Now, We Are Breaking Up မှာပါဝင်ခဲ့တဲ့ EXO အဖွဲ့ဝင် Sehun ရဲ့ကြွယ်ဝချမ်းသာမှု

Posted on

အရပ်မြင့်မြင့်နဲ့စတိုင်ကျတဲ့ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sehun ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူပါ။ သူကတော့ အက၊ သီချင်းဆိုတာနဲ့ ရက်ပ်ရွတ်တဲ့နေရာမှာလည်း ထူးချွန်တဲ့စွမ်းရည်တွေကြောင့်လည်း ပရိသတ်တွေသတိထားမိတဲ့သူတစ်ယောက်ပါ။


သူကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်ပိုင်းကိုပါခြေလှမ်းလာတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Pirates 2 မှာလည်းပါဝင်ထားပြီး Now, We Are Breaking Up မှာလည်း ပါဝင်ထားပါသေးတယ်။ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် သရုပ်ဆောင်ပိုင်းတွေမှာလည်း ဒီထက်ပိုအောင်မြင်လာဖို့အတွက် ပရိတွေကမျှော်လင့်နေတာဖြစ်ပြီး သူ့ရဲ့ကြွယ်ဝချမ်းသာမှုကိုလည်းပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။


သတင်းရစ်မြစ်တစ်ခုအရ Sehun ကတော့ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၇)သန်းခန့်ကြွယ်ဝချမ်းသာမှုရှိမယ်လို့ ဆိုပါတယ်။ သူကတော့ သရုပ်ဆောင်အနေနဲ့ပါလုပ်ကိုင်နေတာဖြစ်တဲ့အတွက် ပိုတိုးလာပြီလို့ခန့်မှန်းရပါတယ်။ အဆိုတော်၊မင်းသားချောကတော့ အခြားသောနာမည်ကြီးအမှတ်တံဆိပ်တွေနဲ့လည်း လက်တွဲလုပ်ကိုင်လျက်ရှိတာပါ။
Zawgyi ဖြင့်ဖတ်ရန်

Now, We Are Breaking Up မှာပါဝင်ခဲ့တဲ့ EXO အဖွဲ့ဝင် Sehun ၇ဲ့ကြွယ်ဝချမ်းသာမှု

