Netflix ဒရမ်မာဇာတ်လမ်းအသစ်နဲ့အတူ ပရိသတ်တွေဆီပြန်လာမယ့် Kang Tae Oh

Posted on

Kang Tae Oh ကတော့ မင်းသမီး Park Eun Bin နဲ့အတူ Weird Lawyer, Woo Young Woo ဇာတ်လမ်းတွဲမှာပါဝင်သွားမှာ ဖြစ်ပါတယ်။ ဧပြီလ(၈)ရက်နေ့မှာတော့ Kang Tae Oh ဟာ ENA နဲ့ Netflix ဇာတ်လမ်းတွဲဖြစ်တဲ့ Weird Lawyer, Woo Young Woo အတွက် ရိုက်ကူးရေးလုပ်နေတယ်လို့ သတင်းထွက်ရှိလာပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေပြီး အတန်းထဲမှာထိပ်ဆုံးအဆင့်နဲ့ ဥပဒေဘွဲ့ရခဲ့ပေမဲ့ လူမှုဆက်ဆံရေးမှာအခက်အခဲရှိနေတဲ့Asperger’s syndrome ကိုခံစားနေရတဲ့ ရှေ့နေ Woo Young Woo ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Kang Tae Oh ကတော့ ဥပဒေရုံးမှာ ရုံးမှာနာမည်ကြီးပြီး ချောမောခန့်ညားကာကြင်နာတတ်သူအဖြစ်နာမည်ကြီးတဲ့ Lee Jun Hoအဖြစ်ပါဝင်ထားတာပါ။


အဲ့ဒီနောက်မှာတော့ သူဟာရှေ့နေWoo Young Wooနဲ့ တွေ့ဆုံဖို့အကြောင်းဖြစ်လာခဲ့ပါတယ်။ မတူညီတဲ့စရိုက်တွေနဲ့ရှေ့နေနှစ်ဦးကြားက ဇာတ်လမ်းကတော့ဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီဇာတ်လမ်းကိုတော့ဇွန်လမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Netflix ဒရမ္မာဇာတ္လမ္းအသစ္နဲ႔အတူ ပရိသတ္ေတြဆီျပန္လာမယ့္ Kang Tae Oh
Kang Tae Oh ကေတာ့ မင္းသမီး Park Eun Bin နဲ႔အတူ Weird Lawyer, Woo Young Woo ဇာတ္လမ္းတြဲမွာပါဝင္သြားမွာ ျဖစ္ပါတယ္။ ဧၿပီလ(၈)ရက္ေန႔မွာေတာ့ Kang Tae Oh ဟာ ENA နဲ႔ Netflix ဇာတ္လမ္းတြဲျဖစ္တဲ့ Weird Lawyer, Woo Young Woo အတြက္ ႐ိုက္ကူးေရးလုပ္ေနတယ္လို႔ သတင္းထြက္ရွိလာပါတယ္။


ဒီဇာတ္လမ္းတြဲကေတာ့ ဆိုးလ္အမ်ိဳးသားတကၠသိုလ္ကေနၿပီး အတန္းထဲမွာထိပ္ဆုံးအဆင့္နဲ႔ ဥပေဒဘြဲ႕ရခဲ့ေပမဲ့ လူမႈဆက္ဆံေရးမွာအခက္အခဲရွိေနတဲ့Asperger’s syndrome ကိုခံစားေနရတဲ့ ေရွ႕ေန Woo Young Woo ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ Kang Tae Oh ကေတာ့ ဥပေဒ႐ုံးမွာ ႐ုံးမွာနာမည္ႀကီးၿပီး ေခ်ာေမာခန႔္ညားကာၾကင္နာတတ္သူအျဖစ္နာမည္ႀကီးတဲ့ Lee Jun Hoအျဖစ္ပါဝင္ထားတာပါ။


အဲ့ဒီေနာက္မွာေတာ့ သူဟာေရွ႕ေနWoo Young Wooနဲ႔ ေတြ႕ဆုံဖို႔အေၾကာင္းျဖစ္လာခဲ့ပါတယ္။ မတူညီတဲ့စ႐ိုက္ေတြနဲ႔ေရွ႕ေနႏွစ္ဦးၾကားက ဇာတ္လမ္းကေတာ့ဘယ္လိုမ်ိဳးလဲဆိုတာ စိတ္ဝင္စားစရာပါ။ ဒီဇာတ္လမ္းကိုေတာ့ဇြန္လမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။