Song Ji Hyo ကြောင့် ရင်ခုန်ဖူးလားဆိုတဲ့မေးခွန်းကိုဖြေခဲ့တဲ့ Kim Jong Kook

Posted on

ဧပြီလ (၂၀) ရက်နေ့မှာတော့ KBS ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ‘Problem Child in House’ မှာ ပုံသေအဖွဲ့ဝင်အသစ်တစ်ယောက်ဖြစ်လာတဲ့ Kim Jong Kook နဲ့အတူ Song Ji Hyo က အထူးဧည့်သည်အဖြစ် ပါဝင်လာပါတယ်။ ဒီအစီအစဉ်အတွင်းမှာတော့ Song Ji Hyo နဲ့ပတ်သက်ပြီးခံစားချက်တွေရှိလားဆိုတဲ့မေးခွန်းကို Song Euni ကမေးခဲ့ပါတယ်။


Song Ji Hyo ကလည်းထပ်မံပြီးတော့ “အိုပါး ကျွန်မကြောင့်နှလုံးသားတွေလှုတ်ခတ်သွားဖူးလား။ “ဆိုပြီးတော့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းထပ်မေးခံရတဲ့အခါမှာ Kim Jung Kook ကသေချာစဉ်းစားပြီးတော့ “မဖြစ်ဖူးဘူး၊ တစ်ခါမှ မဖြစ်ဖူးဘူး” လို့ ပြောခဲ့ပြီး “သူမကတော့ ငါ့အတွက်မိသားစုလိုပါပဲ။ ငါစိတ်ဆိုးနေရင် ခံစားချက်တွေအကုန်လုံးကိုသူ့ကိုဖော်ထုတ်လိုက်ပြီး နောက်ပြီးတော့မှ တောင်းပန်လိုက်လို့ရတယ်။ သူက အဲလိုညီမတစ်ယောက်လိုမျိုးပါပဲ။” လို့ ဆိုပါတယ်။


Song Ji Hyo ကလည်း ဒါကိုသဘောတူခဲ့ပြီး “ကျွန်မအတွက်လည်း အတူတူပဲ။ကျွန်မသူ့ကိုအကုန်ပြောပြတယ်။ စိတ်ဆိုးလို့လည်းရတယ်။ သူ့ကိုဘာလို့စိတ်ဆိုးတာလို့မေးတဲ့အခါမှာလည်း အကြောင်းပြချက်မရှိဘူး” ဆိုပြီးတော့ သူတို့နှစ်ဦးကြားက ရင်းနှီးမှုကို ပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Song Ji Hyo ေၾကာင့္ ရင္ခုန္ဖူးလားဆိုတဲ့ေမးခြန္းကိုေျဖခဲ့တဲ့ Kim Jong Kook
ဧၿပီလ (၂၀) ရက္ေန႔မွာေတာ့ KBS ရဲ႕အစီအစဥ္တစ္ခုျဖစ္တဲ့ ‘Problem Child in House’ မွာ ပုံေသအဖြဲ႕ဝင္အသစ္တစ္ေယာက္ျဖစ္လာတဲ့ Kim Jong Kook နဲ႔အတူ Song Ji Hyo က အထူးဧည့္သည္အျဖစ္ ပါဝင္လာပါတယ္။ ဒီအစီအစဥ္အတြင္းမွာေတာ့ Song Ji Hyo နဲ႔ပတ္သက္ၿပီးခံစားခ်က္ေတြရွိလားဆိုတဲ့ေမးခြန္းကို Song Euni ကေမးခဲ့ပါတယ္။


Song Ji Hyo ကလည္းထပ္မံၿပီးေတာ့ “အိုပါး ကြၽန္မေၾကာင့္ႏွလုံးသားေတြလႈတ္ခတ္သြားဖူးလား။ “ဆိုၿပီးေတာ့ ေမးျမန္းခဲ့ပါတယ္။ ဒီေမးခြန္းထပ္ေမးခံရတဲ့အခါမွာ Kim Jung Kook ကေသခ်ာစဥ္းစားၿပီးေတာ့ “မျဖစ္ဖူးဘူး၊ တစ္ခါမွ မျဖစ္ဖူးဘူး” လို႔ ေျပာခဲ့ၿပီး “သူမကေတာ့ ငါ့အတြက္မိသားစုလိုပါပဲ။ ငါစိတ္ဆိုးေနရင္ ခံစားခ်က္ေတြအကုန္လုံးကိုသူ႔ကိုေဖာ္ထုတ္လိုက္ၿပီး ေနာက္ၿပီးေတာ့မွ ေတာင္းပန္လိုက္လို႔ရတယ္။ သူက အဲလိုညီမတစ္ေယာက္လိုမ်ိဳးပါပဲ။” လို႔ ဆိုပါတယ္။
Song Ji Hyo ကလည္း ဒါကိုသေဘာတူခဲ့ၿပီး “ကြၽန္မအတြက္လည္း အတူတူပဲ။ကြၽန္မသူ႔ကိုအကုန္ေျပာျပတယ္။ စိတ္ဆိုးလို႔လည္းရတယ္။ သူ႔ကိုဘာလို႔စိတ္ဆိုးတာလို႔ေမးတဲ့အခါမွာလည္း အေၾကာင္းျပခ်က္မရွိဘူး” ဆိုၿပီးေတာ့ သူတို႔ႏွစ္ဦးၾကားက ရင္းႏွီးမႈကို ေျပာျပခဲ့ပါတယ္။