ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ အမျိုးသားဇာတ်ဆောင်အနေနဲ့တွေ့မြင်ရမယ့် EXOအဖွဲ့ဝင် Sehun

Posted on

ပရိသတ်အချစ်တော်EXOအဖွဲ့ဝင် Sehunကိုတော့ အဓိကဇာတ်ဆောင်အနေနဲ့ TVING ရဲ့ဒရမ်မာမှာ တွေ့မြင်ရတော့မှာပါ။ သူကတော့ Love, Hara High School ဆိုတဲ့ အထက်တန်းကျောင်းသားတွေရဲ့ဘဝကိုရိုက်ကူးထားတဲ့ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်မှာဆိုတဲ့အကြောင်းကို SM Entertainment ကအတည်ပြုထားပါတယ်။


“Love, Hara High School” ဇာတ်လမ်းကတော့ အချစ်နဲ့သူငယ်ချင်းဆက်ဆံရေးအပေါ်မှာလက်မလျှော့တတ်တဲ့ (၁၈) နှစ်အရွယ်လူငယ်လေးတွေကြားက ဖြူစင်ပြီးခိုင်မာတဲ့ဆက်ဆံရေးကိုပုံဖော်ထားပါတယ်။ Sehun ကတော့ ဆွဲဆောင်မှုရှိပြီးဘတ်စ်ကတ်ဘောမှာအလွန်တော်တဲ့သူတစ်ယောက်ဖြစ်ကာ ကျောင်းစာမှာလည်း အလယ်အလတ်အဆင့်ရှိတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး Go Yoo အနေနဲ့ပါဝင်ထားပါတယ်။ သူကတော့ ချစ်ရတဲ့သူငယ်ချင်းဖြစ်သူ Joon Hee ကိုကျောက်ကပ်ပေးလှူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကျောင်းမှာနံပါတ်တစ်ကျောင်းသားတစ်ယောက်ဖြစ်ဖို့နဲ့ မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး အချစ်ရေးမှာပြိုင်ဖက်တွေဖြစ်လာမှာပါ။


Sehun ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့အောင်မြင်ပြီးသားဖြစ်လာသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ Love, Hara High School ဆိုတဲ့ အချစ်ဇာတ်ကားလေးရဲ့အဓိကဇာတ်ဆောင်အဖြစ်ပါဝင်လာတော့မှာဖြစ်ပြီး ပရိသတ်တွေကရင်ခုန်နေတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာဇာတ္လမ္းတြဲအသစ္မွာ အမ်ိဳးသားဇာတ္ေဆာင္အေနနဲ႔ေတြ႕ျမင္ရမယ့္ EXOအဖြဲ႕ဝင္ Sehun
ပရိသတ္အခ်စ္ေတာ္EXOအဖြဲ႕ဝင္ Sehunကိုေတာ့ အဓိကဇာတ္ေဆာင္အေနနဲ႔ TVING ရဲ႕ဒရမ္မာမွာ ေတြ႕ျမင္ရေတာ့မွာပါ။ သူကေတာ့ Love, Hara High School ဆိုတဲ့ အထက္တန္းေက်ာင္းသားေတြရဲ႕ဘဝကို႐ိုက္ကူးထားတဲ့ဒရမ္မာဇာတ္လမ္းတြဲမွာ ပါဝင္မွာဆိုတဲ့အေၾကာင္းကို SM Entertainment ကအတည္ျပဳထားပါတယ္။


“Love, Hara High School” ဇာတ္လမ္းကေတာ့ အခ်စ္နဲ႔သူငယ္ခ်င္းဆက္ဆံေရးအေပၚမွာလက္မေလွ်ာ့တတ္တဲ့ (၁၈) ႏွစ္အ႐ြယ္လူငယ္ေလးေတြၾကားက ျဖဴစင္ၿပီးခိုင္မာတဲ့ဆက္ဆံေရးကိုပုံေဖာ္ထားပါတယ္။ Sehun ကေတာ့ ဆြဲေဆာင္မႈရွိၿပီးဘတ္စ္ကတ္ေဘာမွာအလြန္ေတာ္တဲ့သူတစ္ေယာက္ျဖစ္ကာ ေက်ာင္းစာမွာလည္း အလယ္အလတ္အဆင့္ရွိတဲ့ေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး Go Yoo အေနနဲ႔ပါဝင္ထားပါတယ္။ သူကေတာ့ ခ်စ္ရတဲ့သူငယ္ခ်င္းျဖစ္သူ Joon Hee ကိုေက်ာက္ကပ္ေပးလႉခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ေက်ာင္းမွာနံပါတ္တစ္ေက်ာင္းသားတစ္ေယာက္ျဖစ္ဖို႔နဲ႔ မိန္းကေလးတစ္ေယာက္နဲ႔ပတ္သက္ၿပီး အခ်စ္ေရးမွာၿပိဳင္ဖက္ေတြျဖစ္လာမွာပါ။
Sehun ကေတာ့ အိုင္ေဒါတစ္ေယာက္အေနနဲ႔ေအာင္ျမင္ၿပီးသားျဖစ္လာသလို သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြမွာ ပါဝင္ခဲ့ဖူးပါတယ္။ အခုဆိုရင္ေတာ့ Love, Hara High School ဆိုတဲ့ အခ်စ္ဇာတ္ကားေလးရဲ႕အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္လာေတာ့မွာျဖစ္ၿပီး ပရိသတ္ေတြကရင္ခုန္ေနတာလည္း ျဖစ္ပါတယ္။