ပရိသတ်တွေစိတ်ဝင်စားနေရတဲ့ Yeo Jin Goo နဲ့ Moon Ga Young တို့ရဲ့ဇာတ်ကားသစ်ပိုစတာ

Posted on

tvN ရဲ့ဒရမ်မာဇာတ်လမ်းတွဲအသစ်တစ်ခုဖြစ်တဲ့ Link: Eat, Love, Kill ရဲ့တရားဝင်ပိုစတာကတော့ ထွက်ရှိလာပါပြီ။ ဒီဇာတ်လမ်းတွဲမှာတော့ Yeo Jin Goo နဲ့ Moon Ga Young တို့ကတော့ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ ဒီပိုစတာမှာတော့ စားသောက်ဆိုင်တစ်ခုရဲ့မီးဖိုချောင်ထဲမှာဖြစ်ပြီး Yeo Jin Goo နဲ့ Moon Ga Young တို့နှစ်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြတဲ့ပုံရိပ်လေးတွေ ဖြစ်ပါတယ်။


သူတို့နှစ်ဦးလေးနက်စွာစိုက်ကြည့်နေတဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကို ပိုပြီးတော့ဇာတ်ကားနဲ့ပတ်သက်ပြီးစိတ်ဝင်စားစိတ်ကိုမြင့်တက်စေပြန်ပါတယ်။ ‘Link: Eat, Love, Kill’ ကတော့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အမျိုးသားတစ်ဦးဟာ ရုတ်တရက်အမျိုးသမီးတစ်ဦးနဲ့ဆက်စပ်နေတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။


ဒီဇာတ်ကားမှာတော့ Yeo Jin Goo ဟာ အရည်အချင်းရှိပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့စားဖိုမှူးတစ်ယောက်အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။ သူဟာတစ်နေ့မှာတော့ ရုတ်တရုက်ဆိုသလို ရယ်မောခြင်း၊ ငိုကြွေးခြင်းတွေအလိုလိုဖြစ်လာတာကိုခံစားလိုက်ရပြီး ဒီခံစားချက်တွေကတော့ မိန်းကလေးတစ်ဦးနဲ့ဆက်စပ်နေပါတယ်။ Moon Ga Young ကတော့ ကံကောင်းမှုတွေပျောက်ကွယ်နေတဲ့ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့အတွဲညီတဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက ရင်ခုန်နေမှာ အမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြစိတ္ဝင္စားေနရတဲ့ Yeo Jin Goo နဲ႔ Moon Ga Young တို႔ရဲ႕ဇာတ္ကားသစ္ပိုစတာ
tvN ရဲ႕ဒရမ္မာဇာတ္လမ္းတြဲအသစ္တစ္ခုျဖစ္တဲ့ Link: Eat, Love, Kill ရဲ႕တရားဝင္ပိုစတာကေတာ့ ထြက္ရွိလာပါၿပီ။ ဒီဇာတ္လမ္းတြဲမွာေတာ့ Yeo Jin Goo နဲ႔ Moon Ga Young တို႔ကေတာ့ အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ထားပါတယ္။ ဒီပိုစတာမွာေတာ့ စားေသာက္ဆိုင္တစ္ခုရဲ႕မီးဖိုေခ်ာင္ထဲမွာျဖစ္ၿပီး Yeo Jin Goo နဲ႔ Moon Ga Young တို႔ႏွစ္ဦးကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္စိုက္ၾကည့္ေနၾကတဲ့ပုံရိပ္ေလးေတြ ျဖစ္ပါတယ္။


သူတို႔ႏွစ္ဦးေလးနက္စြာစိုက္ၾကည့္ေနတဲ့ပုံရိပ္ေတြကေတာ့ ပရိသတ္ေတြကို ပိုၿပီးေတာ့ဇာတ္ကားနဲ႔ပတ္သက္ၿပီးစိတ္ဝင္စားစိတ္ကိုျမင့္တက္ေစျပန္ပါတယ္။ ‘Link: Eat, Love, Kill’ ကေတာ့ စိတ္ကူးယဥ္အခ်စ္ဇာတ္လမ္းေလးတစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ အမ်ိဳးသားတစ္ဦးဟာ ႐ုတ္တရက္အမ်ိဳးသမီးတစ္ဦးနဲ႔ဆက္စပ္ေနတဲ့ စိတ္ခံစားခ်က္ေတြျဖစ္ေပၚလာရတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာပါ။
ဒီဇာတ္ကားမွာေတာ့ Yeo Jin Goo ဟာ အရည္အခ်င္းရွိၿပီး ဆြဲေဆာင္မႈအျပည့္ရွိတဲ့စားဖိုမႉးတစ္ေယာက္အေနနဲ႔ပါဝင္မွာျဖစ္ပါတယ္။ သူဟာတစ္ေန႔မွာေတာ့ ႐ုတ္တ႐ုက္ဆိုသလို ရယ္ေမာျခင္း၊ ငိုေႂကြးျခင္းေတြအလိုလိုျဖစ္လာတာကိုခံစားလိုက္ရၿပီး ဒီခံစားခ်က္ေတြကေတာ့ မိန္းကေလးတစ္ဦးနဲ႔ဆက္စပ္ေနပါတယ္။ Moon Ga Young ကေတာ့ ကံေကာင္းမႈေတြေပ်ာက္ကြယ္ေနတဲ့ မိန္းကေလးတစ္ဦးအျဖစ္ ပါဝင္ထားတာျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ႕အတြဲညီတဲ့သ႐ုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ေတြက ရင္ခုန္ေနမွာ အမွန္ပါပဲေနာ္။