ်င္စီကေတာ့ ေလာ့စ္အိန္ဂ်လိစ့္မွာ အေျခစိုက္ထားတာျဖစ္ၿပီး Tom Hanks၊ Steven Spielberg၊ Zendaya နဲ႔ Reese Witherspoon တို႔လိုနာမည္ေက်ာ္ေတြကို စီမံခန႔္ခြဲေနတာပဲျဖစ္ပါတယ္။
မင္းသားကေတာ့ Screen Actors Guild Awards (SAG) ဆိုတဲ့ဆုေပးပြဲကိုSquid Game မွာပါဝင္ခဲ့တဲ့အျခားသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Jung Ho Yeon၊ Park Hae Soo တို႔နဲ႔အတူ ေဖေဖာ္ဝါရီလ(၂၇)ရက္ေန႔မွာ တက္ေရာက္မွာျဖစ္ပါတယ္။’Squid Game’ ကေတာ့ SAG’s highest honor award၊ the TV Drama Series Ensemble Award၊ the Stunt Category Ensemble Award ၊Best Actor (Lee Jung Jae) နဲ႔ Best Actress (Jeong Ho Yeon) ဆိုတဲ့က႑ေတြအတြက္ ဆန္ကာတင္စာရင္းဝင္ထားတာပဲျဖစ္ပါတယ္။