All of Us Are Dead ဇာတ်လမ်းတွဲကတော့ ကမ္ဘာတစ်ဝှမ်းအကြီးအကျယ်အောင်မြင်ခဲ့ပြီး ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေကလည်း လူသိများခဲ့ပါတယ်။ မင်းသမီးချောလေး Choi Ji Hyun ကတော့ ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့ပြီး အခုဆိုရင်ဇာတ်လမ်းတွဲသစ်အတွက်ကမ်းလှမ်းခံရမှုတွေရှိနေပါတယ်။
သူ့ကိုတော့ Vampire Chef ဆိုတဲ့ဇာတ်လမ်းတွဲအတွက်ကမ်းလှမ်းထားတာပါ။ ဒီဇာတ်လမ်းတွဲကတော့ Itaewon မှာရှိတဲ့အမည်မသိစားသောက်ဆိုင်ရဲ့ ပိုင်ရှင်စားဖိုမှူးတစ်ယောက်လည်းဖြစ်သလို သွေးစုပ်ဖုတ်ကောင်တစ်ယောက်လည်းဖြစ်တဲ့ Hong Ki Jun ဟာ ငယ်စဉ်ကလေးဘဝကသူငယ်ချင်းဖြစ်သူ Kang Mi Ro ဆီကရရှိခဲ့တဲ့သွေးအရသာကိုမေ့ဖျောက်ချင်တာကြောင့် အစားအသောက်တွေကိုချက်ပြုတ်ရောင်းချပြီးဘဝကိုရှင်သန်နေတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။
Kang Mi Ro ကတော့ Hong Ki Jun ကိုမမေ့လောက်စရာသွေးအရသာကိုပေးခဲ့တဲ့ငယ်သူငယ်ချင်းနေရာကနေပါဝင်သရုပ်ဆောင်မှာပါ။ လက်ရှိမှာတော့ အမျိုးသားဇာတ်ဆောင်နေရာမှာဘယ်သူပါဝင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဇာတ်လမ်းလေးကတော့ သဘာဝလွန်တွေပါဝင်မယ့် အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်လာမှာပါ။
Zawgyi ဖြင့်ဖတ်ရန်
All of Us Are Dead ဇာတ္လမ္းတြဲရဲ႕မင္းသမီး Choi Yi Hyun ကို ဇာတ္လမ္းတြဲအသစ္အတြက္ ကမ္းလွမ္းထား
All of Us Are Dead ဇာတ္လမ္းတြဲကေတာ့ ကမာၻတစ္ဝွမ္းအႀကီးအက်ယ္ေအာင္ျမင္ခဲ့ၿပီး ပါဝင္ခဲ့တဲ့သ႐ုပ္ေဆာင္ေတြကလည္း လူသိမ်ားခဲ့ပါတယ္။ မင္းသမီးေခ်ာေလး Choi Ji Hyun ကေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈေတြကိုရရွိခဲ့ၿပီး အခုဆိုရင္ဇာတ္လမ္းတြဲသစ္အတြက္ကမ္းလွမ္းခံရမႈေတြရွိေနပါတယ္။
သူ႔ကိုေတာ့ Vampire Chef ဆိုတဲ့ဇာတ္လမ္းတြဲအတြက္ကမ္းလွမ္းထားတာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ Itaewon မွာရွိတဲ့အမည္မသိစားေသာက္ဆိုင္ရဲ႕ ပိုင္ရွင္စားဖိုမႉးတစ္ေယာက္လည္းျဖစ္သလို ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္လည္းျဖစ္တဲ့ Hong Ki Jun ဟာ ငယ္စဥ္ကေလးဘဝကသူငယ္ခ်င္းျဖစ္သူ Kang Mi Ro ဆီကရရွိခဲ့တဲ့ေသြးအရသာကိုေမ့ေဖ်ာက္ခ်င္တာေၾကာင့္ အစားအေသာက္ေတြကိုခ်က္ျပဳတ္ေရာင္းခ်ၿပီးဘဝကိုရွင္သန္ေနတဲ့အေၾကာင္းကို အေျခခံ႐ိုက္ကူးထားတာပါ။
Kang Mi Ro ကေတာ့ Hong Ki Jun ကိုမေမ့ေလာက္စရာေသြးအရသာကိုေပးခဲ့တဲ့ငယ္သူငယ္ခ်င္းေနရာကေနပါဝင္သ႐ုပ္ေဆာင္မွာပါ။ လက္ရွိမွာေတာ့ အမ်ိဳးသားဇာတ္ေဆာင္ေနရာမွာဘယ္သူပါဝင္မလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒီဇာတ္လမ္းေလးကေတာ့ သဘာဝလြန္ေတြပါဝင္မယ့္ အခ်စ္ဒရမ္မာဇာတ္လမ္းေလးျဖစ္လာမွာပါ။