မင်းသားချော Park Seo Joon ကတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို အနုပညာအလုပ်တွေနဲ့ မအားလပ်အောင်ရှိနေတာပါ။ မကြာသေးခင်ကတော့ ရုပ်ရှင်ဇာတ်ကားသစ်အတွက် ဟန်ဂေရိနိုင်ငံကိုသွားရောက်ခဲ့ရတာဖြစ်ပါတယ်။
မတ်လ(၂၄)ရက်နေ့ကတော့ Park Seo Joon ကတော့ သူ့ရဲ့အင်စတာဂရမ်ကနေပြီး ဟန်ဂေရီမှာရိုက်ထားတဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေခဲ့ပါတယ်။ မီးတွေထိန်လင်းကာ တောက်ပနေတဲ့အဆောက်အဦးကြီးကိုနောက်ခံထားပြီးတော ရိုက်ကူးထားတဲ့အဖြူအမည်းပုံကိုတင်ခဲ့ပါတယ်။ အမြဲလိုလိုစမတ်ကျနေတဲ့ Park Seo Joon ကတော့ သက်တောင့်သက်သာရှိတဲ့ဝတ်စုံတွေကိုဝတ်ဆင်ထားပြီး စတိုင်ကျနေပြန်ပါတယ်။
Park Seo Joonကတော့ Dream ဆိုတဲ့ဇာတ်ကားကို ဟန်ဂေရိကိုသွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ပြန်လည်ထွက်ခွာလာခဲ့ပြီလို့ သိရပါတယ်။ သူ့ကိုတော Concrete Utopia ဆိုတဲ့ ဇာတ်ကားသစ်မှာ Lee Byung Hun နဲ့ Park Bo Young စတဲ့စတားတွေနဲ့အတူ တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဟန်ဂေရိကိုရောက်ရှိနေချိန်မှာ အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်ကိုဖမ်းစားခဲ့တဲ့ Park Seo Joon