ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားနဲ့ပွဲဦးထွက်လာတော့မယ့် ‘Squid Game’ မင်းသမီး Jung Ho Yeon

Posted on

တောင်ကိုရီးယားမော်ဒယ်လ်နဲ့မင်းသမီးဖြစ်တဲ့Jung Ho Yeon ကတော့ ကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိနေတာပါ။ Squid Game မှာပါဝင်ပြီးနောက် ကမ္ဘာကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲအလုပ်လုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


အခုဆိုရင်တော့ ဒါရိုက်တာ Joe Talbot ရဲ့ The Governesses ဆိုတဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ ပါဝင်လာတော့ှာပါ။ ဒါကတော့သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ Jung Ho Yeon ရဲ့အေဂျင်စီဖြစ်တဲ့Saram Entertainment ကလည်း The Governesses ရဲ့အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်မယ့်အကြောင်းကိုအတည်ပြုထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Lily-Rose Depp နဲ့ Renate Reinsve တို့ကလည်း တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်။


အရင်လကတော့ Jung Ho Yeon ဟာ AppleTV+ ကထုတ်လွှင့်မယ့် Disclaimer ဆိုတဲ့ရုပ်သံစီးရီးမှာလည်း ပါဝင်လာဦးမယ်လို့ဆိုပါတယ်။ Jung Ho Yeon ဟောလိဝုဒ်ထိတောင်အောင်မြင်မှုတွေရရှိနေတာ တကယ့်ကိုဂုဏ်ယူစရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

ေဟာလိဝုဒ္႐ုပ္ရွင္ဇာတ္ကားနဲ႔ပြဲဦးထြက္လာေတာ့မယ့္ ‘Squid Game’ မင္းသမီး Jung Ho Yeon
ေတာင္ကိုရီးယားေမာ္ဒယ္လ္နဲ႔မင္းသမီးျဖစ္တဲ့Jung Ho Yeon ကေတာ့ ကမာၻနဲ႔အဝွမ္းေအာင္ျမင္မႈေတြရရွိေနတာပါ။ Squid Game မွာပါဝင္ၿပီးေနာက္ ကမာၻေက်ာ္အမွတ္တံဆိပ္ေတြနဲ႔လက္တြဲအလုပ္လုပ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။


အခုဆိုရင္ေတာ့ ဒါ႐ိုက္တာ Joe Talbot ရဲ႕ The Governesses ဆိုတဲ့ ေဟာလိဝုဒ္ဇာတ္ကားမွာ ပါဝင္လာေတာ့ွာပါ။ ဒါကေတာ့သူ႔ရဲ႕ပြဲဦးထြက္႐ုပ္ရွင္ကားလည္း ျဖစ္ပါတယ္။ Jung Ho Yeon ရဲ႕ေအဂ်င္စီျဖစ္တဲ့Saram Entertainment ကလည္း The Governesses ရဲ႕အဓိကဇာတ္ေဆာင္အေနနဲ႔ပါဝင္မယ့္အေၾကာင္းကိုအတည္ျပဳထားပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ Lily-Rose Depp နဲ႔ Renate Reinsve တို႔ကလည္း တြဲဖက္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။
အရင္လကေတာ့ Jung Ho Yeon ဟာ AppleTV+ ကထုတ္လႊင့္မယ့္ Disclaimer ဆိုတဲ့႐ုပ္သံစီးရီးမွာလည္း ပါဝင္လာဦးမယ္လို႔ဆိုပါတယ္။ Jung Ho Yeon ေဟာလိဝုဒ္ထိေတာင္ေအာင္ျမင္မႈေတြရရွိေနတာ တကယ့္ကိုဂုဏ္ယူစရာပါပဲ။