ဇာတ်သိမ်းပိုင်းမှာ ကြည့်ရှုနှုန်းအမြင့်ဆုံးရရှိခဲ့တဲ့ Twenty-Five Twenty-One ဇာတ်လမ်းတွဲ

Posted on

ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Twenty-Five Twenty-One ဒရမ်မာဇာတ်လမ်းတွဲလေးကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ပရိသတ်တွေကတော့ ဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ မျှော်လင့်ထားခဲ့ကြပေမဲ့ အတော်လေးစိတ်ပျက်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။


Twenty Five – Twenty One ကတော့ ဓားသိုင်းအားကစားသမားတစ်ယောက်အနေနဲ့ အိမ်မက်စိတ်ကူးတွေအပြည့်ရှိနေပြီးဆယ်ကျော်သက်ဘဝကို အကောင်းဆုံးလျှောက်လှမ်းနေတဲ့ Na Hee Do နဲ့ မိဘတွေရဲ့စီးပွားရေးပြိုလဲမှုကြောင့် ဘဝကိုအကောင်းဆုံးပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတဲ့ လူငယ်လေး Baek Yi Jin တို့ကို အခြေတည်ပြီးရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းကောင်းလေးပါ။


ဒီဇာတ်လမ်းတွဲကတော့ ဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိပေမဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံးနဲ့ ဇာတ်သိမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ Nielsen Korea ကတော့ နောက်ဆုံးအပိုင်းမှာ Twenty-Five Twenty-One ဒရမ်မာဟာ ကြည့်ရှုနှုန်း (၁၁.၅၁၃%) ရရှိခဲ့ပြီး စံချိန်အသစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


