Blackpink အဖွဲ့ဝင် Jennie ကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် လူသိများတဲ့သူပါ။ သူကတော့ နာမည်ကျော်တဲ့ Coachella ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ပရိသတ်တွေကြားမှာရှိနေခဲ့တဲ့ Jennie ရဲ့ပုံရိပ်ကတော့ ပျံ့နှံ့လာခဲ့ပါတယ်။
ပရိသတ်တွေကတော့ Coachella ပွဲကပရိသတ်တွေထဲမှာ Jennie ကိုတွေ့ခဲ့ရတာကြောင့် လူပြောများနေခဲ့တာပါ။ အွန်လိုင်းမှာတော့ လိမ္မော်ရောင်ဆံပင်စတိုင်နဲ့ အဖြူရောင် top ကိုဝတ်ဆင်ထားတဲ့ ပုံစံကတော့ အမိုက်စားဖြစ်နေပြီး Coachella ပွဲကပရိသတ်တွေရဲ့အလယ်မှာရပ်နေတဲ့ Jennie ရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေကမျှဝေခဲ့ပါတယ်။

ဒီတစ်နှစ် Coachella ပွဲမှာတော့ 2NE1 ရဲ့ဖျော်ဖြေမှုဟာ ပရိသတ်တွေကိုအံ့အားသင့်စေခဲ့တာပါ။ 2NE1 ရဲ့အမိုက်စားဖျော်ဖြေမှုက ပရိသတ်တွေကြားရေပန်းစားနေတာဖြစ်ပြီး Jennie တစ်ယောက် Coachella ပွဲကိုရောက်ရှိနေခဲ့တာကြောင့် Jennie ကတော့ Entertainment တူခဲ့တဲ့စီနီယာအစ်မတွေနဲ့ စင်နောက်ကွယ်မှာတွေ့နေမလားလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။
Zawgyi ဖြင့်ဖတ်ရန်
Coachella ပွဲကပရိသတ်တွေထဲမှာတွေ့ခဲ့ရတဲ့ Blackpink အဖွဲ့ဝင် Jennie