ပရိသတ်တွေစောင့်မျှော်နေတဲ့ A Business Proposal ဇာတ်လမ်းတွဲကိုတော့ SBS ကထုတ်လွှင့်ပြသတော့မှာပါ။ ဒီဇာတ်လမ်းတွဲရဲ့သတင်းစာရှင်းလင်းပွဲကိုတော့ ဒါရိုက်တာအပြင်ပါဝင်ထားတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Ahn Hyo Seop၊ Kim Se Jung ၊Kim Min Kyu နဲ့ Seol In Ah တို့ တက်ရောက်ခဲ့ကြပါတယ်။
A Business Proposal ဇာတ်လမ်းတွဲကတော့ ငြင်းပယ်ခံရအောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့သူငယ်ချင်းဖြစ်သူအစားဘလိုင်းဒိတ်သွားခဲ့ပေမယ့် မထင်မှတ်ဘဲအလုပ်လုပ်ကိုင်တဲ့ကုမ္ပဏီမှစီအီးအိုဖြစ်သူနဲ့တွေ့ဆုံပြီးနောက် စာချုပ်တစ်ခုချုပ်ဆိုဖြစ်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းတွဲမှာတော့ Ahn Hyo Seop က မာနကြီးပြီးသွေးအေးတဲ့စီးအီးအိုအဖြစ်ပါဝင်ထားပြီးKim Se Jung ကတော့ သုတေသနဌာရဲ့ဝန်ထမ်းတစ်ယောက်နေရာကပါဝင်ထားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Ahn Hyo Seop နဲ့ Kim Se Jung တို့နှစ်ဦးဟာ လိုက်ဖက်ညီပြီး Chemistry မိတာကြောင့် ချီးကျူးမှုတွေရရှိခဲ့ပါတယ်။ အင်တာဗျူးမှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အကောင်းမြင်တတ်တဲ့သူတွေဖြစ်တာကြောင့် အလုပ်လုပ်ရတာအဆင်ပြေကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။ အတွဲညီတဲ့သူတို့နှစ်ယောက်ရဲ့သရုပ်ဆောင်ချက်တွေကိုတော့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကစပြီးကြည့်ရှုရတော့မှာပါ။
Zawgyi ဖြင့်ဖတ်ရန်
A Business Proposal ဒရမ္မာရဲ႕သတင္းစာရွင္းလင္းပြဲမွာေတြ႕ရတဲ့ Ahn Hyo Seop နဲ႔ Kim Se Jung တို႔ရဲ႕လိုက္ဖက္ညီမႈ
ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ A Business Proposal ဇာတ္လမ္းတြဲကိုေတာ့ SBS ကထုတ္လႊင့္ျပသေတာ့မွာပါ။ ဒီဇာတ္လမ္းတြဲရဲ႕သတင္းစာရွင္းလင္းပြဲကိုေတာ့ ဒါ႐ိုက္တာအျပင္ပါဝင္ထားတဲ့သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Ahn Hyo Seop၊ Kim Se Jung ၊Kim Min Kyu နဲ႔ Seol In Ah တို႔ တက္ေရာက္ခဲ့ၾကပါတယ္။
A Business Proposal ဇာတ္လမ္းတြဲကေတာ့ ျငင္းပယ္ခံရေအာင္လုပ္ဖို႔ရည္႐ြယ္ခ်က္နဲ႔သူငယ္ခ်င္းျဖစ္သူအစားဘလိုင္းဒိတ္သြားခဲ့ေပမယ့္ မထင္မွတ္ဘဲအလုပ္လုပ္ကိုင္တဲ့ကုမၸဏီမွစီအီးအိုျဖစ္သူနဲ႔ေတြ႕ဆုံၿပီးေနာက္ စာခ်ဳပ္တစ္ခုခ်ဳပ္ဆိုျဖစ္ခဲ့တဲ့အေၾကာင္းကို ႐ိုက္ကူးထားတဲ့ အခ်စ္ဟာသဇာတ္လမ္းေလးပါ။ ဒီဇာတ္လမ္းတြဲမွာေတာ့ Ahn Hyo Seop က မာနႀကီးၿပီးေသြးေအးတဲ့စီးအီးအိုအျဖစ္ပါဝင္ထားၿပီးKim Se Jung ကေတာ့ သုေတသနဌာရဲ႕ဝန္ထမ္းတစ္ေယာက္ေနရာကပါဝင္ထားပါတယ္။
သတင္းစာရွင္းလင္းပြဲမွာေတာ့ အဓိကဇာတ္ေဆာင္ေတြျဖစ္တဲ့ Ahn Hyo Seop နဲ႔ Kim Se Jung တို႔ႏွစ္ဦးဟာ လိုက္ဖက္ညီၿပီး Chemistry မိတာေၾကာင့္ ခ်ီးက်ဴးမႈေတြရရွိခဲ့ပါတယ္။ အင္တာဗ်ဴးမွာေတာ့ သူတို႔ႏွစ္ဦးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အေကာင္းျမင္တတ္တဲ့သူေတြျဖစ္တာေၾကာင့္ အလုပ္လုပ္ရတာအဆင္ေျပေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ အတြဲညီတဲ့သူတို႔ႏွစ္ေယာက္ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကိုေတာ့ ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔ကစၿပီးၾကည့္ရႈရေတာ့မွာပါ။