ရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်ဖို့အတွက်ဆွေးနွေးနေတဲ့ မင်းသားYeo Jin Goo နဲ့ မင်းသမီး Kim Hye Yoon

Posted on

ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ Similar မှာအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ဖို့အတွက်မင်းသားYeo Jin Goo နဲ့ မင်းသမီး Kim Hye Yoon တို့ကို ကမ်းလှမ်းထားပါတယ်။ဧပြီလ (၉) ရက်နေ့မှာတော့ Similar ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက်သုံးသပ်နေတယ်လို့ သတင်းထွက်ရှိလာပါတယ်။


Similar ရုပ်ရှင်ဇာတ်ကားကတော့ (၂၀၁၅) ခုနှစ်က Busan International Film Festival ပွဲမှာ Daemyung Culture Wave ဆုကို ရရှိထားတဲ့ ဒါရိုက်တာ Seo Eun Young ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။ မင်းသားYeo Jin Goo နဲ့ မင်းသမီး Kim Hye Yoon တို့ကိုကမ်းလှမ်းထားတဲ့သတင်းကို စိတ်ဝင်စားနေကြတာဖြစ်ပြီး သူတို့နှစ်ဦးကတော့ သက်တူရွယ်တူဖြစ်သလို ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် အသိအမှတ်ပြုခံထားရတာပါ။


Yeo Jin Goo ကတော့ ‘Hotel Del Luna’ နဲ့ ‘Beyond Evil’ စတဲ့ဇာတ်ကားတွေမှာပါဝင်ခဲ့ပြီး Kim Hye Yoon ကတော့ ‘SKY Castle’၊ ‘Extraordinary You’နဲ့ ‘Snowdrop’ စတဲ့ဇာတ်ကားတွေမှာပါဝင်ခဲ့ဖူးပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

႐ုပ္ရွင္ဇာတ္ကားသစ္မွာ ပါဝင္ဖို႔အတြက္ေဆြးေႏြးေနတဲ့ မင္းသားYeo Jin Goo နဲ႔ မင္းသမီး Kim Hye Yoon
႐ုပ္ရွင္ဇာတ္ကားအသစ္ျဖစ္တဲ့ Similar မွာအဓိကဇာတ္ေဆာင္အေနနဲ႔ပါဝင္ဖို႔အတြက္မင္းသားYeo Jin Goo နဲ႔ မင္းသမီး Kim Hye Yoon တို႔ကို ကမ္းလွမ္းထားပါတယ္။ဧၿပီလ (၉) ရက္ေန႔မွာေတာ့ Similar ဆိုတဲ့ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္သုံးသပ္ေနတယ္လို႔ သတင္းထြက္ရွိလာပါတယ္။


Similar ႐ုပ္ရွင္ဇာတ္ကားကေတာ့ (၂၀၁၅) ခုႏွစ္က Busan International Film Festival ပြဲမွာ Daemyung Culture Wave ဆုကို ရရွိထားတဲ့ ဒါ႐ိုက္တာ Seo Eun Young ႐ိုက္ကူးသြားမွာလည္း ျဖစ္ပါတယ္။ မင္းသားYeo Jin Goo နဲ႔ မင္းသမီး Kim Hye Yoon တို႔ကိုကမ္းလွမ္းထားတဲ့သတင္းကို စိတ္ဝင္စားေနၾကတာျဖစ္ၿပီး သူတို႔ႏွစ္ဦးကေတာ့ သက္တူ႐ြယ္တူျဖစ္သလို ထူးခြၽန္တဲ့သ႐ုပ္ေဆာင္စြမ္းရည္ေတြေၾကာင့္ အသိအမွတ္ျပဳခံထားရတာပါ။
Yeo Jin Goo ကေတာ့ ‘Hotel Del Luna’ နဲ႔ ‘Beyond Evil’ စတဲ့ဇာတ္ကားေတြမွာပါဝင္ခဲ့ၿပီး Kim Hye Yoon ကေတာ့ ‘SKY Castle’၊ ‘Extraordinary You’နဲ႔ ‘Snowdrop’ စတဲ့ဇာတ္ကားေတြမွာပါဝင္ခဲ့ဖူးပါတယ္။