ရည်းစားဟောင်းဖြစ်သူနဲ့ပတ်သက်တဲ့အငြင်းပွားမှုဖြစ်ပေါ်ခဲ့တာ(၁၀)လကြာပြီးနောက် တရားဝင်တောင်းပန်မှုပြုလာတဲ့ Seo Ye Ji

မနှစ်ကတော့ Dispatch က Seo Ye Ji ရည်စားဖြစ်သူ Kim Jung Hyun တို့နှစ်ဦးပြောထားတဲ့ စာတွေကို ထုတ်ဖော်ခဲ့ပါတယ်။ Kim Jung Hyun ဟာ Girls’ Generation အဖွဲ့ဝင် Seohyun နဲ့အတူ ဒရမ်မာရိုက်ကူးနေခဲ့တာဖြစ်ပြီး Seo Ye Ji ကတော့ ရုပ်ရှင်ရိုက်ကူးနေစဉ်မှာ အထိအတွေ့တွေမလုပ်ဖို့အတွက် နောက်ကွယ်ကနေစခိုင်းခဲ့တဲ့အကြောင်းတွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။


ဒီကိစ္စဟာအတော်လေးရိုက်ခတ်ခဲ့ပြီးနောက် Seo Ye Ji ဟာ လူမြင်ကွင်းမှပျောက်ကွယ်ခဲ့ပြီး အသစ်ရိုက်ကူးမယ့် Island ဒရမ်မာမှလည်း နှုတ်ထွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီလိုအရှုပ်တော်ပုံဖြစ်ခဲ့ရတာနဲ့ပတ်သက်ပြီး တရားဝင်တောင်းပန်မှုပြုလုပ်လာတာပါ။ သူကတော့ အခုလိုနောက်ကျမှလုပ်ဆောင်ဖြစ်တဲ့အတွက် တောင်းပန်ထားပါတယ်။ လူတော်တော်များများကသူ့အပေါ်မှာဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး သူကိုယ်တိုင်လည်းပြန်လည်ဆန်းစစ်ဖို့အတွက် အခုအချိန်အထိအချိန်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။


သူ့ရဲ့ချို့ယွင်းမှုကြောင့် လူအများကိုစိတ်ပျက်စေခဲ့တာအတွက် အနူးအညွှတ် တောင်းပန်ထားပါတယ်။ ဒီလိုမရင့်ကျက်မှုတွေကနေသင်ခန်းစာယူပြီး အနာဂတ်မှာလည်း သတိထားပြီးပြုမူသွားပြီးတော့ပိုရင့်ကျက်သွားမယ်လို့ ဆိုပါတယ်။ Seo Ye Ji ကတော့ မကြာခင်မှာ tvN ဒရမ်မာဖြစ်တဲ့ “Eve” ဆိုတဲ့ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာတော့မှာပါ။
Zawgyi ဖြင့်ဖတ်ရန်

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x