မင်းသားချော Lee Joon Gi ကတော့ အနုပညာသက်တမ်းများစွာရှိနေပြီဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရယူထားနိုင်ဆဲမင်းသားတစ်လက်ပါပဲ။ သူကတော့ ဇာတ်လမ်းတွဲတွေကိုဆက်တိုက်ရိုက်ကူးနေသူဖြစ်ပြီး လက်ရှိမှာလည်း သူပါဝင်ထားတဲ့ Again My Life ဇာတ်လမ်းတွဲကတော့ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။
Lee Joon Gi ကတော့ လက်ရှိအချိန်မှာ ရေပန်းအစားဆုံးမင်းသားအဖြစ်ရပ်တည်နေတာပါ။ အချက်အလက်တွေကောက်ခံတဲ့ Good Data Operation ကနေပြီးတော့ ဧပြီလရဲ့တတိယအပတ်မှာ လူကြိုက်အများဆုံးမင်းသားအဖြစ် Lee Joon Gi ကိုဖော်ပြခဲ့ပါတယ်။ သူကတော့ ကိုဗစ်ကူးစက်ခံရပြီးနောက်မှာ ကွာရန်တင်းဝင်နေတာဖြစ်ပြီး ကွာရန်တင်းမှထွက်လာပြီးနောက်မှာ Again My Life ဇာတ်လမ်းတွဲကိုဆက်လက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။
ဒီသီတင်းပတ်မှာတော့ Lee Joon Gi ကပထမနေရာမှာ ရှိနေတာဖြစ်ပြီး My Liberation Notes မှ Son Seok Gu က ဒုတိယနေရာ နဲ့ Lee Hye Young ကတတိယနေရာမှာ ရှိနေပါတယ်။ လူကြိုက်အများဆုံးဒရမ်မာနေရာမှာတော့ ပရိသတ်တွေကြိုက်တဲ့ Our Blues ဇာတ်လမ်းတွဲကထိပ်ဆုံးမှာရှိနေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Again My Life ဇာတ်လမ်းတွဲနဲ့အတူ ရေပန်းအစားဆုံးမင်းသားဖြစ်လာတဲ့ Lee Joon Gi