Ahn Hyo Seop ကို အမှန်တကယ်ချစ်မိတော့မလိုဖြစ်ခဲ့တဲ့အကြောင်း ဝန်ခံလာတဲ့ Kim Se Jeong

Posted on

လက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ အချစ်ဟာသဒရမ်မာဇာတ်လမ်းတွဲလေးကတော့ A Business Proposal ဖြစ်ပြီး ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Ahn Hyo Seop နဲ့ Kim Se Jeong တို့နှစ်ဦးကတော့ ပရိသတ်တွေကြားရေပန်းစားနေပြန်တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အထူးအပိုင်းတစ်ခုကို မတ်လ(၁၉)ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး ဒရမ်မာနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာတွေကို ကြည့်ရှုခဲ့ရပါတယ်။


ဒီအပိုင်းမှာတော့ ဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့သရုပ်ဆောင်တွေရဲ့ရင်းနှီးမှုတွေ ရိုက်ကွင်းနောက်ကွယ်ကအဖြစ်အပျက်လေးတွေကို တွေ့မြင်ခဲ့ရတာပါ။ ဒီထုတ်လွှင့်မှုမှာဆိုရင် မင်းသမီး Kim Se Jeong ကတော့ မင်းသား Ahn Hyo Seop နဲ့ပတ်သက်တဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ဇာတ်ဝင်ခန်းတစ်ခုမှာ နေရောင်က Kim Se Jeong ရဲ့ မျက်နှာပေါ်ကျနေတဲ့အချိန် Ahn Hyo Seop က သူ့ရဲ့လက်နဲ့ကာပေးခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်မှာ Ahn Hyo Seop ရဲ့အပြုအမူဟာသူ့ရဲ့နှလုံးခုန်နှုန်းကိုမြန်စေခဲ့တယ်လို့ ဆိုပါတယ်။


MCက မေးတဲ့အခါမှာ ဒီအဖြစ်အပျက်မှာတော့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Shin Ha Ri အနေနဲ့မဟုတ်ဘဲ Kim Se Jeong အနေနဲ့ရင်ခုန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အပိုင်း(၂) မှာလည်း သူတို့နှစ်ဦးရဲ့ပထမဆုံးအနမ်းပေးတဲ့အခန်းပါဝင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းကတော့ သရုပ်ဆောင်နှစ်ဦးစလုံးဟာ အရမ်းမရင်းနှီးကြသေးပါဘူး။ မင်းသား Ahn Hyo Seop ရဲ့လူကြီးလူကောင်းဆန်ပြီးကြင်နာတတ်တဲ့အပြုအမူတွေကတော့ Kim Se Jeong ကို ရင်ခုန်စေခဲ့တဲ့ပုံပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

Ahn Hyo Seop ကို အမွန္တကယ္ခ်စ္မိေတာ့မလိုျဖစ္ခဲ့တဲ့အေၾကာင္း ဝန္ခံလာတဲ့ Kim Se Jeong
လက္ရွိမွာပရိသတ္ေတြၾကားေရပန္းစားေနတဲ့ အခ်စ္ဟာသဒရမ္မာဇာတ္လမ္းတြဲေလးကေတာ့ A Business Proposal ျဖစ္ၿပီး ဒီဇာတ္လမ္းရဲ႕အဓိကဇာတ္ေဆာင္ေတြျဖစ္တဲ့ Ahn Hyo Seop နဲ႔ Kim Se Jeong တို႔ႏွစ္ဦးကေတာ့ ပရိသတ္ေတြၾကားေရပန္းစားေနျပန္တာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ အထူးအပိုင္းတစ္ခုကို မတ္လ(၁၉)ရက္ေန႔မွာ ထုတ္လႊင့္ခဲ့ၿပီး ဒရမ္မာနဲ႔ပတ္သက္တဲ့စိတ္ဝင္စားစရာေတြကို ၾကည့္ရႈခဲ့ရပါတယ္။


ဒီအပိုင္းမွာေတာ့ ဇာတ္လမ္းတြဲမွာပါဝင္ထားတဲ့သ႐ုပ္ေဆာင္ေတြရဲ႕ရင္းႏွီးမႈေတြ ႐ိုက္ကြင္းေနာက္ကြယ္ကအျဖစ္အပ်က္ေလးေတြကို ေတြ႕ျမင္ခဲ့ရတာပါ။ ဒီထုတ္လႊင့္မႈမွာဆိုရင္ မင္းသမီး Kim Se Jeong ကေတာ့ မင္းသား Ahn Hyo Seop နဲ႔ပတ္သက္တဲ့ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ဇာတ္ဝင္ခန္းတစ္ခုမွာ ေနေရာင္က Kim Se Jeong ရဲ႕ မ်က္ႏွာေပၚက်ေနတဲ့အခ်ိန္ Ahn Hyo Seop က သူ႔ရဲ႕လက္နဲ႔ကာေပးခဲ့တာျဖစ္ၿပီး ဒီအျဖစ္အပ်က္မွာ Ahn Hyo Seop ရဲ႕အျပဳအမူဟာသူ႔ရဲ႕ႏွလုံးခုန္ႏႈန္းကိုျမန္ေစခဲ့တယ္လို႔ ဆိုပါတယ္။
MCက ေမးတဲ့အခါမွာ ဒီအျဖစ္အပ်က္မွာေတာ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Shin Ha Ri အေနနဲ႔မဟုတ္ဘဲ Kim Se Jeong အေနနဲ႔ရင္ခုန္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ အပိုင္း(၂) မွာလည္း သူတို႔ႏွစ္ဦးရဲ႕ပထမဆုံးအနမ္းေပးတဲ့အခန္းပါဝင္ခဲ့ၿပီး အဲ့ဒီအခ်ိန္တုန္းကေတာ့ သ႐ုပ္ေဆာင္ႏွစ္ဦးစလုံးဟာ အရမ္းမရင္းႏွီးၾကေသးပါဘူး။ မင္းသား Ahn Hyo Seop ရဲ႕လူႀကီးလူေကာင္းဆန္ၿပီးၾကင္နာတတ္တဲ့အျပဳအမူေတြကေတာ့ Kim Se Jeong ကို ရင္ခုန္ေစခဲ့တဲ့ပုံပါပဲ။