ရိုက်ကွင်းနောက်ကွယ်မှာ Song Kang အပေါ် Park Min Youngရဲ့ ရိုင်းစိုင်းတဲ့အကြည့်ကြောင့် ဝေဖန်မှုတွေဖြစ်ပေါ်စေခဲ့

Posted on

Forecasting Love and Weather ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနောက်ကွယ်မှာ Song Kang နဲ့ပတ်သက်တဲ့Park Min Young ရဲ့အပြုအမူဟာ ဝေဖန်အငြင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီဒရမ်မာဇာတ်လမ်းတွဲရဲ့ဝန်ထမ်းတွေကတော့ မကြာသေးခင်ကရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း အစမ်းရိုက်ကူးနေစဉ်မှာ ဂျူနီယာတစ်ယောက်ဖြစ်တဲ့ မင်းသား Song Kang အပေါ် Park Min Young ရဲ့အပြုအမူဟာ လူတွေအဓိကပြောစရာတစ်ခုဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် Song Kang ဟာ အရက်မူးနေတဲ့သူ့ရဲ့တွဲဖက်သရုပ်ဆောင်ကိုကူညီတဲ့အပိုင်းမှာ Park Min Young ကတော့ အပြင်မှာရပ်စောင့်နေခဲ့တာပါ။ ဒီအပိုင်းမှာ Park Min Young ရဲ့ခက်ထန်တဲ့အကြည့်ကတော့ ဒေါသတွေထွက်နေပုံရပြီး ပရိသတ်တွေကိုပါကြောက်တဲ့ခံစားချက်ကိုရစေခဲ့ပါတယ်။ အချို့တွေကတော့ မင်းသမီးဟာသူ့ရဲ့တွဲဖက်သရုပ်ဆောင်ကိုကြည့်နေတာဖြစ်တယ်လို့ ယူဆကြပါတယ်။ တချို့ကတော့ ကင်မရာရှုထောင့်ကြောင့် Park Min Young အပေါ် နားလည်မှုလွဲနေတာဖြစ်တယ်လို့လည်း ငြင်းခုံနေကြပါတယ်။


အဲ့ဒီအချိန်မှာ Park Min Young ရဲ့အတွေးနဲ့ မျက်နှာအမူအရာတွေကို ရှင်းရှင်းလင်းလင်းမသိနိုင်သော်လည်း အရှေ့ပိုင်းတွေမှာထွက်ရှိခဲ့တဲ့ရိုက်ကွင်းနောက်ကွယ်မှာတော့ Park Min Young နဲ့ Song Kang တို့ တွဲဖက်သရုပ်ဆောင်နှစ်ဦးကြားကဆက်ဆံရေးကတော့ အရမ်းကိုအဆင်ပြေနေခဲ့တာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Park MinYoung ကတော့ (၂) နှစ်နီးပါး ဒရမ်မာရိုက်ကူးရေးတွေနားနေပြီးနောက် Forecasting Love and Weather ဆိုတဲ့ ဇာတ်လမ်းတွဲမှာပြန်လည်ပါဝင်လာခဲ့တာပါ။ ဒီဇာတ်လမ်းကတော့ ကိုရီးယားမိုးလေဝသဌာနဝန်ထမ်းနှစ်ဦးရဲ့ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

႐ိုက္ကြင္းေနာက္ကြယ္မွာ Song Kang အေပၚ Park Min Youngရဲ႕ ႐ိုင္းစိုင္းတဲ့အၾကည့္ေၾကာင့္ ေဝဖန္မႈေတြျဖစ္ေပၚေစခဲ့
Forecasting Love and Weather ဆိုတဲ့ ဇာတ္လမ္းတြဲရဲ႕႐ိုက္ကြင္းေနာက္ကြယ္မွာ Song Kang နဲ႔ပတ္သက္တဲ့Park Min Young ရဲ႕အျပဳအမူဟာ ေဝဖန္အျငင္းပြားစရာအေၾကာင္းအရာတစ္ခုျဖစ္လာခဲ့ပါတယ္။ ဒီဒရမ္မာဇာတ္လမ္းတြဲရဲ႕ဝန္ထမ္းေတြကေတာ့ မၾကာေသးခင္က႐ိုက္ကြင္းေနာက္ကြယ္ပုံရိပ္ေတြကို ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့လည္း အစမ္း႐ိုက္ကူးေနစဥ္မွာ ဂ်ဴနီယာတစ္ေယာက္ျဖစ္တဲ့ မင္းသား Song Kang အေပၚ Park Min Young ရဲ႕အျပဳအမူဟာ လူေတြအဓိကေျပာစရာတစ္ခုျဖစ္လာခဲ့ပါတယ္။
အထူးသျဖင့္ Song Kang ဟာ အရက္မူးေနတဲ့သူ႔ရဲ႕တြဲဖက္သ႐ုပ္ေဆာင္ကိုကူညီတဲ့အပိုင္းမွာ Park Min Young ကေတာ့ အျပင္မွာရပ္ေစာင့္ေနခဲ့တာပါ။ ဒီအပိုင္းမွာ Park Min Young ရဲ႕ခက္ထန္တဲ့အၾကည့္ကေတာ့ ေဒါသေတြထြက္ေနပုံရၿပီး ပရိသတ္ေတြကိုပါေၾကာက္တဲ့ခံစားခ်က္ကိုရေစခဲ့ပါတယ္။ အခ်ိဳ႕ေတြကေတာ့ မင္းသမီးဟာသူ႔ရဲ႕တြဲဖက္သ႐ုပ္ေဆာင္ကိုၾကည့္ေနတာျဖစ္တယ္လို႔ ယူဆၾကပါတယ္။ တခ်ိဳ႕ကေတာ့ ကင္မရာရႈေထာင့္ေၾကာင့္ Park Min Young အေပၚ နားလည္မႈလြဲေနတာျဖစ္တယ္လို႔လည္း ျငင္းခုံေနၾကပါတယ္။
တကယ္တမ္း အဲ့ဒီအခ်ိန္မွာ Park Min Young ရဲ႕အေတြးနဲ႔ မ်က္ႏွာအမူအရာေတြကို ရွင္းရွင္းလင္းလင္းမသိႏိုင္ေသာ္လည္း အေရွ႕ပိုင္းေတြမွာထြက္ရွိခဲ့တဲ့႐ိုက္ကြင္းေနာက္ကြယ္မွာေတာ့ Park Min Young နဲ႔ Song Kang တို႔ တြဲဖက္သ႐ုပ္ေဆာင္ႏွစ္ဦးၾကားကဆက္ဆံေရးကေတာ့ အရမ္းကိုအဆင္ေျပေနခဲ့တာပဲ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ Park MinYoung ကေတာ့ (၂) ႏွစ္နီးပါး ဒရမ္မာ႐ိုက္ကူးေရးေတြနားေနၿပီးေနာက္ Forecasting Love and Weather ဆိုတဲ့ ဇာတ္လမ္းတြဲမွာျပန္လည္ပါဝင္လာခဲ့တာပါ။ ဒီဇာတ္လမ္းကေတာ့ ကိုရီးယားမိုးေလဝသဌာနဝန္ထမ္းႏွစ္ဦးရဲ႕ ၾကည္ႏူးဖြယ္အခ်စ္ဇာတ္လမ္းေလးကို ပုံေဖာ္႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။
Zawgyi ျဖင့္ဖတ္ရန္