tvN ရုပ်သံလိုင်းရဲ့အသစ်ဖြစ်တဲ့ Eve ဇာတ်လမ်းတွဲကတော့ ပိုစတာအသစ်တွေနဲ့ ပရိသတ်တွေကိုမိတ်ဆက်ခဲ့ပါတယ်။ tvN ကတော့ မင်းသမီးချော Seo Ye Ji ရဲ့ ဒရမ်မာဆန်ဆန်ပိုစတာနဲ့အတူ ပရိသတ်တွေကို ချပြခဲ့ပါတယ်။ အရှုပ်တော်ပုံတွေပြီးနောက် Seo Ye Ji ရဲ့အနုပညာခြေလှမ်းအသစ်ကို ပရိသတ်တွေက စောင့်မျှော်နေခဲ့ကြတာပါ။
Eve ဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမိသားစုတစ်ခုနဲ့ပတ်သက်ပြီး နာကျင်ကြေမွစရာအတိတ်တွေကြောင့် လက်တုံ့ပြန်ဖို့အတွက် နှစ်ပေါင်း(၁၃)နှစ်ကြာ စောင့်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကိုပုံဖော်ထားတာ ဖြစ်ပါတယ်။ Seo Ye Ji ကတော့ဖခင်ဖြစ်သူသေဆုံးမှုရဲ့သက်သေတစ်ယောက်ဖြစ်ပြီး (၁၃) နှစ်ကျော်ကြာတဲ့အခါမှာ ကိုရီးယားဝမ်(၃)ထရီလီယံရှိတဲ့ကွာရှင်းပြတ်စဲမှုမှာ အရေးပါတဲ့နေရာကနေပါဝင်လာခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင် Lee Rael အဖြစ်နဲ့ ပါဝင်သွားမှာပါ။
ပိုစတာအသစ်မှာတော့ အေးစက်ပြီးနက်ရှိုင်းတဲ့ဝမ်းနည်းမှုတွေဖုံးလွှမ်းနေတဲ့ Lee Rael ဆိုတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။သူကတော့ ဇာတ်ကောင်တိုင်းကို ပီပြင်စွာသရုပ်ဆောင်ထားတာကြောင့် ဇာတ်လမ်းတွဲသစ်မှာ ဘယ်လိုမျိုးပရိသတ်ကိုခံစားမှုတွေပေးစွမ်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်
စိတ္ဝင္စားစရာပိုစတာအသစ္နဲ႔အတူ ဇာတ္ကားသစ္ကို မိတ္ဆက္ခဲ့တဲ့ Seo Ye Ji
tvN ႐ုပ္သံလိုင္းရဲ႕အသစ္ျဖစ္တဲ့ Eve ဇာတ္လမ္းတြဲကေတာ့ ပိုစတာအသစ္ေတြနဲ႔ ပရိသတ္ေတြကိုမိတ္ဆက္ခဲ့ပါတယ္။ tvN ကေတာ့ မင္းသမီးေခ်ာ Seo Ye Ji ရဲ႕ ဒရမ္မာဆန္ဆန္ပိုစတာနဲ႔အတူ ပရိသတ္ေတြကို ခ်ျပခဲ့ပါတယ္။ အရႈပ္ေတာ္ပုံေတြၿပီးေနာက္ Seo Ye Ji ရဲ႕အႏုပညာေျခလွမ္းအသစ္ကို ပရိသတ္ေတြက ေစာင့္ေမွ်ာ္ေနခဲ့ၾကတာပါ။
Eve ဇာတ္လမ္းတြဲကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္းမိသားစုတစ္ခုနဲ႔ပတ္သက္ၿပီး နာက်င္ေၾကမြစရာအတိတ္ေတြေၾကာင့္ လက္တုံ႔ျပန္ဖို႔အတြက္ ႏွစ္ေပါင္း(၁၃)ႏွစ္ၾကာ ေစာင့္ေနခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝအေၾကာင္းကိုပုံေဖာ္ထားတာ ျဖစ္ပါတယ္။ Seo Ye Ji ကေတာ့ဖခင္ျဖစ္သူေသဆုံးမႈရဲ႕သက္ေသတစ္ေယာက္ျဖစ္ၿပီး (၁၃) ႏွစ္ေက်ာ္ၾကာတဲ့အခါမွာ ကိုရီးယားဝမ္(၃)ထရီလီယံရွိတဲ့ကြာရွင္းျပတ္စဲမႈမွာ အေရးပါတဲ့ေနရာကေနပါဝင္လာခဲ့တဲ့ ဇာတ္လမ္းတြဲရဲ႕အဓိကဇာတ္ေဆာင္ Lee Rael အျဖစ္နဲ႔ ပါဝင္သြားမွာပါ။
ပိုစတာအသစ္မွာေတာ့ ေအးစက္ၿပီးနက္ရႈိင္းတဲ့ဝမ္းနည္းမႈေတြဖုံးလႊမ္းေနတဲ့ Lee Rael ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ျမင္ေတြ႕ရမွာပါ။သူကေတာ့ ဇာတ္ေကာင္တိုင္းကို ပီျပင္စြာသ႐ုပ္ေဆာင္ထားတာေၾကာင့္ ဇာတ္လမ္းတြဲသစ္မွာ ဘယ္လိုမ်ိဳးပရိသတ္ကိုခံစားမႈေတြေပးစြမ္းႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။