ဒရမ်မာဇာတ်လမ်းတွဲသစ် ‘King the Land’ မှာပါဝင်သွားမယ့် Lee Jun Ho နဲ့ YoonA

Posted on

2PM အဖွဲ့ဝင် Jun Ho နဲ့ Girls’ Generation အဖွဲ့ဝင် YoonA တို့ကတော့ အချစ်ဟာသဇာတ်လမ်းတွဲသစ်မှာပါဝင်သွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့လိုက်ဖက်ညီတဲ့ဖျော်ဖြေ မှုကိုတော့ 2021 MBC Gayo Daejejeon မှာတွေ့ခဲ့ရပြီးပြီလည်း ဖြစ်ပါတယ်။


ဇာတ်လမ်းနာမည်’King the Land’ ဖြစ်ပြီးတော့ ဟိုတယ်လုပ်ငန်းရှင်တွေအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ မင်းသား Jun Ho ကတော့ ဇိမ်ခံဟိုတယ်၊လေကြောင်းလိုင်းတွေပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့သားတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ အမွေဆက်ခံဖို့အတွက်တိုက်ခိုက်နေကြတဲ့အခြေအနေကို ရင်ဆိုင်နေရတဲ့သူဖြစ်ပြီး ချောမောခန့်ညားပြီး ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးမှာတော့ ဘာမှမသိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။


မင်းသမီး YoonAကတော့ တောက်ပတဲ့အပြုံးတွေနဲ့ နွေးထွေးတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး ဟိုတယ်လုပ်ငန်းရှင်တစ်ယောက်နေရာကနေပါဝင်ထားပါတယ်။ ဒီဒရမ်မာဇာတ်လမ်းတွဲကိုတော့ (၂၀၂၂) ခုနှစ်ထဲမှာ ထုတ်လွှင့်သွားဖို့ခန့်မှန်းထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


