လက်ရှိအချိန်မှာ ပရိသတ်တွေကြားရေပန်းစားနေတဲ့ဇာတ်လမ်းတွဲကတော့ A Business Proposal ပါ။ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးနဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေကိုအတော်လေးအကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း ကြည့်ရှုနှုန်းတွေတရိပ်ရိပ်တက်လာတာပဲဖြစ်ပါတယ်။
A Business Proposal ကတော့ လက်ရှိမှာကြည့်ရှုနှုန်း(၁၀%)ကျော်ခဲ့တာဖြစ်ပြီး ဒီလောက်အထိများပြားတဲ့ကြည့်ရှုနှုန်းတွေကို ရခဲ့တာကြောင့် ပါဝင်ထားတဲ့မင်းသမီးနှစ်လက်ဖြစ်တဲ့ Kim Se Jung နဲ့ Seol In Ah တို့နှစ်ဦးကတော့ ပျော်ရွှင်စိတ်လှုပ်ရှားနေတဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ Seol In Ah ကတော့ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ ကြည့်ရှုနှုန်း(၁၀%)ကျော်ရရှိခဲ့တဲ့အကြောင်း ရေးသားထားတဲ့သတင်းကိုမျှဝေထားပြီးတော့ ဒါကမယုံကြည်နိုင်လောက်အောင်ပါပဲ။ ကြည့်ရှုတဲ့ပရိသတ်တွေဆီက အချစ်တွေကြောင့်ဖြစ်မယ် ဆိုပြီးတော့ ပရိသတ်တွေနဲ့ကြည့်ရှုသူတွေကို ကျေးဇူးတင်ကြောင်းဆိုထားတာပါ။
မင်းသမီးချော Kim Se Jung ကလည်းပဲ သူ့ရဲအင်စတာဂရမ်မှာ ကြည်ရှုနှုန်းများစွာရရှိတာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတွေကို မျှဝေထားပါသေးတယ်။ A Business Proposal ဇာတ်လမ်းတွဲကတော့ သူငယ်ချင်းဖြစ်သူအစားဒိတ်တင်သွားရင်းနဲ့မှ ကုမ္ပဏီရဲ့စီအီးအိုဖြစ်သူနဲ့တွေ့ဆုံခဲ့ရပြီး စာချုပ်တစ်ခုကိုချုပ်ဆိုခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းတွဲကတော့ (၄.၉%) ကြည့်ရှုနှုန်းနဲ့စတင်ခဲ့ပြီး အခုဆိုရင် အပိုင်း(၆)မှာ (၁၀%) အထိတောင်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ၾကည့္ရႈႏႈန္းမ်ားျပားလာတာေၾကာင့္ ပရိသတ္ေတြကိုေက်းဇူးတင္စကားဆိုခဲ့တဲ့ Kim Se Jung နဲ႔ Seol In Ah
လက္ရွိအခ်ိန္မွာ ပရိသတ္ေတြၾကားေရပန္းစားေနတဲ့ဇာတ္လမ္းတြဲကေတာ့ A Business Proposal ပါ။ ဇာတ္လမ္းဇာတ္အိမ္႐ိုး႐ိုးရွင္းရွင္းေလးနဲ႔ အခ်စ္ဟာသဇာတ္လမ္းတြဲေလးကေတာ့ ပရိသတ္ေတြကိုအေတာ္ေလးအႀကိဳက္ေတြ႕ေစခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္လည္း ၾကည့္ရႈႏႈန္းေတြတရိပ္ရိပ္တက္လာတာပဲျဖစ္ပါတယ္။
A Business Proposal ကေတာ့ လက္ရွိမွာၾကည့္ရႈႏႈန္း(၁၀%)ေက်ာ္ခဲ့တာျဖစ္ၿပီး ဒီေလာက္အထိမ်ားျပားတဲ့ၾကည့္ရႈႏႈန္းေတြကို ရခဲ့တာေၾကာင့္ ပါဝင္ထားတဲ့မင္းသမီးႏွစ္လက္ျဖစ္တဲ့ Kim Se Jung နဲ႔ Seol In Ah တို႔ႏွစ္ဦးကေတာ့ ေပ်ာ္႐ႊင္စိတ္လႈပ္ရွားေနတဲ့ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ Seol In Ah ကေတာ့ သူ႔ရဲ႕အင္စတာဂရမ္စတိုရီမွာ ၾကည့္ရႈႏႈန္း(၁၀%)ေက်ာ္ရရွိခဲ့တဲ့အေၾကာင္း ေရးသားထားတဲ့သတင္းကိုမွ်ေဝထားၿပီးေတာ့ ဒါကမယုံၾကည္ႏိုင္ေလာက္ေအာင္ပါပဲ။ ၾကည့္ရႈတဲ့ပရိသတ္ေတြဆီက အခ်စ္ေတြေၾကာင့္ျဖစ္မယ္ ဆိုၿပီးေတာ့ ပရိသတ္ေတြနဲ႔ၾကည့္ရႈသူေတြကို ေက်းဇူးတင္ေၾကာင္းဆိုထားတာပါ။
မင္းသမီးေခ်ာ Kim Se Jung ကလည္းပဲ သူ႔ရဲအင္စတာဂရမ္မွာ ၾကည္ရႈႏႈန္းမ်ားစြာရရွိတာနဲ႔ပတ္သက္ၿပီး စိတ္လႈပ္ရွားမႈေတြကို မွ်ေဝထားပါေသးတယ္။ A Business Proposal ဇာတ္လမ္းတြဲကေတာ့ သူငယ္ခ်င္းျဖစ္သူအစားဒိတ္တင္သြားရင္းနဲ႔မွ ကုမၸဏီရဲ႕စီအီးအိုျဖစ္သူနဲ႔ေတြ႕ဆုံခဲ့ရၿပီး စာခ်ဳပ္တစ္ခုကိုခ်ဳပ္ဆိုခဲ့တဲ့အေၾကာင္းကို႐ိုက္ကူးထားတဲ့ အခ်စ္ဟာသဇာတ္လမ္းေလးပါ။ ဒီဇာတ္လမ္းတြဲကေတာ့ (၄.၉%) ၾကည့္ရႈႏႈန္းနဲ႔စတင္ခဲ့ၿပီး အခုဆိုရင္ အပိုင္း(၆)မွာ (၁၀%) အထိေတာင္ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။