သရုပ်ဆောင်ကောင်းသလို ပရိသတ်တွေဆီကအချစ်တွေများစွာရရှိနေတဲ့ မင်းသမီးချောလေးတော့ Seo Ye Ji ပဲ ဖြစ်ပါတယ်။ မွေးနေ့မှာလက်ဆောင်များစွာရရှိခဲ့တာကြောင့် သရုပ်ဆောင်မင်းသမီး Seo Ye Ji ကတော့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။
သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကတော့ အင်စတာဂရမ်ရဲ့ Story မှာ ပရိသတ်တွေပို့တဲ့လက်ဆောင်တွေကို ရိုက်ပြီးတော့ တင်ထားခဲ့ပါတယ်။ ကိတ်မုန့်တွေ လက်ဆောင်တွေနဲ့ ဘောလုံးတွေကို ဗီဒီယိုရိုက်ခဲ့ပြီး ပရိသတ်တွေကို “Thank you. I love you. I miss you.” လို့ ဆိုထားပါတယ်။ သူကတော့ ချစ်သူဟောင်းမင်းသား Kim Jung Hyun နဲ့ပတ်သက်တဲ့ ဝေဖန်အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးနောက် အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာဖြစ်ပါတယ်။
သူကတော့ ဒီလိုအငြင်းပွားခဲ့ရတာနဲ့ပတ်သက်ပြီးတော့တောင်းပန်ထားပြီး လက်ရှိမှာပိုရင့်ကျက်တဲ့ပုံစံနဲ့ပြန်လာမယ်လို့ ဆိုထားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာတော့ tvN ရဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Eve နဲ့အတူ ပရိသတ်တွေဆီကိုပြန်လာတော့မှာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ေမြးေန႔မွာပရိသတ္ေတြဆီက မ်ားျပားလွတဲ့လက္ေဆာင္ေတြရရွိခဲ့တဲ့အတြက္ ေက်းဇူးတင္စကားဆိုလာတဲ့ Seo Ye Ji
သ႐ုပ္ေဆာင္ေကာင္းသလို ပရိသတ္ေတြဆီကအခ်စ္ေတြမ်ားစြာရရွိေနတဲ့ မင္းသမီးေခ်ာေလးေတာ့ Seo Ye Ji ပဲ ျဖစ္ပါတယ္။ ေမြးေန႔မွာလက္ေဆာင္မ်ားစြာရရွိခဲ့တာေၾကာင့္ သ႐ုပ္ေဆာင္မင္းသမီး Seo Ye Ji ကေတာ့ ပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုလိုက္ပါတယ္။
သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Gold Medalist ကေတာ့ အင္စတာဂရမ္ရဲ႕ Story မွာ ပရိသတ္ေတြပို႔တဲ့လက္ေဆာင္ေတြကို ႐ိုက္ၿပီးေတာ့ တင္ထားခဲ့ပါတယ္။ ကိတ္မုန႔္ေတြ လက္ေဆာင္ေတြနဲ႔ ေဘာလုံးေတြကို ဗီဒီယို႐ိုက္ခဲ့ၿပီး ပရိသတ္ေတြကို “Thank you. I love you. I miss you.” လို႔ ဆိုထားပါတယ္။ သူကေတာ့ ခ်စ္သူေဟာင္းမင္းသား Kim Jung Hyun နဲ႔ပတ္သက္တဲ့ ေဝဖန္အျငင္းပြားမႈေတြျဖစ္ခဲ့ၿပီးေနာက္ အႏုပညာအလုပ္ေတြကို ရပ္နားထားခဲ့တာျဖစ္ပါတယ္။
သူကေတာ့ ဒီလိုအျငင္းပြားခဲ့ရတာနဲ႔ပတ္သက္ၿပီးေတာ့ေတာင္းပန္ထားၿပီး လက္ရွိမွာပိုရင့္က်က္တဲ့ပုံစံနဲ႔ျပန္လာမယ္လို႔ ဆိုထားပါတယ္။ ဒီႏွစ္ကုန္ပိုင္းမွာေတာ့ tvN ရဲ႕ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Eve နဲ႔အတူ ပရိသတ္ေတြဆီကိုျပန္လာေတာ့မွာပဲျဖစ္ပါတယ္။