အိမ်ထောင်ပြုဖို့စဉ်းစားထားတာနဲ့ပတ်သက်ပြီးပြောပြလာတဲ့ (၃၇)နှစ်အရွယ်မင်းသမီးချော Park Min Young

Posted on

“Forecasting Love and Weather”ဒရမ်မာဇာတ်လမ်းတွဲကနေပြီး အချစ်ဟာသဇာတ်လမ်းတွဲတွေမှာပိုင်နိုင်တဲ့မင်းသမီးတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Park Min Young ဟာ ဂျင်ဟာဂယောင်းဆိုတဲ့ဇာတ်ရုပ်နဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။“Forecasting Love and Weather”ဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့မိုးလေဝသဌာနမှာလုပ်ကိုင်တဲ့လူတွေရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းကို အခြေတည်ပြီးရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းတွဲမှာတော့ တစ်ကိုယ်တည်းနေထိုင်တာနဲ့ လက်ထပ်တာလိုမျိုးလူမှုရေးကိစ္စတွေ ပြောပြတာဖြစ်ပြီး အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Park Min Young က လက်ထပ်တာနဲ့ပတ်သက်ပြီးတော့ “အသက်(၂၀)လောက်တုန်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်ခဲ့တယ်။ အသက်(၂၇) ၊ (၃၀) ဒါမှမဟုတ် (၃၀) ကျော်တဲ့အချိန်မှာအိမ်ထောင်ပြုဖြစ်လောက်မယ်လို့တွေးခဲ့တယ်။ အခုဆိုရင်(၃၀)နှောင်းပိုင်းကိုရောက်ရှိနေပြီး အဲ့ဒီအကြောင်းကိုမစဉ်းစားချင်တော့ဘူး။” ဆိုပြီးပြောခဲ့ပါတယ်။ Park Min Young ကတော့ အလုပ်လုပ်ရတာကိုပျော်ပြီး အိမ်ထောင်ပြုဖို့လည်း ဝေးနေဦးမယ်လို့ဆိုပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း “လွယ်လွယ်နဲ့မချစ်တတ်ပေမဲ့ အဲ့ဒီလူနဲ့ပိုပြီးတော့ သိကျွမ်းလာတဲ့အခါမှာတော့ ချစ်မိသွားနိုင်တယ်လို့ထင်ပါတယ်။ ဂျင်ဟာဂယောင်းဆိုတဲ့ဇာတ်ရုပ်နဲ့တော့ အမြင်ချင်းကွာလိမ့်မယ်။ ဒါကတော့အချစ်နဲ့ပတ်သက်ပြီး ကျွန်မတွေးတဲ့ပုံပါပဲ။ အလုပ်ကိုဦးစားပေးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။” ဆို ပြီးတော့ ပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်