ပရိသတ်တွေကိုဖမ်းစားခဲ့ပြန်တဲ့ လော့စ်အိန်ဂျလိစ့်ရောက် Jennie ရဲ့အမိုက်စားပုံရိပ်တွေ
Posted on
Blackpink အဖွဲ့ဝင် Jennie ဟာအမြဲမိမိုက်နေတာကြောင့် ဖက်ရှင်နဲ့ပတ်သက်ပြီး စံထားရတဲ့သူတစ်ဦးပါပဲ။ သူကတော့ မကြာခင်က လိမ္မော်ရောင်တောက်တောက်ဆံပင်အရောင်ကို ပြောင်းလဲခဲ့တာဖြစ်ပြီး ပရိသတ်ကစိတ်ဝင်စားနေကြတာပါ။ ရက်ပိုင်းအတွင်းမှာပဲဆံပင်စတိုင်အသစ်နဲ့အမေရိကကိုသွားရောက်ခဲ့တာပါ။
Blackpink အဖွဲ့ဝင် Jennie ဟာ လေ့ာစ်အိန်ဂျလိစ့်က Gentle Monster ရဲ့စတိုးကို အလည်သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ မကြာသေးခင်က ဒီအမှတ်တံဆိပ်နဲ့ပူးပေါင်းဖို့အတွက် အမှတ်တံဆိပ်ရဲ့နာမည်ကျော်စတိုးကို သွားရောက်ခဲ့တာပါ။ Jennie နဲ့ Gentle Monster ကတော့ ပူးပေါင်းဖန်တီးမှုအသစ်ဖြစ်တဲ့ Jentle Garden ကို စိတ်ကူးယဉ်ကမ္ဘာအဖြစ်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
ဆံပင်စတိုင်အသစ်နဲ့ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ Jennie ကတော့ ထုံးစံအတိုင်း တောက်ပထင်ရှားနေခဲ့ပြန်ပါတယ်။ Jentle Garden ကတော့ ဧပြီလ(၁၃)ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်