နာမည်ကျော် Coachella ဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင်သွားမယ့် aespa

Posted on

Coachella ဂီတဖျော်ဖြေပွဲကြီးကတော့ နှစ်စဉ်လိုလိုကြီးကျယ်ခမ်းနားစွာကျင်းပလေ့ရှိတာပါ။ နာမည်ကျော်ဂီတအနုပညာရှင်တွေဖျော်ဖြေလေ့ရှိတဲ့ဒီပွဲကြီးမှာတော့ အခုဆိုရင် ကေပေါပ့်အဖွဲ့တွေလည်း ပါဝင်ဖျော်ဖြေခဲ့ကြပြီလည်း ဖြစ်ပါတယ်။ aespa အဖွဲ့ကတော့ တတိယမြောက်ပါဝင်ဖျော်ဖြေခွင့်ရတဲ့ အမျိုးသမီးအိုင်ဒေါအဖွဲ့ဖြစ်လာမှာပါ။


Coachella ပွဲကြီးမှာတော့ နာမည်ကျော်အဖွဲ့တွေဖြစ်တဲ့ Blackpink 2NE1 စတဲ့ နာမည်ကျော်အဖွဲ့တွေက ပါဝင်ဖျော်ဖြေခဲ့ဖူးပြီ ဖြစ်ပါတယ်။ ဧပြီလ (၁၉)ရက်နေ့မှာတော့ Coachella ဂီတဖျော်ဖြေပွဲကြီးရဲ့ ဒုတိယအပတ်မှာတော့ aespa ကပါဝင်ဖျော်ဖြေသွားမယ့်အကြောင်းကို အတည်ပြုလိုက်ပါတယ်။ Coachellaပွဲကြီးမှာ အဖွဲ့ရဲ့တရားဝင်ပွဲဦးထွက်အနေနဲ့ အဓိကစင်မြင့်ဖျော်ဖြေမှုမှာပါဝင်မှာဖြစ်ပြီး ယူကျုဘ့်ကနေကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။


SM Entertainment ကတော့ “Black Mamba”၊ “Next Level” နဲ့ “Savage” စတဲ့ နာမည်ကျော်သီချင်းတွေအဖြစ် မထွက်ရှိထားသေးတဲ့သီချင်းအသစ်လည်းပါဝင်သွားမယ်လို့ ဆိုပါတယ်။ aespa အဖွဲ့ရဲ့စင်မြင့်ထက်ကအမိုက်စားဖျော်ဖြေမှုတွေကိုတော့ ပရိသတ်တွေကရင်ခုန်နေမှာ အသေအချာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

နာမည္ေက်ာ္ Coachella ဂီတေဖ်ာ္ေျဖပြဲႀကီးမွာ ပါဝင္သြားမယ့္ aespa
Coachella ဂီတေဖ်ာ္ေျဖပြဲႀကီးကေတာ့ ႏွစ္စဥ္လိုလိုႀကီးက်ယ္ခမ္းနားစြာက်င္းပေလ့ရွိတာပါ။ နာမည္ေက်ာ္ဂီတအႏုပညာရွင္ေတြေဖ်ာ္ေျဖေလ့ရွိတဲ့ဒီပြဲႀကီးမွာေတာ့ အခုဆိုရင္ ေကေပါပ့္အဖြဲ႕ေတြလည္း ပါဝင္ေဖ်ာ္ေျဖခဲ့ၾကၿပီလည္း ျဖစ္ပါတယ္။ aespa အဖြဲ႕ကေတာ့ တတိယေျမာက္ပါဝင္ေဖ်ာ္ေျဖခြင့္ရတဲ့ အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ျဖစ္လာမွာပါ။


Coachella ပြဲႀကီးမွာေတာ့ နာမည္ေက်ာ္အဖြဲ႕ေတြျဖစ္တဲ့ Blackpink 2NE1 စတဲ့ နာမည္ေက်ာ္အဖြဲ႕ေတြက ပါဝင္ေဖ်ာ္ေျဖခဲ့ဖူးၿပီ ျဖစ္ပါတယ္။ ဧၿပီလ (၁၉)ရက္ေန႔မွာေတာ့ Coachella ဂီတေဖ်ာ္ေျဖပြဲႀကီးရဲ႕ ဒုတိယအပတ္မွာေတာ့ aespa ကပါဝင္ေဖ်ာ္ေျဖသြားမယ့္အေၾကာင္းကို အတည္ျပဳလိုက္ပါတယ္။ Coachellaပြဲႀကီးမွာ အဖြဲ႕ရဲ႕တရားဝင္ပြဲဦးထြက္အေနနဲ႔ အဓိကစင္ျမင့္ေဖ်ာ္ေျဖမႈမွာပါဝင္မွာျဖစ္ၿပီး ယူက်ဳဘ့္ကေနၾကည့္ရႈႏိုင္မွာလည္း ျဖစ္ပါတယ္။
SM Entertainment ကေတာ့ “Black Mamba”၊ “Next Level” နဲ႔ “Savage” စတဲ့ နာမည္ေက်ာ္သီခ်င္းေတြအျဖစ္ မထြက္ရွိထားေသးတဲ့သီခ်င္းအသစ္လည္းပါဝင္သြားမယ္လို႔ ဆိုပါတယ္။ aespa အဖြဲ႕ရဲ႕စင္ျမင့္ထက္ကအမိုက္စားေဖ်ာ္ေျဖမႈေတြကိုေတာ့ ပရိသတ္ေတြကရင္ခုန္ေနမွာ အေသအခ်ာပါပဲေနာ္။