ကင်ဆာရောဂါကိုတိုက်ခိုက်ပြီးနောက် Our Blues ဆိုတဲ့ဒရမ်မာအသစ်နဲ့ ပရိသတ်တွေဆီပြန်လာတဲ့ Kim Woo Bin

Posted on

မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒရမ်မာဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့တဲ့ Kim Woo Bin ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားလည်းဖြစ်ပါတယ်။ သူကတော့ မင်းသမီးချော Shin Min Ah နဲ့အတူ ချစ်သူတွေအဖြစ်တွဲပြီးတော့သိကြပါသေးတယ်။ မင်းသားဟာ nasopharyngeal ကင်ဆာကိုနှစ်အတော်ကြာခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။

ကင်ဆာရောဂါကိုပျောက်ကင်းအောင်ကုသပြီးတဲ့အခါမှာတော့ မင်းသား Kim Woo Bin ရဲ့ပထမဆုံးဒရမ်မာစီးရီးကို ဧပြီလ(၉)ရက်နေ့မှာ ပြသတော့မှာပါ။ ဒီဇာတ်ကားနာမည်ကတော့ Our Blues ဖြစ်ပြီး ဂျယ်ဂျူးကျွန်းမှာနေထိုင်တဲ့ လူတွေရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကတော့ သာမန်လူတစ်ယောက်ချင်းစီရဲ့အဓိပ္ပာယ်ရှိတဲ့ဘဝတွေကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။


Kim Woo Bin ကတော့ လှေကပ္ပတိန် Park Jung Joon အဖြစ်နဲ့ပါဝင်ထားပြီး သူကတော့ နုံအတဲ့သူတစ်ယောက်ဖြစ်ပြီး ရေငုပ်သမားတစ်ယောက်ကိုစိတ်ဝင်စားကြောင်းကို အပိုင်း(၁)မှာပြသခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ အပတ်စဉ်စနေနဲ့ တနင်္ဂနွေတွေမှာပြသနေတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကင္ဆာေရာဂါကိုတိုက္ခိုက္ၿပီးေနာက္ Our Blues ဆိုတဲ့ဒရမ္မာအသစ္နဲ႔ ပရိသတ္ေတြဆီျပန္လာတဲ့ Kim Woo Bin
ေမာ္ဒယ္လ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ဒရမ္မာဇာတ္လမ္းတြဲမ်ားစြာမွာပါဝင္ခဲ့တဲ့ Kim Woo Bin ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားလည္းျဖစ္ပါတယ္။ သူကေတာ့ မင္းသမီးေခ်ာ Shin Min Ah နဲ႔အတူ ခ်စ္သူေတြအျဖစ္တြဲၿပီးေတာ့သိၾကပါေသးတယ္။ မင္းသားဟာ nasopharyngeal ကင္ဆာကိုႏွစ္အေတာ္ၾကာခံစားခဲ့ရတာလည္း ျဖစ္ပါတယ္။


ကင္ဆာေရာဂါကိုေပ်ာက္ကင္းေအာင္ကုသၿပီးတဲ့အခါမွာေတာ့ မင္းသား Kim Woo Bin ရဲ႕ပထမဆုံးဒရမ္မာစီးရီးကို ဧၿပီလ(၉)ရက္ေန႔မွာ ျပသေတာ့မွာပါ။ ဒီဇာတ္ကားနာမည္ကေတာ့ Our Blues ျဖစ္ၿပီး ဂ်ယ္ဂ်ဴးကြၽန္းမွာေနထိုင္တဲ့ လူေတြရဲ႕ဘဝအေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီဇာတ္ကားကေတာ့ သာမန္လူတစ္ေယာက္ခ်င္းစီရဲ႕အဓိပၸာယ္ရွိတဲ့ဘဝေတြကို႐ိုက္ကူးထားတဲ့ ဇာတ္ကားေလးလည္း ျဖစ္ပါတယ္။
Kim Woo Bin ကေတာ့ ေလွကပၸတိန္ Park Jung Joon အျဖစ္နဲ႔ပါဝင္ထားၿပီး သူကေတာ့ ႏုံအတဲ့သူတစ္ေယာက္ျဖစ္ၿပီး ေရငုပ္သမားတစ္ေယာက္ကိုစိတ္ဝင္စားေၾကာင္းကို အပိုင္း(၁)မွာျပသခဲ့ပါတယ္။ ဒီဇာတ္ကားကိုေတာ့ အပတ္စဥ္စေနနဲ႔ တနဂၤေႏြေတြမွာျပသေနတာပဲ ျဖစ္ပါတယ္။