ပရိသတ်တွေကို နွေးထွေးစွာနှုတ်ဆက်ပြီး ပဲရစ်ကိုထွက်ခွာသွားပြီဖြစ်တဲ့ Blackpink အဖွဲ့ဝင် Lisa

Posted on

Blackpink အဖွဲ့ဝင်တွေကတော့ တစ်ယောက်တစ်မျိုးစီအရည်အချင်းတွေရှိကြသလို Lisa ကလည်းပဲ အဖွဲ့ရဲ့ Rapper တစ်ယောက်အနေနဲ့သာမက အမှတ်တံဆိပ်များစွာနဲ့လက်တွဲလုပ်ကိုင်နေတာပါ။ သူကတော့ Paris Fashion Week ကို တက်ရောက်ဖို့အတွက် ထွက်ခွာသွားပြီဖြစ်ပါတယ်။


Blackpink အဖွဲ့ဝင် Lisa ကတော့ airport fashion နဲ့အတူ ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပြန်ပါတာ်။ မတ်လ(၁၂)ရက်နေ့ကတော့ Lisa ဟာ ကျော့ရှင်းလှပတဲ့စတိုင်နဲ့အတူ ပဲရစ်ကိုထွက်ခွာသွားခဲ့ပါပြီ။ သူကတော့ လည်ပိတ်အင်္ကျီ၊ ဘလေဇာနဲ့အတူအနက်ရောင်ဂျင်းပန်တွေကို လိုက်ဖက်တဲ့accessorie တွေနဲ့တွဲဖက်ဝတ်ဆင်ထားပါတယ်။ ပေါ့ပါးပြီးမိမိုက်နေတဲ့ဖက်ရှင်ကတော့ ရွှေရောင်ဆံပင်စတိုင်နဲ့ လေဆိပ်ကလူတွေရဲ့အကြည့်တွေကိုဖမ်းစားခဲ့ပါတယ်။


Lisa ကတော့ ရှုပ်ထွေးနေတဲ့အခြေအနေကြားမှာ ပရိသတ်တွေကိုလက်ဝှေ့ရမ်းနှုတ်ဆက်ခဲ့သလို လက်မှတ်ထိုးပေးခဲ့တာကြောင့် ကြင်နာတတ်တဲ့အပြုအမူကိုချီးကျူးခံနေရတာလည်း ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ရင် အမြဲဖမ်းစားနိုင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ Airport Fashion ကို စိတ်ဝင်စားနေကြတာပါ။ ဒီတစ်ခေါက်ကတော့ (၃)နှစ်ကြာပြီးနောက် Paris Fashion Week ပထမဆုံး ပြန်လည်တက်ရောက်ခြင်းဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြကို ေႏြးေထြးစြာႏႈတ္ဆက္ၿပီး ပဲရစ္ကိုထြက္ခြာသြားၿပီျဖစ္တဲ့ Blackpink အဖြဲ႕ဝင္ Lisa
Blackpink အဖြဲ႕ဝင္ေတြကေတာ့ တစ္ေယာက္တစ္မ်ိဳးစီအရည္အခ်င္းေတြရွိၾကသလို Lisa ကလည္းပဲ အဖြဲ႕ရဲ႕ Rapper တစ္ေယာက္အေနနဲ႔သာမက အမွတ္တံဆိပ္မ်ားစြာနဲ႔လက္တြဲလုပ္ကိုင္ေနတာပါ။ သူကေတာ့ Paris Fashion Week ကို တက္ေရာက္ဖို႔အတြက္ ထြက္ခြာသြားၿပီျဖစ္ပါတယ္။
Blackpink အဖြဲ႕ဝင္ Lisa ကေတာ့ airport fashion နဲ႔အတူ ပရိသတ္ေတြရဲ႕အာ႐ုံစိုက္မႈကို ရရွိခဲ့ျပန္ပါတာ္။ မတ္လ(၁၂)ရက္ေန႔ကေတာ့ Lisa ဟာ ေက်ာ့ရွင္းလွပတဲ့စတိုင္နဲ႔အတူ ပဲရစ္ကိုထြက္ခြာသြားခဲ့ပါၿပီ။ သူကေတာ့ လည္ပိတ္အက်ႌ၊ ဘေလဇာနဲ႔အတူအနက္ေရာင္ဂ်င္းပန္ေတြကို လိုက္ဖက္တဲ့accessorie ေတြနဲ႔တြဲဖက္ဝတ္ဆင္ထားပါတယ္။ ေပါ့ပါးၿပီးမိမိုက္ေနတဲ့ဖက္ရွင္ကေတာ့ ေ႐ႊေရာင္ဆံပင္စတိုင္နဲ႔ ေလဆိပ္ကလူေတြရဲ႕အၾကည့္ေတြကိုဖမ္းစားခဲ့ပါတယ္။
Lisa ကေတာ့ ရႈပ္ေထြးေနတဲ့အေျခအေနၾကားမွာ ပရိသတ္ေတြကိုလက္ေဝွ႔ရမ္းႏႈတ္ဆက္ခဲ့သလို လက္မွတ္ထိုးေပးခဲ့တာေၾကာင့္ ၾကင္နာတတ္တဲ့အျပဳအမူကိုခ်ီးက်ဴးခံေနရတာလည္း ျဖစ္ပါတယ္။ ဖက္ရွင္နဲ႔ပတ္သက္ရင္ အၿမဲဖမ္းစားႏိုင္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ရဲ႕ Airport Fashion ကို စိတ္ဝင္စားေနၾကတာပါ။ ဒီတစ္ေခါက္ကေတာ့ (၃)ႏွစ္ၾကာၿပီးေနာက္ Paris Fashion Week ပထမဆုံး ျပန္လည္တက္ေရာက္ျခင္းျဖစ္ပါတယ္။