ပရိသတ်တွေကြားရေပန်းစားနေတဲ့ “Our Blues” ဇာတ်လမ်းတွဲထဲက အသက်(၄၀)အရွယ် Han Ji Min ရဲ့တောက်ပတဲ့ဖက်ရှင်စတိုင်

Posted on

လက်ရှိအချိန်မှာ Our Blues ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသမီးချော Han Ji Min ရဲ့ တောက်ပတဲ့အလှတရားကတော့ အားလုံးကိုဖမ်းစားနိုင်ခဲ့ပြီး ဂျယ်ဂျူးကျွန်းရဲ့ရေငုပ်သမားလေးအဖြစ် တွေ့ရမှာပါ။


သူကတော့ ဂျယ်ဂျူးရဲ့နွေရာသီနေ့ရက်တွေနဲ့လိုက်ဖက်တဲ့ hippie perm စတိုင်နဲ့ လှပနေခဲ့ပါတယ်။ Han Ji Min ကတော့ အနုပညာသက်တမ်းဆယ်စုနှစ်(၂)စုကျော်ရှိခဲ့ပြီဖြစ်ပြီး သရုပ်ဆောင်ခဲ့တဲ့အခန်းတွေမှာတော့ မယုံနိုင်လောက်စရာလှပပြီး စတိုင်ကျခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ သူ့ရဲ့လှပတဲ့ဆံပင်ရှည်တွေကို ပွယောင်းယောင်း hippie perm စတိုင်နဲ့ ဆွဲဆောင်မှုကိုပိုစေပါတယ်။


သာယာတဲ့နွေရာသီနဲ့အတူ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ Han Ji Minကတော့ ပရိသတ်တွေကို မျက်စိကျစေခဲ့ပြီး ဇာတ်လမ်းတွဲနဲ့အတူ လူပြောများနေတဲ့အကြောင်းအရာလည်း ဖြစ်ပါတယ်။ ဂျယ်ဂျူးကျွန်းမှာအခြေတည်ထားတဲ့ Our Blues ဇာတ်လမ်းတွဲကိုကြည့်နေတဲ့ ပရိသတ်တွေရှိလားနော်။
Zawgyi ဖြင့်ဖတ်ရန်




