မိသားစုဝင်တွေလိုဖြစ်နေရတဲ့ Blackpink အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေးအကြောင်းပြောပြလာတဲ့ Rosé

Posted on

အလွန်အောင်မြင်တဲ့ကေပေါပ့်အိုင်ဒေါအဖွဲ့ဖြစ်တဲ့ Blackpink ကတော့ မသိသူမရှိသလောက်ပါပဲ။ အဲ့ဒီအထဲကမှ သွယ်လျလှပပြီးဖက်ရှင်ကျတဲ့ Blackpinkအဖွဲ့ဝင် Rosé ကတော့ အခုဆိုရင် Harper‘s Bazaar အတွက်အမိုက်စားပုံရိပ်တွေကို ရိုက်ကူးပေးခဲ့တာပါ။


Rosé ကတော့ Harper‘s Bazaar နဲ့အင်တာဗျူးတစ်ခုမှာ စင်မြင့်ပေါ်မှာဖျော်ဖြေတာနဲ့ ဂီတကိုချစ်မြတ်နိုးရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ “စင်ပေါ်မှာဖျော်ဖြေရတာက တကယ့်ကိုပျော်စရာကောင်းပါတယ်။ ဒီလိုဖျော်ဖြေရတာက တခါတလေပျော်ပြီး တခါတလေတော့မပျော်ရွှင်ပါဘူး။ ဒါပေမဲ့ဒီနေရာက ကျွန်မရှိနေရမယ့်နေရာလို့ ခံစားရပါတယ်။ ဒါကလည်း ဂီတနဲ့ပတ်သက်ပြီး အခြေခံလုပ်ရမယ့်အရာလို့လည်းထင်တယ်။ ပြီးတော့ ကျွန်မရဲ့ခံစားချက်တွေကို အနီးစပ်ဆုံးဖော်ပြလို့ရတဲ့အရာလို့ ထင်ပါတယ်။”လို့ ဆိုပါတယ်။


Blackpink အဖွဲ့ဝင်တွေနဲ့ဆက်ဆံရေးကိုလည်း “အဖွဲ့ဝင်တွေနဲ့အတူရှိနေတဲ့အခါ သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်။ ဒီနေ့ရက်တွေမှာ ပိုလို့တောင်သိသာပါသေးတယ်။ အချိန်တွေကုန်လာတာနဲ့အမျှ တကယ့်မိသားစုဝင်တွေလိုပဲခံစားလာရတာပါ” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မိသားစုဝင္ေတြလိုျဖစ္ေနရတဲ့ Blackpink အဖြဲ႕ဝင္ေတြနဲ႔ ဆက္ဆံေရးအေၾကာင္းေျပာျပလာတဲ့ Roséအလြန္ေအာင္ျမင္တဲ့ေကေပါပ့္အိုင္ေဒါအဖြဲ႕ျဖစ္တဲ့ Blackpink ကေတာ့ မသိသူမရွိသေလာက္ပါပဲ။ အဲ့ဒီအထဲကမွ သြယ္လ်လွပၿပီးဖက္ရွင္က်တဲ့ Blackpinkအဖြဲ႕ဝင္ Rosé ကေတာ့ အခုဆိုရင္ Harper‘s Bazaar အတြက္အမိုက္စားပုံရိပ္ေတြကို ႐ိုက္ကူးေပးခဲ့တာပါ။


Rosé ကေတာ့ Harper‘s Bazaar နဲ႔အင္တာဗ်ဴးတစ္ခုမွာ စင္ျမင့္ေပၚမွာေဖ်ာ္ေျဖတာနဲ႔ ဂီတကိုခ်စ္ျမတ္ႏိုးရတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ “စင္ေပၚမွာေဖ်ာ္ေျဖရတာက တကယ့္ကိုေပ်ာ္စရာေကာင္းပါတယ္။ ဒီလိုေဖ်ာ္ေျဖရတာက တခါတေလေပ်ာ္ၿပီး တခါတေလေတာ့မေပ်ာ္႐ႊင္ပါဘူး။ ဒါေပမဲ့ဒီေနရာက ကြၽန္မရွိေနရမယ့္ေနရာလို႔ ခံစားရပါတယ္။ ဒါကလည္း ဂီတနဲ႔ပတ္သက္ၿပီး အေျခခံလုပ္ရမယ့္အရာလို႔လည္းထင္တယ္။ ၿပီးေတာ့ ကြၽန္မရဲ႕ခံစားခ်က္ေတြကို အနီးစပ္ဆုံးေဖာ္ျပလို႔ရတဲ့အရာလို႔ ထင္ပါတယ္။”လို႔ ဆိုပါတယ္။
Blackpink အဖြဲ႕ဝင္ေတြနဲ႔ဆက္ဆံေရးကိုလည္း “အဖြဲ႕ဝင္ေတြနဲ႔အတူရွိေနတဲ့အခါ သက္ေတာင့္သက္သာရွိတယ္လို႔ ခံစားရတယ္။ ဒီေန႔ရက္ေတြမွာ ပိုလို႔ေတာင္သိသာပါေသးတယ္။ အခ်ိန္ေတြကုန္လာတာနဲ႔အမွ် တကယ့္မိသားစုဝင္ေတြလိုပဲခံစားလာရတာပါ” လို႔ ဆိုပါတယ္။