ပရိသတ်တွေနဲ့အွန်လိုင်းကနေတွေ့ဆုံရာမှာ မျက်ရည်ကျခဲ့တဲ့ IVE အဖွဲ့ဝင် Wonyoung

Posted on

IVE အဖွဲ့ဝင် Wonyoungတော့ ပရိသတ်တွေကိုအွန်လိုင်းကနေပြီးတွေ့ဆုံစကားပြောတဲ့အချိန်မှာ မျက်ရည်ကျခဲ့တာပဲ ဖြစ်ပါတယ်။ ဧပြီလ(၁၉)ရက်နေ့ကတော့ Wonyoung ရဲ့ ဗီဒီယိုတစ်ခုကတော့ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တစ်ယောက်နဲ့ဗီဒီယိုကောတစ်ခုဖြစ်ပြီးတော့ ပရိသတ်တစ်ယောက်ကတာ့ Wonyoung ကို ” လတွေအများကြီးစိတ်ဖိစီးမှုတွေဖြစ်ပြီး စိတ်ခံစားချက်မကောင်းဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ မင်းရဲ့စင်မြင့်ပေါ်ကပုံတွေကိုမြင်ရတဲ့အချိန်မှာ ပျော်ရွှင်တယ်လို့ခံစားရတယ်။ ငါမင်းနဲ့တွေ့ခွင့်ရဖို့နေ့တိုင်းမျှော်လင့်မိပါတယ်” ဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။


ဒီလိုမျိုးကြားရပြီးတဲ့နောက်မှာ Wonyoung ကတော့ မျက်ရည်တွေကျလာခဲ့တာပဲ ဖြစ်ပါတယ်။ Wonyoung တစ်ယောက်ငိုကြွေးတာကိုတွေ့ခဲ့ရတဲ့နောက်မှာ ပရိသတ်တွေကတော့ မကောင်းတဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး Wonyoung ကတော့ ခံစားနေရပုံရတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ မကြာသေးခင်ကတော့ MBC ရဲ့ Point of Omniscient Interference အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး IVEအဖွဲ့ဝင်တွေရဲ့နေ့စဉ်ဘဝကိုရိုက်ကူးရာမှာ Wonyoung ကတော့ စတော်ဘယ်ရီကိလက်နှစ်ဖက်နဲ့ကိုင်ပြီး စားခဲ့တာပဲဖြစ်ပါတယ်။


ဒါနဲ့ပတ်သက်ပြီးတော့ “သူမက ကင်မရာကိုအရမ်းဂရုစိုက်တယ်” ” စတော်ဘယ်ရီကိုဘယ်သူက ဒီလိုစားလို့လဲ” စသဖြင့်ဆိုးဝါးတဲ့မှတ်ချက်များစွာရရှိခဲ့တာပါ။ Wonyoung ကတော့ အခုလိုမျိုးဝေဖန်မှုတွေကြောင့် စိတ်ထိခိုက်ခဲ့ရပုံပေါ်ပါတယ်။ အခုဆိုရင် သူ့ကိုချစ်ခင်တဲ့ပရိသတ်တွေရဲ့စကားကြောင့် မျက်ရည်ကျတဲ့အထိတောင်ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြနဲ႔အြန္လိုင္းကေနေတြ႕ဆုံရာမွာ မ်က္ရည္က်ခဲ့တဲ့ IVE အဖြဲ႕ဝင္ Wonyoung
IVE အဖြဲ႕ဝင္ Wonyoungေတာ့ ပရိသတ္ေတြကိုအြန္လိုင္းကေနၿပီးေတြ႕ဆုံစကားေျပာတဲ့အခ်ိန္မွာ မ်က္ရည္က်ခဲ့တာပဲ ျဖစ္ပါတယ္။ ဧၿပီလ(၁၉)ရက္ေန႔ကေတာ့ Wonyoung ရဲ႕ ဗီဒီယိုတစ္ခုကေတာ့ ပ်ံ႕ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္တစ္ေယာက္နဲ႔ဗီဒီယိုေကာတစ္ခုျဖစ္ၿပီးေတာ့ ပရိသတ္တစ္ေယာက္ကတာ့ Wonyoung ကို ” လေတြအမ်ားႀကီးစိတ္ဖိစီးမႈေတြျဖစ္ၿပီး စိတ္ခံစားခ်က္မေကာင္းျဖစ္ေနခဲ့တာပါ။ ဒါေပမဲ့ မင္းရဲ႕စင္ျမင့္ေပၚကပုံေတြကိုျမင္ရတဲ့အခ်ိန္မွာ ေပ်ာ္႐ႊင္တယ္လို႔ခံစားရတယ္။ ငါမင္းနဲ႔ေတြ႕ခြင့္ရဖို႔ေန႔တိုင္းေမွ်ာ္လင့္မိပါတယ္” ဆိုၿပီးေတာ့ ေျပာခဲ့တာျဖစ္ပါတယ္။


ဒီလိုမ်ိဳးၾကားရၿပီးတဲ့ေနာက္မွာ Wonyoung ကေတာ့ မ်က္ရည္ေတြက်လာခဲ့တာပဲ ျဖစ္ပါတယ္။ Wonyoung တစ္ေယာက္ငိုေႂကြးတာကိုေတြ႕ခဲ့ရတဲ့ေနာက္မွာ ပရိသတ္ေတြကေတာ့ မေကာင္းတဲ့မွတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး Wonyoung ကေတာ့ ခံစားေနရပုံရတယ္လို႔ မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ မၾကာေသးခင္ကေတာ့ MBC ရဲ႕ Point of Omniscient Interference အစီအစဥ္မွာ ပါဝင္ခဲ့တာျဖစ္ၿပီး IVEအဖြဲ႕ဝင္ေတြရဲ႕ေန႔စဥ္ဘဝကို႐ိုက္ကူးရာမွာ Wonyoung ကေတာ့ စေတာ္ဘယ္ရီကိလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး စားခဲ့တာပဲျဖစ္ပါတယ္။
ဒါနဲ႔ပတ္သက္ၿပီးေတာ့ “သူမက ကင္မရာကိုအရမ္းဂ႐ုစိုက္တယ္” ” စေတာ္ဘယ္ရီကိုဘယ္သူက ဒီလိုစားလို႔လဲ” စသျဖင့္ဆိုးဝါးတဲ့မွတ္ခ်က္မ်ားစြာရရွိခဲ့တာပါ။ Wonyoung ကေတာ့ အခုလိုမ်ိဳးေဝဖန္မႈေတြေၾကာင့္ စိတ္ထိခိုက္ခဲ့ရပုံေပၚပါတယ္။ အခုဆိုရင္ သူ႔ကိုခ်စ္ခင္တဲ့ပရိသတ္ေတြရဲ႕စကားေၾကာင့္ မ်က္ရည္က်တဲ့အထိေတာင္ခံစားခဲ့ရတာပဲ ျဖစ္ပါတယ္။