ပထမဆုံးရင်သွေးလေးလွယ်ထားရကြောင်းအသိပေးလာတဲ့ Jeon Hye Bin

Posted on

Jeon Hye Binကတော့ အဆိုတော်နဲ့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ပါ။ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေချစ်ရတဲ့မင်းသမီးတွေထဲမှာတော့ Jeon Hye Bin တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူကတော့ သတင်းကောင်းလေးကို ပရိသတ်တွေကိုမျှဝေခဲ့ပါတယ်။


ဧပြီလ(၇)ရက်နေ့မှာတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Pan Stars Company ကနေပြီးတော့ “Jeon Hye Bin ကတော့ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ အမှန်ပါပဲ။ လက်ရှိမှာတော့ ရင်သွေးလွယ်ထားရတာ အစောပိုင်းကာလပဲရှိပါသေးတယ်။ မိသားစုဝင်တွေကတော့ ပျော်ရွှင်နေကြတာဖြစ်ပြီး ဒီကလေးကတော့ အချိန်အတော်ကြာမျှော်လင့်နေခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုတော့ ကျန်းမာစွာကိုယ်ဝန်ဆောင်ဖို့အတွက်ကိုပဲ ဂရုစိုက်နေထိုင်နေတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။


မင်းသမီးရဲ့ခင်ပွန်းဖြစ်သူကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အသက် (၂) နှစ်ပိုကြီးတာလည်း ဖြစ်ပါတယ်။ သူကတော့ မင်္ဂလာပွဲကိုဘာလီမှာ ကျင်းပခဲ့တာပါ။ ပထမဆုံးရင်သွေးလေးလွယ်ထားရတဲ့အတွက် Congradulations ပါ။
Zawgyi ဖြင့်ဖတ်ရန်



