လွန်ခဲ့တဲ့(၉)နှစ်ကတည်းကလက်ထပ်ထားတယ်ဆိုတဲ့ “Thirty Nine” ဇာတ်လမ်းတွဲမင်းသမီး

ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်တဲ့ Jeon Mi Do ကတော့ Hospital Playlist မှာပါဝင်ပြီးနောက် အောင်မြင်ကျော်ကြားလာခဲ့သူတစ်ယောက်ပါ။ သူကတော့ ဂီတသရုပ်ဆောင်တစ်ယောက်အနေနဲ့ (၁၀)နှစ်ကျော်ကြာအောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ထပ်ပြီးသားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကိုတော့ (၁၉၈၂) ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး Hospital Playlist မှာပါဝင်ပြီးနောက်ပိုင်းမှာမှ လူသိများလာခဲ့တာပါ။


သူကတော့ တီဗွီစီးရီးတွေရုပ်ရှင်တွေမှာမပါဝင်ဘဲ ပြဇာတ်နဲ့ဂီတတွေမှာ အချိန်တွေကုန်ဆုံးနေတဲ့ အရည်အချင်းရှိတဲ့မင်းသမီးတစ်လက်ပါ။ ပရိသတ်တွေကတော့ မျက်နှာသစ်ဖြစ်တဲ့ Jeon Mi Do ရဲ့ဖြူစင်သန့်ရှင်းပြီးယုံကြည်မှုရှိကာဆွဲဆောင်မှုရှိတဲ့ အလှကိုချစ်ခင်သဘောကျလာကြတာပါ။ အခုဆိုရင်တော့တီဗွီစီးရီးတွေကနေတစ်ဆင့် သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကနှစ်ခြိုက်နေရပြီလည်း ဖြစ်ပါတယ်။ Jeon Mi Do ဟာ လက်ထပ်ထားတဲ့သူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့အခါမှာတော့ ပရိသတ်တွေကအံ့အားသင့်ခဲ့ရပါတယ်။ သူကတော့ (၂၀၁၃) ခုနှစ်မှာဘလိုင်းဒိတ်တစ်ခုကနေခင်ပွန်းဖြစ်သူနဲ့ဆုံစည်းခဲ့ပြီး (၆) လခန့်တွဲပြီးနောက်မှာလက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။


ခင်ပွန်းဖြစ်သူရဲ့ချစ်ခင်ဂရုစိုက်မှုတွေကိုတော့ “ကျွန်မရဲ့လှုပ်ရှားမှုတွေကို အမြဲထောက်ခံခဲ့တဲ့ခင်ပွန်းဖြစ်သူကို အရမ်းကိုကျေးဇူးတင်ပါတယ်။ အရမ်းကိုအလုပ်များတဲ့နေ့တွေမှာ ကျွန်မဘေးမှာသူဟာတိတ်တိတ်လေးရှိနေပေးတုန်းပါပဲ” ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။ Jeon Mi Do ကတော့ လက်ရှိနာမည်ကြီးနေတဲ့ Thirty Nine ဇာတ်လမ်းတွဲမှာ Jeong ChanYoung ဆိုတဲ့အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

လြန္ခဲ့တဲ့(၉)ႏွစ္ကတည္းကလက္ထပ္ထားတယ္ဆိုတဲ့ “Thirty Nine” ဇာတ္လမ္းတြဲမင္းသမီး
ပရိသတ္ေတြရင္းႏွီးၿပီးသားမင္းသမီးတစ္လက္ျဖစ္တဲ့ Jeon Mi Do ကေတာ့ Hospital Playlist မွာပါဝင္ၿပီးေနာက္ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့သူတစ္ေယာက္ပါ။ သူကေတာ့ ဂီတသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ (၁၀)ႏွစ္ေက်ာ္ၾကာေအာင္ လုပ္ကိုင္ခဲ့သူျဖစ္ၿပီး လက္ထပ္ၿပီးသားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ (၁၉၈၂) ခုႏွစ္မွာေမြးဖြားခဲ့တာျဖစ္ၿပီး Hospital Playlist မွာပါဝင္ၿပီးေနာက္ပိုင္းမွာမွ လူသိမ်ားလာခဲ့တာပါ။


သူကေတာ့ တီဗြီစီးရီးေတြ႐ုပ္ရွင္ေတြမွာမပါဝင္ဘဲ ျပဇာတ္နဲ႔ဂီတေတြမွာ အခ်ိန္ေတြကုန္ဆုံးေနတဲ့ အရည္အခ်င္းရွိတဲ့မင္းသမီးတစ္လက္ပါ။ ပရိသတ္ေတြကေတာ့ မ်က္ႏွာသစ္ျဖစ္တဲ့ Jeon Mi Do ရဲ႕ျဖဴစင္သန႔္ရွင္းၿပီးယုံၾကည္မႈရွိကာဆြဲေဆာင္မႈရွိတဲ့ အလွကိုခ်စ္ခင္သေဘာက်လာၾကတာပါ။ အခုဆိုရင္ေတာ့တီဗြီစီးရီးေတြကေနတစ္ဆင့္ သူ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ေတြကႏွစ္ၿခိဳက္ေနရၿပီလည္း ျဖစ္ပါတယ္။ Jeon Mi Do ဟာ လက္ထပ္ထားတဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း ဝန္ခံခဲ့တဲ့အခါမွာေတာ့ ပရိသတ္ေတြကအံ့အားသင့္ခဲ့ရပါတယ္။ သူကေတာ့ (၂၀၁၃) ခုႏွစ္မွာဘလိုင္းဒိတ္တစ္ခုကေနခင္ပြန္းျဖစ္သူနဲ႔ဆုံစည္းခဲ့ၿပီး (၆) လခန႔္တြဲၿပီးေနာက္မွာလက္ထပ္ခဲ့တာလည္း ျဖစ္ပါတယ္။
ခင္ပြန္းျဖစ္သူရဲ႕ခ်စ္ခင္ဂ႐ုစိုက္မႈေတြကိုေတာ့ “ကြၽန္မရဲ႕လႈပ္ရွားမႈေတြကို အၿမဲေထာက္ခံခဲ့တဲ့ခင္ပြန္းျဖစ္သူကို အရမ္းကိုေက်းဇူးတင္ပါတယ္။ အရမ္းကိုအလုပ္မ်ားတဲ့ေန႔ေတြမွာ ကြၽန္မေဘးမွာသူဟာတိတ္တိတ္ေလးရွိေနေပးတုန္းပါပဲ” ဆိုၿပီးေတာ့ ေျပာဆိုခဲ့ပါတယ္။ Jeon Mi Do ကေတာ့ လက္ရွိနာမည္ႀကီးေနတဲ့ Thirty Nine ဇာတ္လမ္းတြဲမွာ Jeong ChanYoung ဆိုတဲ့အဓိကဇာတ္ေဆာင္အေနနဲ႔ ပါဝင္ထားတာပဲျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x