Netflix ရဲ့ဒရမ်မာအသစ်မှာပါဝင်ဖို့အတွက်အတည်ပြုလိုက်တဲ့ ပရိသတ်အချစ်တော်သရုပ်ဆောင်(၃) ဦး

Posted on

ထိုင်ဝမ်စီးရီးဖြစ်တဲ့ Some Day or One Day ကိုပြန်လည်ရိုက်ကူးမယ့် Into Your Time ဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Ahn Hyo Seop ၊ Jeon Yeo Bin နဲ့ Kang Hoon တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကတော့ သေဆုံးသွားတဲ့ရည်းစားဟောင်းကို ပြန်လည်တွေ့ဆုံချင်နေတဲ့ အသက်(၂၇) အရွယ်အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို အခြေတည်ထားတာပါ။ သူဟာ တစ်ညမှာတော့ ကားတိုက်မှုတစ်ခုကိုကြုံခဲ့ရပါတယ်။ကားတိုက်ခံရပြီးနောက် ဆေးရုံမှာပြန်လည်သတိရလာတဲ့အခါမှာတော့ သူဟာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်နေခဲ့ပြီး သူ့ရဲ့ဘေးမှာသူ့ချစ်သူမဟုတ်ဘဲ သူ့ရဲ့အတန်းဖော်ကောင်လေးတစ်ယောက်ဖြစ်နေတာကိုတွေ့ရပြီးနောက် စိတ်ဝင်စားစရာအခြေအနေတွေဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းမှာ မင်းသမီး Jeon Yeo Bin ကတော့ (၂၇) နှစ်အရွယ်အမျိုးသမီးအနေနဲ့ပါဝင်ထားပြီး Ahn Hyo Seop ကတော့ ဆုံးရှုံးခဲ့ရတဲ့ချစ်သူဟောင်းနေရာက ပါဝင်ထားပါတယ်။ မင်းသား Kang Hoon ကတော့ Ahn Hyo Seop သူငယ်ချင်းနေရာကပါဝင်ထားပါတယ်။ အချိန်လွဲချော်မှုအပေါ်မှာ အခြေတည်ထားတဲ့ဒီဇာတ်လမ်းလေးကတော့ သရုပ်ဆောင်ကောင်းတွေနဲ့အတူ ပရိသတ်တွေကိုဖမ်းစားနိုင်ဦးမယ့်ပုံပါပဲ။
Zawgyi ဖြင့်ဖတ်ရန်
