အိုလံပစ်ရွှေတံဆိပ်ဆုရှင် Hwang Dae Heon ကို ဂုဏ်ပြုစကားဆိုပြီးနောက် တရုတ်အင်တာနက်အသုံးပြုသူတွေကြားမှာ တိုက်ခိုက်ခံနေရတဲ့ BLACKPINK အဖွဲ့ဝင် Jennie

ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှာ Jennie ရဲ့ အင်စတာဂရမ်မှာ တရုတ်အင်တာနက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေနဲ့ပြည့်နှက်သွားပါတယ်။ “Jennie ကို ကြိုက်တယ်၊ ဒါပေမဲ့ တရုတ်ပြည်ကိုတော့ပိုချစ်တယ်။” “တရုတ်ပြည်ကိုထပ်လာဖို့ စိတ်မကူးနဲ့” စတဲ့မှတ်ချက်တွေနဲ့ တိုက်ခိုက်ခံနေရတာပါ။


Jennie ရဲ့ အင်စတာဂရမ်ကနောက်ဆုံးပိုစ့်မှာ အဲ့ဒီလိုမျိုးမဖွယ်မရာမှတ်ချက်တွေအမြောက်အများဖြစ်လာခဲ့ပါတယ်။
စကိတ်ကစားသမား အိုလံပစ်ရွှေတံဆိပ်ဆုရှင် Hwang Dae Heon ကတော့ အခုလိုဖြစ်ရတဲ့အကြောင်းအရင်းဖြစ်ပုံပါပဲ။ Jennie ဟာ တရုတ်ကစားသမားကိုနိုင်ခဲ့တဲ့ ကိုရီးယားအိုလံပစ်ရွှေတံဆိပ်ဆုရှင် Hwang Dae Heon ကို ထောက်ခံအားပေးခဲ့တာကြောင့် မကျေနပ်ချက်တွေကို အခုလိုရေးသားခဲ့ကြတာပဲ ဖြစ်ပါတယ်။ Hwang Dae Heon ကတော့ BLACKPINK အဖွဲ့ဝင် Jennie ရဲ့အမာခံပရိသတ်တစ်ယောက်လို့ ပြောခဲ့ဖူးပါတယ်။


ကိုယ်ကြိုက်နှစ်သက်တဲ့အိုင်ဒေါဆီက အားပေးထောက်ခံမှုရရှိခဲ့တာကြောင့် အရမ်းပျော်နေတော့မှာ အသေအချာပါ။ ဒါပေမယ့်လည်း အခုလိုဖြစ်ပျက်ခဲ့တာကြောင့် ကိုရီးယားအင်တာနက်အသုံးပြုသူတွေကတော့ “သူမကအခု ကိုရီယားကစားသမားတွေအတွက်တောင် အားမပေးနိုင်တော့ဘူး” ဆိုပြီးတော့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်ကြီးရဲ့အမြင်ကရော ဘယ်လိုပါလဲ။
Zawgyi ဖြင့်ဖတ်ရန်

အိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္ Hwang Dae Heon ကို ဂုဏ္ျပဳစကားဆိုၿပီးေနာက္ တ႐ုတ္အင္တာနက္အသုံးျပဳသူေတြၾကားမွာ တိုက္ခိုက္ခံေနရတဲ့ BLACKPINK အဖြဲ႕ဝင္ Jennie
ေဖေဖာ္ဝါရီလ(၂၆)ရက္ေန႔မွာ Jennie ရဲ႕ အင္စတာဂရမ္မွာ တ႐ုတ္အင္တာနက္အသုံးျပဳသူေတြရဲ႕မွတ္ခ်က္ေတြနဲ႔ျပည့္ႏွက္သြားပါတယ္။ “Jennie ကို ႀကိဳက္တယ္၊ ဒါေပမဲ့ တ႐ုတ္ျပည္ကိုေတာ့ပိုခ်စ္တယ္။” “တ႐ုတ္ျပည္ကိုထပ္လာဖို႔ စိတ္မကူးနဲ႔” စတဲ့မွတ္ခ်က္ေတြနဲ႔ တိုက္ခိုက္ခံေနရတာပါ။
Jennie ရဲ႕ အင္စတာဂရမ္ကေနာက္ဆုံးပိုစ့္မွာ အဲ့ဒီလိုမ်ိဳးမဖြယ္မရာမွတ္ခ်က္ေတြအေျမာက္အမ်ားျဖစ္လာခဲ့ပါတယ္။
စကိတ္ကစားသမား အိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္ Hwang Dae Heon ကေတာ့ အခုလိုျဖစ္ရတဲ့အေၾကာင္းအရင္းျဖစ္ပုံပါပဲ။ Jennie ဟာ တ႐ုတ္ကစားသမားကိုႏိုင္ခဲ့တဲ့ ကိုရီးယားအိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္ Hwang Dae Heon ကို ေထာက္ခံအားေပးခဲ့တာေၾကာင့္ မေက်နပ္ခ်က္ေတြကို အခုလိုေရးသားခဲ့ၾကတာပဲ ျဖစ္ပါတယ္။ Hwang Dae Heon ကေတာ့ BLACKPINK အဖြဲ႕ဝင္ Jennie ရဲ႕အမာခံပရိသတ္တစ္ေယာက္လို႔ ေျပာခဲ့ဖူးပါတယ္။
ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အိုင္ေဒါဆီက အားေပးေထာက္ခံမႈရရွိခဲ့တာေၾကာင့္ အရမ္းေပ်ာ္ေနေတာ့မွာ အေသအခ်ာပါ။ ဒါေပမယ့္လည္း အခုလိုျဖစ္ပ်က္ခဲ့တာေၾကာင့္ ကိုရီးယားအင္တာနက္အသုံးျပဳသူေတြကေတာ့ “သူမကအခု ကိုရီယားကစားသမားေတြအတြက္ေတာင္ အားမေပးႏိုင္ေတာ့ဘူး” ဆိုၿပီးေတာ့ မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ ဒီကိစၥနဲ့ပတ္သက္ျပီး ပရိသတ္ျကီးရဲ့အျမင္ကေရာ ဘယ္လိုပါလဲ။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x