Son Ye Jin ရဲ့မင်္ဂလာပွဲမှာ မျက်ရည်ကျခဲ့တဲအကြောင်းပြောလာတဲ့ Jeon Mi Do

Posted on

မင်းသမီး Jeon Mi Do ကိုတော့ Hospital Playlist ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ မကြာခင်ကပြသခဲ့တဲ့ Thirty Nine ဇာတ်ကားထဲမှာလည်း ပါဝင်ထားပါတယ်။ သူကတော့ အင်တာဗျူးတစ်ခုမှာ ဒရမ်မာဇာတ်လမ်းတွနဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ Thirty Nine ဇာတ်လမ်းတွဲရဲ့နောက်ဆုံးပိုင်းကတော့ မင်းသမီး Son Ye Jin ရဲ့မင်္ဂလာပွဲနဲ့တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

Son Ye Jin ကတော့ မင်္ဂလာပွဲအတွက်ပြင်ဆင်နေရတာနဲ့ မအားလပ်ခဲ့ပါဘူး။ Thirty Nine ဇာတ်လမ်းတွဲမှာပါဝင်ခဲ့တဲ့ Jeon Mi Do နဲ့ Kim Ji Hyun တို့နှစ်ဦးကတော့သတို့သမီးစောင့်နေတဲ့အခန်းထဲကိုဝင်လိုက်တဲ့အခါမှာ နှစ်ယောက်လုံးငိုမိခဲ့ကြတယ်လို့ဆိုပါတယ်။ဒါ့အပြင် “အထက်တန်းကျောင်းကတည်းကခင်ခဲ့တဲ့သူငယ်ချင်းကို သူ့ရဲ့ခင်ပွန်းအိမ်မှာမြင်လိုက်ရတဲ့ခံစားချက်လိုပါပဲ။ ထူးထူးဆန်းဆန်းပါပဲ သူ့ကိုသတို့သမီးဝတ်စုံနဲ့မြင်လိုက်ရတာက ငါ့ကိုမျက်ရည်ကျစေခဲ့တယ်။ ဇာတ်ကားထဲမှာ သူလက်ထပ်တာကိုမြင်ချင်ခဲ့တာကြေင့်ထင်ပါတယ်။ ငါတို့နှစ်ယောက်ငိုနေတာကိုတွေ့တဲ့အခါ Son Ye Jin ကတော့ နင်တို့ဘာလို့ငိုနေတာလဲ ဆိုပြီး ပြောပြီးရယ်မောခဲ့တယ်” လို့ပြောပြခဲ့ပါတယ်။


သူတို့သုံးဦးကတော့ Thirty Nine ဇာတ်လမ်းတွဲမှာ လိုက်ဖက်ညီညီသရုပ်ဆောင်ခဲ့ကြပြီး သက်တူရွယ်တူတွေလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရိုက်ရင်း အတော်လေးခင်မင်ရင်းနှီးခဲ့တဲ့သူတို့ကတော့ မင်္ဂလာဆောင်မှာ သူငယ်ချင်းအရင်းကြီးလိုခံစားပြီး မျက်ရည်တောင်ကျခဲ့ရတဲ့အထိပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

Son Ye Jin ရဲ႕မဂၤလာပြဲမွာ မ်က္ရည္က်ခဲ့တဲအေၾကာင္းေျပာလာတဲ့ Jeon Mi Do
မင္းသမီး Jeon Mi Do ကိုေတာ့ Hospital Playlist ဇာတ္လမ္းတြဲနဲ႔အတူ ပရိသတ္ေတြသိၾကမွာပါ။ မၾကာခင္ကျပသခဲ့တဲ့ Thirty Nine ဇာတ္ကားထဲမွာလည္း ပါဝင္ထားပါတယ္။ သူကေတာ့ အင္တာဗ်ဴးတစ္ခုမွာ ဒရမ္မာဇာတ္လမ္းတြနဲ႔ပတ္သက္ၿပီးေျပာျပခဲ့ပါတယ္။ Thirty Nine ဇာတ္လမ္းတြဲရဲ႕ေနာက္ဆုံးပိုင္းကေတာ့ မင္းသမီး Son Ye Jin ရဲ႕မဂၤလာပြဲနဲ႔တိုက္ဆိုင္ေနတာလည္း ျဖစ္ပါတယ္။


Son Ye Jin ကေတာ့ မဂၤလာပြဲအတြက္ျပင္ဆင္ေနရတာနဲ႔ မအားလပ္ခဲ့ပါဘူး။ Thirty Nine ဇာတ္လမ္းတြဲမွာပါဝင္ခဲ့တဲ့ Jeon Mi Do နဲ႔ Kim Ji Hyun တို႔ႏွစ္ဦးကေတာ့သတို႔သမီးေစာင့္ေနတဲ့အခန္းထဲကိုဝင္လိုက္တဲ့အခါမွာ ႏွစ္ေယာက္လုံးငိုမိခဲ့ၾကတယ္လို႔ဆိုပါတယ္။ဒါ့အျပင္ “အထက္တန္းေက်ာင္းကတည္းကခင္ခဲ့တဲ့သူငယ္ခ်င္းကို သူ႔ရဲ႕ခင္ပြန္းအိမ္မွာျမင္လိုက္ရတဲ့ခံစားခ်က္လိုပါပဲ။ ထူးထူးဆန္းဆန္းပါပဲ သူ႔ကိုသတို႔သမီးဝတ္စုံနဲ႔ျမင္လိုက္ရတာက ငါ့ကိုမ်က္ရည္က်ေစခဲ့တယ္။ ဇာတ္ကားထဲမွာ သူလက္ထပ္တာကိုျမင္ခ်င္ခဲ့တာေၾကင့္ထင္ပါတယ္။ ငါတို႔ႏွစ္ေယာက္ငိုေနတာကိုေတြ႕တဲ့အခါ Son Ye Jin ကေတာ့ နင္တို႔ဘာလို႔ငိုေနတာလဲ ဆိုၿပီး ေျပာၿပီးရယ္ေမာခဲ့တယ္” လို႔ေျပာျပခဲ့ပါတယ္။
သူတို႔သုံးဦးကေတာ့ Thirty Nine ဇာတ္လမ္းတြဲမွာ လိုက္ဖက္ညီညီသ႐ုပ္ေဆာင္ခဲ့ၾကၿပီး သက္တူ႐ြယ္တူေတြလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲ႐ိုက္ရင္း အေတာ္ေလးခင္မင္ရင္းႏွီးခဲ့တဲ့သူတို႔ကေတာ့ မဂၤလာေဆာင္မွာ သူငယ္ခ်င္းအရင္းႀကီးလိုခံစားၿပီး မ်က္ရည္ေတာင္က်ခဲ့ရတဲ့အထိပါပဲ။