မင်းသမီးချော Kim Tae Ri ကတော့ ဇာတ်ရုပ်တွေကိုပိုင်နိုင်တဲ့သူအဖြစ်အသိအမှတ်ပြုခံရသူပါ။ ဒါတင်မက ရုပ်ရှင်ဇာတ်ကားတွေရွေးချယ်ရာမှာလည်း ကံကောင်းတဲ့သူဖြစ်ပုံပါပဲ။ သူပါဝင်ထားတဲ့ဇာတ်ကားတိုင်းလိုလိုအောင်မြင်ခဲ့တာကတော့ ပရိသတ်တွေကြားလူပြောများလာစေတာပါ။
Kim Tae Ri ကတော့ တက္ကသိုလ်ဘွဲ့ရပြီးနောက်(၂၀၁၂)ခုနှစ်မှာ တစ်ကိုယ်တော်ပြဇာတ်နဲ့စတင်ဖျော်ဖြေခဲ့ပါတယ်။
သူကတော့ (၂၀၁၄)မှာ ရုပ်ရှင်ဇာတ်လမ်းတိုတွေဖြစ်တဲ့ Citizen Zombie နဲ့ Yangpyeong Bike တို့မှာပါဝင်ခဲ့ပြီး (၂၀၁၆) ခုနှစ်မှာတော့ The Handmaiden ရုပ်ရှင်မှာတော့ သူ့ရဲ့ဇာတ်ရုပ်အတွက်လူပေါင်း(၁၅၀၀)ကိုဖြတ်ကျော်ကာ ပါဝင်ခွင့်ရခဲ့ပါတယ်။ သူကတော့ Rookie of the Year ဆုကိုလည်း ရရှိခဲ့ပါတယ်။ ပြီးနောက် (၂၀၁၇)ခုနှစ်မှာတော့ Moonyoung ဆိုတဲ့ဇာတ်ကားမှာ ထပ်မံပါဝင်ခဲ့ပါတယ်။ (၂၀၁၇-၂၀၁၈) ခုနှစ်မှာသူပါဝင်ခဲ့တဲ့ 1987 ရုပ်ရှင်ဇာတ်ကားနဲ့ Mr. Sunshine ဆိုတဲ့ ဒရမ်မာတွေကလည်း တာ်လေးကို လူကြိုက်များခဲ့ပါတယ်။
Kim Tae Ri ကတော့ Actress of the Year Award ကို Little Forest ဇာတ်ကားနဲ့ ရရှိခဲ့ပြီး Mr. Sunshine ဇာတ်ကားနဲ့ 2019 Baeksang Arts Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် (၂၀၂၁) ခုနှစ်မေလမှာ ကိုရီးယားရဲ့ပထမဆုံး အာကာသသိပ္ပံရုပ်ရှင်ဖြစ်တဲ့ Space Sweepers မှာပါဝင်ခဲ့ပြီး ဒီဇာတ်ကားကတော့ Netflix မှာ နံပါတ်တစ်နေရာကိုရရှိခဲ့ပါတယ်။ (၂၀၂၂) ခုနှစ်မှာတော့ Twenty Five – Twenty One ဇာတ်လမ်းတွဲမှာပါဝင်ထားပြီး နာဟီးဒိုဆိုတဲ့ဇာတ်ရုပ်နဲ့လက်ရှိမှာ အလွန်အောင်မြင်နေတာလည်း ဖြစ်ပါတယ်။ Kim Tae Ri ကတော့ သူပါဝင်ထားသမျှဇာတ်ကားတိုင်းဟာအောင်မြင်ခဲ့တာဖြစ်ပြီး ဇာတ်ကားတိုင်းကတော့ မင်းသမီးကိုအောင်မြင်မှုတွေပိုပိုတိုးလာစေတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
႐ိုက္ကူးထားသမွ်႐ုပ္ရွင္တိုင္း ေအာင္ျမင္မႈရခဲ့တဲ့မင္းသမီးေခ်ာ Kim Tae Ri
မင္းသမီးေခ်ာ Kim Tae Ri ကေတာ့ ဇာတ္႐ုပ္ေတြကိုပိုင္ႏိုင္တဲ့သူအျဖစ္အသိအမွတ္ျပဳခံရသူပါ။ ဒါတင္မက ႐ုပ္ရွင္ဇာတ္ကားေတြေ႐ြးခ်ယ္ရာမွာလည္း ကံေကာင္းတဲ့သူျဖစ္ပုံပါပဲ။ သူပါဝင္ထားတဲ့ဇာတ္ကားတိုင္းလိုလိုေအာင္ျမင္ခဲ့တာကေတာ့ ပရိသတ္ေတြၾကားလူေျပာမ်ားလာေစတာပါ။
Kim Tae Ri ကေတာ့ တကၠသိုလ္ဘြဲ႕ရၿပီးေနာက္(၂၀၁၂)ခုႏွစ္မွာ တစ္ကိုယ္ေတာ္ျပဇာတ္နဲ႔စတင္ေဖ်ာ္ေျဖခဲ့ပါတယ္။
သူကေတာ့ (၂၀၁၄)မွာ ႐ုပ္ရွင္ဇာတ္လမ္းတိုေတြျဖစ္တဲ့ Citizen Zombie နဲ႔ Yangpyeong Bike တို႔မွာပါဝင္ခဲ့ၿပီး (၂၀၁၆) ခုႏွစ္မွာေတာ့ The Handmaiden ႐ုပ္ရွင္မွာေတာ့ သူ႔ရဲ႕ဇာတ္႐ုပ္အတြက္လူေပါင္း(၁၅၀၀)ကိုျဖတ္ေက်ာ္ကာ ပါဝင္ခြင့္ရခဲ့ပါတယ္။ သူကေတာ့ Rookie of the Year ဆုကိုလည္း ရရွိခဲ့ပါတယ္။ ၿပီးေနာက္ (၂၀၁၇)ခုႏွစ္မွာေတာ့ Moonyoung ဆိုတဲ့ဇာတ္ကားမွာ ထပ္မံပါဝင္ခဲ့ပါတယ္။ (၂၀၁၇-၂၀၁၈) ခုႏွစ္မွာသူပါဝင္ခဲ့တဲ့ 1987 ႐ုပ္ရွင္ဇာတ္ကားနဲ႔ Mr. Sunshine ဆိုတဲ့ ဒရမ္မာေတြကလည္း တာ္ေလးကို လူႀကိဳက္မ်ားခဲ့ပါတယ္။
Kim Tae Ri ကေတာ့ Actress of the Year Award ကို Little Forest ဇာတ္ကားနဲ႔ ရရွိခဲ့ၿပီး Mr. Sunshine ဇာတ္ကားနဲ႔ 2019 Baeksang Arts Awards မွာ ဆန္ကာတင္စာရင္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ (၂၀၂၁) ခုႏွစ္ေမလမွာ ကိုရီးယားရဲ႕ပထမဆုံး အာကာသသိပၸံ႐ုပ္ရွင္ျဖစ္တဲ့ Space Sweepers မွာပါဝင္ခဲ့ၿပီး ဒီဇာတ္ကားကေတာ့ Netflix မွာ နံပါတ္တစ္ေနရာကိုရရွိခဲ့ပါတယ္။ (၂၀၂၂) ခုႏွစ္မွာေတာ့ Twenty Five – Twenty One ဇာတ္လမ္းတြဲမွာပါဝင္ထားၿပီး နာဟီးဒိုဆိုတဲ့ဇာတ္႐ုပ္နဲ႔လက္ရွိမွာ အလြန္ေအာင္ျမင္ေနတာလည္း ျဖစ္ပါတယ္။ Kim Tae Ri ကေတာ့ သူပါဝင္ထားသမွ်ဇာတ္ကားတိုင္းဟာေအာင္ျမင္ခဲ့တာျဖစ္ၿပီး ဇာတ္ကားတိုင္းကေတာ့ မင္းသမီးကိုေအာင္ျမင္မႈေတြပိုပိုတိုးလာေစတာပဲျဖစ္ပါတယ္။