“True Beauty” ရဲ့ဇာတ်ကောင်ကိုဖန်တီးဖို့အတွက် မျက်စိကျခဲ့ရတဲ့အိုင်ဒေါတွေအကြောင်း ထုတ်ဖော်ပြောပြခဲ့တဲ့စာရေးဆရာမ

Posted on

Webtoon စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Yaongyi ကတော့ မျက်စိကျခဲ့တဲ့အိုင်ဒေါတွေကို ပြောပြခဲ့ပါတယ်။ True Beauty ရဲ့စာရေးဆရာမဖြစ်ကတော့ MBC ရဲ့ Radio Star အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ဇာတ်ကောင်တွေကိုခေတ်နဲ့ညီအောင်ဖန်တီးခဲ့တဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

သူကတော့ အထက်တန်းကျောင်းနဲ့ပတ်သက်တဲ့အကြောင်းကိုရေးသားရာမှာ သူကြုံတွေ့ခဲ့ရတဲ့အတိုင်းရေးသားခဲ့တာဖြစ်ပြီးခေတ်နဲ့လွဲနေတဲ့အပိုင်းတွေရှိခဲ့တာပါ။ ဒါကြောင့်လည်း ဝေဖန်မှုတွေကြုံခဲ့ရတာကြောင့် ခေတ်ကိုမျက်ခြေမပျက်အောင်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ True Beauty ကတော့ Webtoon အဖြစ်ထွက်ရှိလာချိန်ကတည်းကပရိသတ်တွေကြိုက်နှစ်သက်ကြတာဖြစ်ပြီး ဇာတ်လမ်းတွဲရိုက်ကူးချိန်မှာလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။

စာရေးဆရာမကတော့ ခေတ်နဲ့ဖက်ရှင်တွေကိုအဆက်မပြတ်အောင်အိုင်ဒေါတွေကိုကြည့်ကာ ဇာတ်ကောင်ပုံဖော်လေ့ရှိပြီး ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်မိန်းကလေးကိုတော့ အိုင်ဒေါအချို့ကိုအတုယူကာရေးဆွဲခဲ့တာပါ။ အဲ့ဒီအိုင်ဒေါတွေကတော့ IVE အဖွဲ့ဝင် Jang Won Young နဲ့ NMIXX အဖွဲ့ဝင် Sullyoon တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာလှပကျော့ရှင်းတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုတော့ အမျိုးသားတွေနှစ်သက်သဘောကျကြပြီး နိုင်ငံရပ်ခြားမှာလည်း အောင်မြင်ကြသူတွေဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

True Beauty ရဲ႕ဇာတ္ေကာင္ကိုဖန္တီးဖို႔အတြက္ မ်က္စိက်ခဲ့ရတဲ့အိုင္ေဒါေတြအေၾကာင္း ထုတ္ေဖာ္ေျပာျပခဲ့တဲ့စာေရးဆရာမ
Webtoon စာေရးဆရာမတစ္ေယာက္ျဖစ္တဲ့ Yaongyi ကေတာ့ မ်က္စိက်ခဲ့တဲ့အိုင္ေဒါေတြကို ေျပာျပခဲ့ပါတယ္။ True Beauty ရဲ႕စာေရးဆရာမျဖစ္ကေတာ့ MBC ရဲ႕ Radio Star အစီအစဥ္မွာ ပါဝင္ခဲ့ၿပီး ဇာတ္ေကာင္ေတြကိုေခတ္နဲ႔ညီေအာင္ဖန္တီးခဲ့တဲ့အေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။


သူကေတာ့ အထက္တန္းေက်ာင္းနဲ႔ပတ္သက္တဲ့အေၾကာင္းကိုေရးသားရာမွာ သူႀကဳံေတြ႕ခဲ့ရတဲ့အတိုင္းေရးသားခဲ့တာျဖစ္ၿပီးေခတ္နဲ႔လြဲေနတဲ့အပိုင္းေတြရွိခဲ့တာပါ။ ဒါေၾကာင့္လည္း ေဝဖန္မႈေတြႀကဳံခဲ့ရတာေၾကာင့္ ေခတ္ကိုမ်က္ေျခမပ်က္ေအာင္ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ True Beauty ကေတာ့ Webtoon အျဖစ္ထြက္ရွိလာခ်ိန္ကတည္းကပရိသတ္ေတြႀကိဳက္ႏွစ္သက္ၾကတာျဖစ္ၿပီး ဇာတ္လမ္းတြဲ႐ိုက္ကူးခ်ိန္မွာလည္း အေတာ္ေလးေအာင္ျမင္ခဲ့ပါတယ္။
စာေရးဆရာမကေတာ့ ေခတ္နဲ႔ဖက္ရွင္ေတြကိုအဆက္မျပတ္ေအာင္အိုင္ေဒါေတြကိုၾကည့္ကာ ဇာတ္ေကာင္ပုံေဖာ္ေလ့ရွိၿပီး ဒီဇာတ္လမ္းတြဲရဲ႕အဓိကဇာတ္ေကာင္မိန္းကေလးကိုေတာ့ အိုင္ေဒါအခ်ိဳ႕ကိုအတုယူကာေရးဆြဲခဲ့တာပါ။ အဲ့ဒီအိုင္ေဒါေတြကေတာ့ IVE အဖြဲ႕ဝင္ Jang Won Young နဲ႔ NMIXX အဖြဲ႕ဝင္ Sullyoon တို႔ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာလွပေက်ာ့ရွင္းတဲ့သူေတြျဖစ္ပါတယ္။ သူတို႔ကိုေတာ့ အမ်ိဳးသားေတြႏွစ္သက္သေဘာက်ၾကၿပီး ႏိုင္ငံရပ္ျခားမွာလည္း ေအာင္ျမင္ၾကသူေတြျဖစ္ပါတယ္။