Vogue ရဲ့မျက်နှာဖုံးရှင်အနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့အကြောင်း ပြောပြလာတဲ့ Jisoo

Posted on

Blackpink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jisoo ကတော့ အဆိုတော်အနေနဲ့သာမက သရုပ်ဆောင်အနေနဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူပါ။ သူကတော့ အခုဆိုရင် Vogue မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ်ဖော်ပြခံရတာဖြစ်ပြီး အမိုက်စားပုံရိပ်တွေကြောင့် တမူကွဲပြားတဲ့ပုံစံကိုတွေ့ရတာလည်း ဖြစ်တယ်။


Jisoo ကတော့ သူဟာ ယုံကြည်မှုရှိတာ လိမ်တဲ့နေရာမှာညံ့ကြောင်းနဲ့ သူရည်မှန်းထားတဲ့အရာတွေကို ပြောပြခဲ့ပါတယ်။ Jisoo ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Dior ရဲ့ global ambassador တစ်ယောက်ဖြစ်ပြီး Dior နဲ့ပတ်သက်ပြီးတော့ “လူတွေကDior ကို ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ဒီဇိုင်းတွေနဲ့တွဲပြီး မြင်တတ်ကြပါတယ်။ ဒါပေမဲ့ကျွန်မထင်တာကတော့ သူတို့ရဲ့နောက်ဆုံး Collection ကကွဲပြားပြီး ထင်ပေါ်တယ်။ ပြီးတော့ လိင်နဲ့ပတ်သက်ပြီးခွဲခြားထားတဲ့ဘောင်တွေလည်း လျော့ပါးနေပါတယ်။”ဆိုပြီး ရှင်းပြခဲ့ပါသေးတယ်။


သူဟာထိပ်တန်းဆယ်လီတစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်တာကြောင့် အိုင်ဒေါလိုမျိုးလူတွေရဲ့အားပေးချစ်ခင်မှုရရှိထားတဲ့အပေါ်ကိုသူ့ရဲ့သဘောထားကိုမေးတဲ့အခါမှာ “အလွယ်တကူနဲ့မယိမ်းယိုင်တတ်တဲ့ကိုယ့်ကိုကိုယ်တွေ့ရှိလိုက်ရတဲ့အခါ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ်။ လူတွေကမကြာခဏတခြားသူတွေကို ကြည်ပြီးတော့ အဲဒီလို လိုချင်လိုက်တာ အဲဒီလိုဖြစ်ချင်လိုက်တာ ဆိုပြီးတော့ ပြောတတ်ကြပြီး သူတို့တကယ်ဘာဖြစ်ချင်တယ်ဆိုတာကို မေ့လျော့နေတတ်ကြတယ်။ ကျွန်မကတော့အဲလိုမျိုးကို တကယ်မုန်းတယ်။ ကျွန်မယုံကြည်တာကတော့ ကိုယ့်ကိုကိုယ်ဘယ်လိုမြင်လဲဆိုတာက အခြားသူတွေကဘယ်လိုမြင်လဲဆိုတာထက်အရေးကြီးပါတယ်။”လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Vogue ရဲ႕မ်က္ႏွာဖုံးရွင္အေနနဲ႔ ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိတဲ့အေၾကာင္း ေျပာျပလာတဲ့ Jisoo
Blackpink အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Jisoo ကေတာ့ အဆိုေတာ္အေနနဲ႔သာမက သ႐ုပ္ေဆာင္အေနနဲ႔ပါ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသူပါ။ သူကေတာ့ အခုဆိုရင္ Vogue မဂၢဇင္းရဲ႕မ်က္ႏွာဖုံးရွင္အျဖစ္ေဖာ္ျပခံရတာျဖစ္ၿပီး အမိုက္စားပုံရိပ္ေတြေၾကာင့္ တမူကြဲျပားတဲ့ပုံစံကိုေတြ႕ရတာလည္း ျဖစ္တယ္။

Jisoo ကေတာ့ သူဟာ ယုံၾကည္မႈရွိတာ လိမ္တဲ့ေနရာမွာညံ့ေၾကာင္းနဲ႔ သူရည္မွန္းထားတဲ့အရာေတြကို ေျပာျပခဲ့ပါတယ္။ Jisoo ကေတာ့ ကမာၻေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ့ Dior ရဲ႕ global ambassador တစ္ေယာက္ျဖစ္ၿပီး Dior နဲ႔ပတ္သက္ၿပီးေတာ့ “လူေတြကDior ကို ႐ိုးရွင္းၿပီးခ်စ္စရာေကာင္းတဲ့ဒီဇိုင္းေတြနဲ႔တြဲၿပီး ျမင္တတ္ၾကပါတယ္။ ဒါေပမဲ့ကြၽန္မထင္တာကေတာ့ သူတို႔ရဲ႕ေနာက္ဆုံး Collection ကကြဲျပားၿပီး ထင္ေပၚတယ္။ ၿပီးေတာ့ လိင္နဲ႔ပတ္သက္ၿပီးခြဲျခားထားတဲ့ေဘာင္ေတြလည္း ေလ်ာ့ပါးေနပါတယ္။”ဆိုၿပီး ရွင္းျပခဲ့ပါေသးတယ္။


သူဟာထိပ္တန္းဆယ္လီတစ္ေယာက္အေနနဲ႔ရပ္တည္ေနတာျဖစ္တာေၾကာင့္ အိုင္ေဒါလိုမ်ိဳးလူေတြရဲ႕အားေပးခ်စ္ခင္မႈရရွိထားတဲ့အေပၚကိုသူ႔ရဲ႕သေဘာထားကိုေမးတဲ့အခါမွာ “အလြယ္တကူနဲ႔မယိမ္းယိုင္တတ္တဲ့ကိုယ့္ကိုကိုယ္ေတြ႕ရွိလိုက္ရတဲ့အခါ ကိုယ့္ကိုကိုယ္ဂုဏ္ယူမိပါတယ္။ လူေတြကမၾကာခဏတျခားသူေတြကို ၾကည္ၿပီးေတာ့ အဲဒီလို လိုခ်င္လိုက္တာ အဲဒီလိုျဖစ္ခ်င္လိုက္တာ ဆိုၿပီးေတာ့ ေျပာတတ္ၾကၿပီး သူတို႔တကယ္ဘာျဖစ္ခ်င္တယ္ဆိုတာကို ေမ့ေလ်ာ့ေနတတ္ၾကတယ္။ ကြၽန္မကေတာ့အဲလိုမ်ိဳးကို တကယ္မုန္းတယ္။ ကြၽန္မယုံၾကည္တာကေတာ့ ကိုယ့္ကိုကိုယ္ဘယ္လိုျမင္လဲဆိုတာက အျခားသူေတြကဘယ္လိုျမင္လဲဆိုတာထက္အေရးႀကီးပါတယ္။”လို႔ ဆိုပါတယ္။