နယူးယောက်မြို့မှာ NBA ဘတ်စ်ကတ်ဘောကစားပွဲကိုအားပေးနေကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေထွက်ပေါ်လာ

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းစုံတွဲတစ်တွဲဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲကတော့ မင်္ဂလာဦးအသစ်စက်စက်ဇနီးမောင်နှံအဖြစ်နဲ့ လူအများရဲ့စိတ်ဝင်စားမှုကို ရရှိနေတာပါ။ သူတို့နှစ်ဦးကတော့ ဟန်းနီးမွန်းခရီးကို အမေရိကားကိုထွက်ရှိခဲ့တာပါ။


သူတို့နှစ်ဦးကတော့ NBA ဘတ်စ်ကတ်ဘောကစားပွဲကိုသွားရောက်အားပေးနေကြတဲ့ ပုံရိပ်တွေက အွန်လိုင်းမှာပျံ့နှံ့လာခဲ့တာပါ။ Son Ye Jin ကတော့ ဟူဒီလေးကိုဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းကာသာမန်မိန်းကလေးတစ်ယောက်ပုံမျိုးဝတ်စားထားခဲ့ပေမယ့်လည်း ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ Hyun Bin ကလည်း အနက်ရောင်ဦးထုပ်ကိုဆောင်းထားခဲ့ပြီး ချောမောခန့်ညားတဲ့ရုပ်ရည်သွင်ပြင်ကတော့ သတိထားမိလောက်စရာပါပဲ။


အသစ်စက်စက်ဇနီးမောင်နှံကတော့လေ့ာစ်အိန်ဂျလိစ့်မှာအချိန်ကုန်ဆုံးခဲ့သလို နယူးယောက်မှာလည်း အလည်အပတ်ထွက်နေခဲ့တာပါ။ ဟန်းနီးမွန်းစတင်ထွက်ရှိချိန်ကတည်းကပရိသတ်တွေစိတ်ဝင်စားနေခဲ့တဲ့သူတို့နှစ်ဦးကတော့ နှစ်ပတ်ကြာလည်ပတ်ပြီးတဲ့အခါ ဧပြီလ(၂၈)ရက်နေ့မှာ တောင်ကိုရီးယားကိုပြန်လာမယ်လို့မျှော်လင့်ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

နယူးေယာက္ၿမိဳ႕မွာ NBA ဘတ္စ္ကတ္ေဘာကစားပြဲကိုအားေပးေနၾကတဲ့ Hyun Bin နဲ႔ Son Ye Jin တို႔ဇနီးေမာင္ႏွံရဲ႕ပုံရိပ္ေတြထြက္ေပၚလာ
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္းစုံတြဲတစ္တြဲျဖစ္တဲ့ Hyun Bin နဲ႔ Son Ye Jin တို႔စုံတြဲကေတာ့ မဂၤလာဦးအသစ္စက္စက္ဇနီးေမာင္ႏွံအျဖစ္နဲ႔ လူအမ်ားရဲ႕စိတ္ဝင္စားမႈကို ရရွိေနတာပါ။ သူတို႔ႏွစ္ဦးကေတာ့ ဟန္းနီးမြန္းခရီးကို အေမရိကားကိုထြက္ရွိခဲ့တာပါ။

သူတို႔ႏွစ္ဦးကေတာ့ NBA ဘတ္စ္ကတ္ေဘာကစားပြဲကိုသြားေရာက္အားေပးေနၾကတဲ့ ပံုရိပ္ေတြက အြန္လိုင္းမွာပ်ံ႕ႏွံ႔လာခဲ့တာပါ။ Son Ye Jin ကေတာ့ ဟူဒီေလးကိုဝတ္ဆင္ထားၿပီး ဦးထုပ္ေဆာင္းကာသာမန္မိန္းကေလးတစ္ေယာက္ပုံမ်ိဳးဝတ္စားထားခဲ့ေပမယ့္လည္း ပရိသတ္ေတြက သတိထားမိခဲ့ၾကပါတယ္။ Hyun Bin ကလည္း အနက္ေရာင္ဦးထုပ္ကိုေဆာင္းထားခဲ့ၿပီး ေခ်ာေမာခန႔္ညားတဲ့႐ုပ္ရည္သြင္ျပင္ကေတာ့ သတိထားမိေလာက္စရာပါပဲ။
အသစ္စက္စက္ဇနီးေမာင္ႏွံကေတာ့ေလ့ာစ္အိန္ဂ်လိစ့္မွာအခ်ိန္ကုန္ဆုံးခဲ့သလို နယူးေယာက္မွာလည္း အလည္အပတ္ထြက္ေနခဲ့တာပါ။ ဟန္းနီးမြန္းစတင္ထြက္ရွိခ်ိန္ကတည္းကပရိသတ္ေတြစိတ္ဝင္စားေနခဲ့တဲ့သူတို႔ႏွစ္ဦးကေတာ့ ႏွစ္ပတ္ၾကာလည္ပတ္ၿပီးတဲ့အခါ ဧၿပီလ(၂၈)ရက္ေန႔မွာ ေတာင္ကိုရီးယားကိုျပန္လာမယ္လို႔ေမွ်ာ္လင့္ရပါတယ္။