လက်ထပ်ဖို့ရန်မိခင်ဖြစ်သူရဲ့ဖိအားပေးစီစဉ်မှုတွေကနေ ရှောင်ပြေးခဲ့တဲ့အကြောင်းကိုပြောပြလာတဲ့ မင်းသမီး Song Ji Hyo

Posted on

မင်းသမီးချော Song Ji Hyo ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူကတော့ လက်ရှိအသက်(၄၂)နှစ်တိုင်အောင် လှပနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့အချစ်ရေးတွေကတော့ ပရိသတ်တွေစိတ်ဝင်စားနေရတဲ့အရာလည်း ဖြစ်ပါတယ်။ Song Ji Hyo ကတော့ တစ်ကိုယ်တည်းနေရတာကို သဘောကျတဲ့သူ ဖြစ်ပုံရပါတယ်။


Song Ji Hyo ကတော့ အိမ်ထောင်ပြုဖို့ရန်ဖိအားပေးမှုတွေကနေ ဖြေရှင်းခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောပြခဲ့ပါတယ်။ မကြာသေးခင်ကတော့ Problem Child in House ဆိုတဲ့ အစီအစဉ်မှာ ပါဝင်အသံသွင်းခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာတော့ လက်ထပ်ဖို့အတွက်ဖိအားမရှိတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ သူကတော့ “အသက်(၄၀)ကျော်သွားပြီးတဲ့နောက် အမေကတော့လက်ထပ်ဖို့အတွက်စီစဉ်တာမျိုးမရှိတော့ဘူး။အဲ့ဒါက အတော်လေး ငြိမ်းချမ်းသွားတယ်” လို့ ဆိုပါတယ်။


Song Ji Hyo အသက်(၃၀)ခန့်မှာတော့ မိခင်ဖြစ်သူဟာ ဘလိုင်းဒိတ်တွေအများကြီးကိုစီစဉ်ပေးခဲ့တာပါ။ သူကတော့ ဘလိုင်းဒိတ်ကိုအလွန်မုန်းတာကြောင့် အိမ်ကနေထွက်ခွာခဲ့ဖူးကြောင်းကို ဝန်ခံခဲ့ပါတယ်။ Song Ji Hyo ကတော့ သူ့ရဲ့စံပြအမျိုးသားပုံစံဟာ သက်ကြီးရွယ်အိုတွေကို လေးစားတတ်သူဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

လက္ထပ္ဖို႔ရန္မိခင္ျဖစ္သူရဲ႕ဖိအားေပးစီစဥ္မႈေတြကေန ေရွာင္ေျပးခဲ့တဲ့အေၾကာင္းကိုေျပာျပလာတဲ့ မင္းသမီး Song Ji Hyo
မင္းသမီးေခ်ာ Song Ji Hyo ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသား ဝါရင့္မင္းသမီးတစ္လက္ျဖစ္ပါတယ္။ သူကေတာ့ လက္ရွိအသက္(၄၂)ႏွစ္တိုင္ေအာင္ လွပႏုပ်ိဳေနဆဲျဖစ္ၿပီး သူ႔ရဲ႕အခ်စ္ေရးေတြကေတာ့ ပရိသတ္ေတြစိတ္ဝင္စားေနရတဲ့အရာလည္း ျဖစ္ပါတယ္။ Song Ji Hyo ကေတာ့ တစ္ကိုယ္တည္းေနရတာကို သေဘာက်တဲ့သူ ျဖစ္ပုံရပါတယ္။


Song Ji Hyo ကေတာ့ အိမ္ေထာင္ျပဳဖို႔ရန္ဖိအားေပးမႈေတြကေန ေျဖရွင္းခဲ့တဲ့အေၾကာင္းကို ဖြင့္ဟေျပာျပခဲ့ပါတယ္။ မၾကာေသးခင္ကေတာ့ Problem Child in House ဆိုတဲ့ အစီအစဥ္မွာ ပါဝင္အသံသြင္းခဲ့ပါတယ္။ အဲ့ဒီအစီအစဥ္မွာေတာ့ လက္ထပ္ဖို႔အတြက္ဖိအားမရွိတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ သူကေတာ့ “အသက္(၄၀)ေက်ာ္သြားၿပီးတဲ့ေနာက္ အေမကေတာ့လက္ထပ္ဖို႔အတြက္စီစဥ္တာမ်ိဳးမရွိေတာ့ဘူး။အဲ့ဒါက အေတာ္ေလး ၿငိမ္းခ်မ္းသြားတယ္” လို႔ ဆိုပါတယ္။
Song Ji Hyo အသက္(၃၀)ခန႔္မွာေတာ့ မိခင္ျဖစ္သူဟာ ဘလိုင္းဒိတ္ေတြအမ်ားႀကီးကိုစီစဥ္ေပးခဲ့တာပါ။ သူကေတာ့ ဘလိုင္းဒိတ္ကိုအလြန္မုန္းတာေၾကာင့္ အိမ္ကေနထြက္ခြာခဲ့ဖူးေၾကာင္းကို ဝန္ခံခဲ့ပါတယ္။ Song Ji Hyo ကေတာ့ သူ႔ရဲ႕စံျပအမ်ိဳးသားပုံစံဟာ သက္ႀကီး႐ြယ္အိုေတြကို ေလးစားတတ္သူျဖစ္ေၾကာင္း ေျပာျပခဲ့ပါေသးတယ္။