Lady Gaga နဲ့ Olivia Rodrigo အပါအဝင်အနာဂတ်မှာ အလုပ်တွဲလုပ်ချင်တဲ့သူတွေကို ပြောပြခဲ့တဲ့ BTS

Posted on

အခြားသောကမ္ဘာကျော်အနုပညာရှင်တွေနဲ့ ဖန်တီးမှုအသစ်တွေဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဧပြီလ (၄) ရက်နေ့မှာ BTS ကတော့ ဂရမ်မီဆုပေးပွဲကို တက်ရောက်လာခဲ့ပြီး မီဒီယာဖြစ်တဲ့ ‘E!’ နဲ့ အင်တာဗျူးခဲ့ပါတယ်။ အင်တာဗျူးမှာတော့ MC က Megan Thee Stallion နဲ့ Coldplay စတဲ့နာမည်ကျော်တွေနဲ့ အတူပူးပေါင်းပြီးတော့ဖန်တီးမှုတွေလုပ်ခဲ့တဲ့အကြောင်းကို ပြန်ပြောခဲ့ပါတယ်။


နောက်ထပ် ဘယ်လိုပူးပေါင်းဖန်တီးမှုတွေလုပ်ဖို့ စိတ်ကူးထားသလဲ? ဘယ်သူနဲ့ ပူးပေါင်းဆောင်ရွက်ချင်သလဲ? ဆိုတာကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ Suga ကတော့ Lady Gaga ၊ V ကတော့ Olivia Rodrigo ၊ JHope ကတော့ J Balvin နဲ့ RM ကတော့ Snoop Dogg စတဲ့ အနုပညာရှင်အကျော်အမော်တွေကို ရွေးခဲ့ကြပါတယ်။ MC ကတော့ “အဲ့ဒီလူတွေအကုန်လုံးနဲ့ပူးပေါင်းလုပ်ဆောင်ဖြစ်အောင်ကြိုးစားရမယ်။ အဲ့ဒီအထဲကတစ်ခုကတကယ်ဖြစ်လာရင် ငါသေသွားနိုင်တယ်။ မင်းတို့နဲ့ Lady Gaga ဆိုရင်တော့ အရမ်းမိုက်မှာပါပဲ” ဆိုပြီး ပြောခဲ့ပါတယ်။


BTS ရဲ့ဖန်တီးမှုတွေကတော့ ပရိသတ်တွေကို အမြဲဖမ်းစားနိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကအားပေးမှုတွေကိုလည်း ရရှိထားတာပါ။ ဂရမ်မီဆုပေးပွဲကအဖြေနဲ့ပတ်သက်ပြီး ပရိသတ်တွေကလည်း BTS ရဲ့နောက်ထပ်ခြေလှမ်းတွေကို ရင်ခုန်နေမှာအသေအချာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

Lady Gaga နဲ႔ Olivia Rodrigo အပါအဝင္အနာဂတ္မွာ အလုပ္တြဲလုပ္ခ်င္တဲ့သူေတြကို ေျပာျပခဲ့တဲ့ BTS
အျခားေသာကမာၻေက်ာ္အႏုပညာရွင္ေတြနဲ႔ ဖန္တီးမႈအသစ္ေတြျဖစ္လာမလားဆိုတာ စိတ္ဝင္စားစရာပါပဲ။ ဧၿပီလ (၄) ရက္ေန႔မွာ BTS ကေတာ့ ဂရမ္မီဆုေပးပြဲကို တက္ေရာက္လာခဲ့ၿပီး မီဒီယာျဖစ္တဲ့ ‘E!’ နဲ႔ အင္တာဗ်ဴးခဲ့ပါတယ္။ အင္တာဗ်ဴးမွာေတာ့ MC က Megan Thee Stallion နဲ႔ Coldplay စတဲ့နာမည္ေက်ာ္ေတြနဲ႔ အတူပူးေပါင္းၿပီးေတာ့ဖန္တီးမႈေတြလုပ္ခဲ့တဲ့အေၾကာင္းကို ျပန္ေျပာခဲ့ပါတယ္။


ေနာက္ထပ္ ဘယ္လိုပူးေပါင္းဖန္တီးမႈေတြလုပ္ဖို႔ စိတ္ကူးထားသလဲ? ဘယ္သူနဲ႔ ပူးေပါင္းေဆာင္႐ြက္ခ်င္သလဲ? ဆိုတာကို ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခါမွာ Suga ကေတာ့ Lady Gaga ၊ V ကေတာ့ Olivia Rodrigo ၊ JHope ကေတာ့ J Balvin နဲ႔ RM ကေတာ့ Snoop Dogg စတဲ့ အႏုပညာရွင္အေက်ာ္အေမာ္ေတြကို ေ႐ြးခဲ့ၾကပါတယ္။ MC ကေတာ့ “အဲ့ဒီလူေတြအကုန္လုံးနဲ႔ပူးေပါင္းလုပ္ေဆာင္ျဖစ္ေအာင္ႀကိဳးစားရမယ္။ အဲ့ဒီအထဲကတစ္ခုကတကယ္ျဖစ္လာရင္ ငါေသသြားႏိုင္တယ္။ မင္းတို႔နဲ႔ Lady Gaga ဆိုရင္ေတာ့ အရမ္းမိုက္မွာပါပဲ” ဆိုၿပီး ေျပာခဲ့ပါတယ္။
BTS ရဲ႕ဖန္တီးမႈေတြကေတာ့ ပရိသတ္ေတြကို အၿမဲဖမ္းစားႏိုင္ခဲ့တာျဖစ္ၿပီး ကမာၻတစ္ဝွမ္းကအားေပးမႈေတြကိုလည္း ရရွိထားတာပါ။ ဂရမ္မီဆုေပးပြဲကအေျဖနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကလည္း BTS ရဲ႕ေနာက္ထပ္ေျခလွမ္းေတြကို ရင္ခုန္ေနမွာအေသအခ်ာပါပဲ။