Hyun Bin နဲ့ Son Ye Jin တို့ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုစကားဆိုခဲ့တဲ့ ထိုင်ဝမ်မင်းသမီး Shu Qi

Posted on

နာမည်ကျော်ထိုင်ဝမ်မင်းသမီး Shu Qi ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ဧပြီ (၃) ရက်နေ့မှာတော့ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ မင်္ဂလာပွဲပုံကို တင်ပြီးတော့ ဂုဏ်ပြုထားပါသေးတယ်။


Shu Qi ကတော့ “ငါ Son Ye Jinကို ကြိုက်တယ်။ သူ့ရဲ့ဒရမ်မာတွေကို ပြန်ကြည့်ဦးမယ် ပြီးတော့ ပရိသတ်တစ်ယောက်အနေနဲ့ ခံစားချက်ကို ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဘဝခရီးလမ်းစတင်”ပြီဖြစ်တဲ့သူတို့စုံတွဲနဲ့ပတ်သက်ပြီးတော့ “သူမပျော်ရွှင်ရမှာပါ” ဆိုပြီးတော့ ဆုတောင်းပေးခဲ့ပါသေးတယ်။


ထိုင်ဝမ်မင်းသမီး Shu Qi ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်အသက်မွေးဖို့အတွက် ဟောင်ကောင်ကိုပြောင်းရွှေ့ခဲ့တာပါ။ သူကတော့ Three Times နဲ့ Millennium Mambo စတဲ့ဇာတ်ကားတွေနဲ့အတူလူသိများလာခဲ့သူပါ။ ကိုရီးယားဇာတ်ကားဖြစ်တဲ့ My Wife Is A Gangster 3 မှာလည်းပါဝင်ခဲ့ဖူးပြီး လေးနှစ်ကြာတွဲခဲ့တဲ့ သရုပ်ဆောင်နဲ့ဒါရိုက်တာ Stephen Fung နဲ့လက်ထပ်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


