Arthdal Chronicles ရဲ့ Season 2 မှာပါဝင်ဖို့ကမ်းလှမ်းထားခြင်းခံရတဲ့ Lee Joon Gi နဲ့ Shin Se Kyung

Posted on

Arthdal Chronicles ဟာ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ Arth ဆိုတဲ့ ဒဏ္ဍာရီလာနယ်မြေကိုအခြေတည်ပြီးဇာတ်အိမ်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ နာမည်ကျော်တွေဖြစ်တဲ့ Song Joong Ki၊ Jang Dong Gun ၊ Kim Ji Won နဲ့ Kim Ok Bin တို့ကတော့ Season 1 မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။


အခုဆိုရင် Season 2အတွက် သရုပ်ဆောင်တွေကို ရွေးချယ်နေပြီလည်း ဖြစ်ပါတယ်။ Season 2 မှာတော့ ဆယ်စုနှစ်ကျော်အကြာမှာဖြစ်ပျက်လာတဲ့ Arth ရဲ့အခြေအနေကို ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။ မင်းသားချော Lee Joon Ki ရဲ့ အေဂျင်စီဖြစ်တဲ့ Namoo Actors ကတော့ Arthdal Chronicles 2 ဟာ စဉ်းစားရွေးချယ်နေဆဲ ပရော့ဂျက်တွေထဲကတစ်ခုဖြစ်တဲ့အကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။


မင်းသမီး Shin Se Kyung ရဲ့ အေဂျင်စီကလည်း Season 2 မှာပါဝင်ဖို့ကမ်းလှမ်းခံထားရကြောင်း အတည်ပြုထားပါတယ်။ ဒီဇာတ်လမ်းမှာပါဝင်ဖြစ်မလားဆိုတာကိုတော့ အတည်ပြုထားခြင်းမရှိပါဘူး။ Lee Joon Gi နဲ့ Shin Se Kyung တို့နှစ်ဦးကတော့ အနုပညာသက်တမ်းနဲ့ များပြားတဲ့သရုပ်ဆောင်အတွေ့အကြုံတွေရှိတဲ့သူတွေလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


