Disney+ ရဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖို့အတွက်ဆွေးနွေးနေတဲ့ Lee Sung Kyung နဲ့ Kim Young Kwang

Posted on

မင်းသမီးချော Lee Sung Kyung ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး သူ့ရဲ့ဇာတ်ကားသစ်တွေကတော့ ပရိသတ်တွေစိတ်ဝင်စားနေရတာလည်း ဖြစ်ပါတယ်။ ဧပြီလ(၂၁)ရက်နေ့မှာတော့ Lee Sung Kyung နဲ့ Kim Young Kwang တို့ဟာ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်လာမယ့် သတင်းထွက်ရှိခဲ့ပါတယ်။


မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ သူမဟာဒီဇာတ်လမ်းအတွက်ကမ်းလှမ်းမှုရရှိထားပြီး အပြုသဘောဆောင်သုံးသပ်နေတဲ့အကြောင်းကို အတည်ပြုခဲ့ပါတယ်။ Kim Young Kwang ရဲ့ အေဂျင်စီကလည်းပဲ ဒီဇာတ်ကားမှာပါဝင်ဖို့အတွက် ဆွေးနွေးနေကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ‘Please Say This is Love’ ဖြစ်ပြီး အချစ်ဒရမ်မာဇာတ်လမ်းလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းကတော့ တစ်ယောက်နဲ့တစ်ယောက်လက်စားချေဖို့အတွက်စတင်ခဲ့ကြပြီး ကိုယ်ချင်းစားစိတ်တွေနဲ့အဆုံးသတ်ခဲ့တဲ့ဇာတ်လမ်းကောင်းလေးကို ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ Lee Sung Kyung ကတော့ မိသားစုပြဿနာတွေကိုရင်ဆိုင်ရပြီးနောက် Kim Young Kwang ကိုလက်စားချေလိုတဲ့သူအဖြစ်နဲ့ပါဝင်ထားပြီး Kim Young Kwang ကတော့ အလုပ်သာဘဝမှာရှိပြီးအထီးကျန်နေတဲ့သူအဖြစ်ပါဝင်ထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Disney+ ရဲ႕ ကိုရီးယားဒရမ္မာဇာတ္လမ္းတြဲသစ္မွာ ပါဝင္ဖို႔အတြက္ေဆြးေႏြးေနတဲ့ Lee Sung Kyung နဲ့ Kim Young Kwang
မင္းသမီးေခ်ာ Lee Sung Kyung ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားနာမည္ႀကီးမင္းသမီးတစ္လက္ျဖစ္ၿပီး သူ႔ရဲ႕ဇာတ္ကားသစ္ေတြကေတာ့ ပရိသတ္ေတြစိတ္ဝင္စားေနရတာလည္း ျဖစ္ပါတယ္။ ဧၿပီလ(၂၁)ရက္ေန႔မွာေတာ့ Lee Sung Kyung နဲ႔ Kim Young Kwang တို႔ဟာ ဇာတ္လမ္းတြဲသစ္မွာ ပါဝင္လာမယ့္ သတင္းထြက္ရွိခဲ့ပါတယ္။


မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ YG Entertainment ကေတာ့ သူမဟာဒီဇာတ္လမ္းအတြက္ကမ္းလွမ္းမႈရရွိထားၿပီး အျပဳသေဘာေဆာင္သုံးသပ္ေနတဲ့အေၾကာင္းကို အတည္ျပဳခဲ့ပါတယ္။ Kim Young Kwang ရဲ႕ ေအဂ်င္စီကလည္းပဲ ဒီဇာတ္ကားမွာပါဝင္ဖို႔အတြက္ ေဆြးေႏြးေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ‘Please Say This is Love’ ျဖစ္ၿပီး အခ်စ္ဒရမ္မာဇာတ္လမ္းလည္း ျဖစ္ပါတယ္။
ဒီဇာတ္လမ္းကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္လက္စားေခ်ဖို႔အတြက္စတင္ခဲ့ၾကၿပီး ကိုယ္ခ်င္းစားစိတ္ေတြနဲ႔အဆုံးသတ္ခဲ့တဲ့ဇာတ္လမ္းေကာင္းေလးကို ႐ိုက္ကူးမွာလည္း ျဖစ္ပါတယ္။ Lee Sung Kyung ကေတာ့ မိသားစုျပႆနာေတြကိုရင္ဆိုင္ရၿပီးေနာက္ Kim Young Kwang ကိုလက္စားေခ်လိုတဲ့သူအျဖစ္နဲ႔ပါဝင္ထားၿပီး Kim Young Kwang ကေတာ့ အလုပ္သာဘဝမွာရွိၿပီးအထီးက်န္ေနတဲ့သူအျဖစ္ပါဝင္ထားပါတယ္။