2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်းပြောကြလာတဲ့ Squid Game ရုပ်ရှင်စတား Jung Ho Yeon

Posted on

Squid Game ဇာတ်လမ်းတွဲပြသပြီးနောက် နေ့ချင်းညချင်းကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိခဲ့တာကတော့ မော်ဒယ်လ်၊မင်းသမီးချော Jung Ho Yeon ပဲ ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်မှာလည်းပိုင်နိုင်သလို အမိုက်စားမော်ဒယ်လ်ကိုယ်လုံးနဲ့အတူ ကြော်ငြာများစွာမှာလည်း ပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။


Jung HoYeon ကတော့ ဖေော်ဝါရီလ(၂၃)ရက်နေ့မှာ iD ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Learn and Pass It On မှာ ကေပေါပ့်နဲ့ပတ်သက်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကေပေါပ့်ကတော့ အာရှတွင်သာမက ကမ္ဘာတစ်ဝှမ်းကိုပါထိုးဖောက်အောင်မြင်လာတဲ့ဂီတလိုင်းတစ်ခုပဲဖြစ်ပါတယ်။ Jung HoYeonကတော့ နာမည်ကျော်ကေပေါပ့်အဖွဲ့တွေဖြစ်ကြတဲ့ 2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်လို့ ဆိုခဲ့ပါတယ်။


အင်တာဗျူးမှာတော့ Jung HoYeon ဟာ “မင်းဟာကိုရီးယားမှာကြီးပြင်းလာတယ်ဆိုရင် ကေပေါပ့်ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေမှာပါ။ ကျွန်မကတော့ 2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်တစ်ယောက်ပါပဲ” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

2NE1၊ Girls’ Generation နဲ႔ BIGBANG တို႔ရဲ႕ အမာခံပရိသတ္ျဖစ္ေျကာင္းေျပာၾကလာတဲ့ Squid Game ႐ုပ္ရွင္စတား Jung HoYeon
Squid Game ဇာတ္လမ္းတြဲျပသၿပီးေနာက္ ေန႔ခ်င္းညခ်င္းကမာၻနဲ႔အဝွမ္းေအာင္ျမင္မႈေတြရရွိခဲ့တာကေတာ့ ေမာ္ဒယ္လ္၊မင္းသမီးေခ်ာ Jung HoYeon ပဲ ျဖစ္ပါတယ္။ သူကေတာ့ သ႐ုပ္ေဆာင္မွာလည္းပိုင္ႏိုင္သလို အမိုက္စားေမာ္ဒယ္လ္ကိုယ္လုံးနဲ႔အတူ ေၾကာ္ျငာမ်ားစြာမွာလည္း ပါဝင္႐ိုက္ကူးေနတာပဲျဖစ္ပါတယ္။
Jung HoYeon ကေတာ့ ေဖော္ဝါရီလ(၂၃)ရက္ေန႔မွာ iD ရဲ႕အစီအစဥ္တစ္ခုျဖစ္တဲ့ Learn and Pass It On မွာ ေကေပါပ့္နဲ႔ပတ္သက္ၿပီးေတာ့ ေျပာျပခဲ့ပါတယ္။ ေကေပါပ့္ကေတာ့ အာရွတြင္သာမက ကမာၻတစ္ဝွမ္းကိုပါထိုးေဖာက္ေအာင္ျမင္လာတဲ့ဂီတလိုင္းတစ္ခုပဲျဖစ္ပါတယ္။ Jung HoYeonကေတာ့ နာမည္ေက်ာ္ေကေပါပ့္အဖြဲ႕ေတြျဖစ္ၾကတဲ့ 2NE1၊ Girls’ Generation နဲ႔ BIGBANG တို႔ရဲ႕ အမာခံပရိသတ္လို႔ ဆိုခဲ့ပါတယ္။
အင္တာဗ်ဴးမွာေတာ့ Jung HoYeon ဟာ “မင္းဟာကိုရီးယားမွာႀကီးျပင္းလာတယ္ဆိုရင္ ေကေပါပ့္ရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ေနမွာပါ။ ကြၽန္မကေတာ့ 2NE1၊ Girls’ Generation နဲ႔ BIGBANG တို႔ရဲ႕ အမာခံပရိသတ္တစ္ေယာက္ပါပဲ” လို႔ ဆိုပါတယ္။