လက်ရှိပြသနေပြီး လူကြိုက်များရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲကတော့ Twenty Five – Twenty One ဒရမ်မာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးအကြပ်အတည်ဖြစ်နေချိန်မှာ ရှင်သန်နေကြတဲ့ လူငယ်တွေရဲ့ဘဝကိုအဓိကထားပြီးတော့ ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပြီး ရသမျိုးစုံကိုလည်း ရရှိစေတာကြောင့် လူပြောများနေတာပါ။
ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်မင်းသမီးချောလေး Kim Tae Ri ကတော့ ကိုဗစ် – (၁၉) ရောဂါကို ကူးစက်ခံထားရတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ရောဂါပိုးကူးစက်ခံရတာကိုသိရှိခဲ့ပြီးနောက် ကွာရန်တင်းဝင်နေတာဖြစ်ကြောင်း အေဂျင်စီမှ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေအကုန်လုံးကို ရပ်နားထားတာလည်း ဖြစ်ပါတယ်။
Twenty Five – Twenty One ဇာတ်လမ်းတွဲကိုတော့ မင်းသမီး Kim Tae Ri ပြန်လည်ကျန်းမာလာပြီးနောက် ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒရမ်မာဇာတ်လမ်းတွဲထုတ်လွှင့်မှုကိုတော့ ရပ်ဆိုင်းသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ Kim Tae Ri ကတော့ ထူးထူးခြားခြားရောဂါလက္ခဏာပြသခြင်းမရှိဘဲ စစ်ဆေးရာကေနေ ကူးစက်ခံရကြောင်းသိခဲ့ရတာပါ။ ပရိသတ်တွေကတော့ အမြန်ဆုံးပြန်လည်ကျန်းမာပြီး ရုပ်ရှင်ရိုက်ကူးရေးတွေလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ကိုဗစ္ – (၁၉) ကူးစက္ခံလိုက္ရတဲ့ Twenty Five – Twenty Oneဇာတ္လမ္းတြဲ၇ဲ့မင္းသမီးေခ်ာေလး Kim Tae Ri
လက္ရွိျပသေနျပီး လူျကိဳက္မ်ားေရပန္းစားေနတဲ့ ဇာတ္လမ္းတြဲကေတာ့ Twenty Five – Twenty One ဒရမ္မာျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ့စီးပြားေရးအျကပ္အတည္ျဖစ္ေနခ်ိန္မွာ ရွင္သန္ေနျကတဲ့ လူငယ္ေတြရဲ့ဘ၀ကိုအဓိကထားျပီးေတာ့ ရိုက္ကူးထားတဲ့ဇာတ္လမ္းတြဲေလးျဖစ္ျပီး ရသမ်ိုးစံုကိုလည္း ရရွိေစတာေျကာင့္ လူေျပာမ်ားေနတာပါ။
ဒီဇာတ္လမ္းတြဲရဲ့ အဓိကဇာတ္ေဆာင္မင္းသမီးေခ်ာေလး Kim Tae Ri ကေတာ့ ကိုဗစ္ – (၁၉) ေရာဂါကို ကူးစက္ခံထားရတာပဲဖျစ္ပါတယ္။ လြန္ခဲ့တဲ့သီတင္းပတ္က ေရာဂါပိုးကူးစက္ခံရတာကိုသိရွိခဲ့ျပီးေနာက္ ကြာရန္တင္း၀င္ေနတာျဖစ္ေျကာင္း ေအဂ်င္စီမွ အတည္ျပဳခဲ့ပါတယ္။ လက္ရွိမွာေတာ့ အႏုပညာလွုပ္ရွားမွုေတြအကုန္လံုးကို ရပ္နားထားတာလည္း ျဖစ္ပါတယ္။
Twenty Five – Twenty One ဇာတ္လမ္းတြဲကိုေတာ့ မင္းသမီး Kim Tae Ri ျပန္လည္က်န္းမာလာျပီးေနာက္ ဆက္လက္ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒရမ္မာဇာတ္လမ္းတြဲထုတ္လႊင့္မွဳကိုေတာ့ ရပ္ဆိုင္းသြားမွာမဟုတ္ဘူးလို့ သိရပါတယ္။ Kim Tae Ri ကေတာ့ ထူးထူးျခားျခားေရာဂါလကၡဏာျပသျခင္းမရွိဘဲ စစ္ေဆးရာကေေန ကူးစက္ခံရေျကာင္းသိခဲ့ရတာပါ။ ပရိသတ္ေတြကေတာ့ အျမန္ဆံုးျပန္လည္က်န္းမာျပီး ရုပ္ရွင္ရိုက္ကူးေရးေတြလုပ္ႏိုင္ဖို့ ေမ်ွာ္လင့္ေနပါတယ္။