အခုဆိုရင် Seohyun နဲ့ Na In Woo တို့ကို စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းတွဲမှအတူတွဲပြီးတော့တွေ့ရတော့မယ်လို့ အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ပါဝင်ထားတဲ့ KBS ရဲ့ဒရမ်မာအသစ်ဖြစ်တဲ့ ‘Jinx’s Lover’ ကိုတော့ ဒီနှစ်ရဲ့နှစ်လယ်ပိုင်းမှာ စတင်ပြသသွားမှာပါ။ ဒီဇာတ်လမ်းဟာနာမည်ကြီး Webtoon တစ်ခုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းတွဲမှာတော့ Na In-Woo ဟာ ဈေးထဲမှာငါးရောင်းတဲ့သူတစ်ဦးဖြစ်ပြီး ကံမကောင်းတဲ့သူတစ်ယောက်အဖြစ်သတ်မှတ်ခံရသူပါ။ တစ်ချိန်ကကံကောင်းမှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဘာလုပ်လုပ်အဆင်မပြေတဲ့သူဖြစ်တာကြောင့် လူအများရဲ့ရှောင်ကြဉ်ခြင်းကို ခံရတဲ့သူပါ။ သူကတော့ Seohyun ကို အိမ်မက်မက်မိတဲ့အခါတိုင်း ကံဆိုးမှုတွေကို ကြုံရလေ့ရှိပါတယ်။
Seohyun ကတော့ လူတစ်ယောက်ကိုထိလိုက်တာနဲ့ သူ့ရဲ့အနာဂတ်ကိုမြင်နိုင်တာလည်း ဖြစ်ပါတယ်။ သူနဲ့သူ့အမေကတော့ ဒီလိုမျိုးထူးခြားတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီး CEO တစ်ယောက်ရဲ့အသုံးချခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ Seohyun နဲ့ Na In Woo တို့နှစ်ဦးကတော့ (၇) နှစ်အတွင်းမှာ ပထမဆုံးတွေ့ဖို့ဖြစ်လာပါတော့တယ်။ ထူးခြားဆန်းကြယ်မှုတွေနဲ့ဒီဇာတ်လမ်းတွဲမှာတော့ Seohyun နဲ့ Na In Woo တို့နှစ်ဦးကို အတွဲညီညီနဲ့တွေ့ရဦးမယ်ထင်ပါရဲ့နော်။
Zawgyiဖြင့်ဖတ်ရန်
စိတ္ကူးယဥ္အခ်စ္ဒရမ္မာဇာတ္လမ္းတြဲမွာ အတူတြဲဖက္ၿပီးပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Seohyun နဲ႔ Na In Woo
အခုဆိုရင္ Seohyun နဲ႔ Na In Woo တို႔ကို စိတ္ကူးယဥ္အခ်စ္ဒရမ္မာဇာတ္လမ္းတြဲမွအတူတြဲၿပီးေတာ့ေတြ႕ရေတာ့မယ္လို႔ အတည္ျပဳလိုက္တာပဲ ျဖစ္ပါတယ္။ သူတို႔ပါဝင္ထားတဲ့ KBS ရဲ႕ဒရမ္မာအသစ္ျဖစ္တဲ့ ‘Jinx’s Lover’ ကိုေတာ့ ဒီႏွစ္ရဲ႕ႏွစ္လယ္ပိုင္းမွာ စတင္ျပသသြားမွာပါ။ ဒီဇာတ္လမ္းဟာနာမည္ျကီး Webtoon တစ္ခုကိုျပန္လည္ရိုက္ကူးထားတာပဲျဖစ္ပါတယ္။
ဇာတ္လမ္းတြဲမွာေတာ့ Na In-Woo ဟာ ေဈးထဲမွာငါးေရာင္းတဲ့သူတစ္ဦးျဖစ္ၿပီး ကံမေကာင္းတဲ့သူတစ္ေယာက္အျဖစ္သတ္မွတ္ခံရသူပါ။ တစ္ခ်ိန္ကကံေကာင္းမႈေတြရွိခဲ့ေပမဲ့ လက္ရွိမွာေတာ့ ဘာလုပ္လုပ္အဆင္မေျပတဲ့သူျဖစ္တာေၾကာင့္ လူအမ်ားရဲ႕ေရွာင္ၾကဥ္ျခင္းကို ခံရတဲ့သူပါ။ သူကေတာ့ Seohyun ကို အိမ္မက္မက္မိတဲ့အခါတိုင္း ကံဆိုးမႈေတြကို ႀကဳံရေလ့ရွိပါတယ္။
Seohyun ကေတာ့ လူတစ္ေယာက္ကိုထိလိုက္တာနဲ႔ သူ႔ရဲ႕အနာဂတ္ကိုျမင္ႏိုင္တာလည္း ျဖစ္ပါတယ္။ သူနဲ႔သူ႔အေမကေတာ့ ဒီလိုမ်ိဳးထူးျခားတဲ့စြမ္းရည္ကိုပိုင္ဆိုင္ထားတာျဖစ္ၿပီး CEO တစ္ေယာက္ရဲ႕အသုံးခ်ျခင္းကို ခံေနရတာလည္း ျဖစ္ပါတယ္။ Seohyun နဲ႔ Na In Woo တို႔ႏွစ္ဦးကေတာ့ (၇) ႏွစ္အတြင္းမွာ ပထမဆုံးေတြ႕ဖို႔ျဖစ္လာပါေတာ့တယ္။ ထူးျခားဆန္းၾကယ္မႈေတြနဲ႔ဒီဇာတ္လမ္းတြဲမွာေတာ့ Seohyun နဲ႔ Na In Woo တို႔ႏွစ္ဦးကို အတြဲညီညီနဲ႔ေတြ႕ရဦးမယ္ထင္ပါရဲ႕ေနာ္။