ဇနီးဟောင်းဖြစ်သူ Hong In Young ကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းပယ်ခဲ့တဲ့ Jeon Seung Bin ရဲ့အေဂျင်စီ

Posted on

အနုပညာရှင်စုံတွဲတွေရဲ့မင်္ဂလာသတင်းတွေကတော့ ပရိသတ်တွေနှစ်ခြိုက်ရသလို အကွဲအပြဲသတင်းတွေကလည်း လူသိများပြန်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Hong In Young ကတော့ ခင်ပွန်းဟောင်းဖြစ်သူ Jeon Seung Bin ကို အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့စွပ်စွဲလိုက်တယ်လို့ သတင်းတွေ ထွက်ရှိလာပါတယ်။


Jeon Seung Bin ကတော့ Hong In Young ကို ဆံပင်ကဆွဲပြီးခေါ်သွားကာ မူးမေ့လဲသွားတဲ့အထိ(၂)နာရီကြာရိုက်နှက်ခဲ့ကြောင်း ရဲစခန်းကို တိုင်ကြားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရိုက်နှက်ခံရတဲ့ဓာတ်ပုံတွေကို သက်သေအဖြစ်ထပ်မံပေးပို့ထားတယ်လို့ ဆိုပါတယ်။ မင်းသားရဲ့အေဂျင်စီကတော့ ဒီသတင်းကိုငြင်းဆိုထားပြီး ထင်မြင်ချက်တွေနဲ့မစွပ်စွဲဖို့အတွက် ပြောဆိုထားတာလည်း ဖြစ်ပါတယ်။


သူတို့နှစ်ဦးကတော့ မေလ(၂၀၁၆)မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ဧပြီလ(၂၀၂၀) မှာကွာရှင်းပြတ်စဲခဲ့တာပါ။ Jeon Seung Bin နဲ့ Hong In Young တို့နှစ်ဦးကြားက အမှန်တရားကတော့ မကြာခင်ထွက်ပေါ်လာလိမ့်မယ်လို့ ယူဆရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဇနီးေဟာင္းျဖစ္သူ Hong In Young ကို ကိုယ္ထိလက္ေရာက္ေစာ္ကားခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ကို ျငင္းပယ္ခဲ့တဲ့ Jeon Seung Bin ရဲ႕ေအဂ်င္စီ
အႏုပညာရွင္စုံတြဲေတြရဲ႕မဂၤလာသတင္းေတြကေတာ့ ပရိသတ္ေတြႏွစ္ၿခိဳက္ရသလို အကြဲအၿပဲသတင္းေတြကလည္း လူသိမ်ားျပန္ပါတယ္။ ေတာင္ကိုရီးယားမင္းသမီး Hong In Young ကေတာ့ ခင္ပြန္းေဟာင္းျဖစ္သူ Jeon Seung Bin ကို အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔စြပ္စြဲလိုက္တယ္လို႔ သတင္းေတြ ထြက္ရွိလာပါတယ္။
Jeon Seung Bin ကေတာ့ Hong In Young ကို ဆံပင္ကဆြဲၿပီးေခၚသြားကာ မူးေမ့လဲသြားတဲ့အထိ(၂)နာရီၾကာ႐ိုက္ႏွက္ခဲ့ေၾကာင္း ရဲစခန္းကို တိုင္ၾကားထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ႐ိုက္ႏွက္ခံရတဲ့ဓာတ္ပုံေတြကို သက္ေသအျဖစ္ထပ္မံေပးပို႔ထားတယ္လို႔ ဆိုပါတယ္။ မင္းသားရဲ႕ေအဂ်င္စီကေတာ့ ဒီသတင္းကိုျငင္းဆိုထားၿပီး ထင္ျမင္ခ်က္ေတြနဲ႔မစြပ္စြဲဖို႔အတြက္ ေျပာဆိုထားတာလည္း ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးကေတာ့ ေမလ(၂၀၁၆)မွာ လက္ထပ္ခဲ့တာျဖစ္ၿပီး ဧၿပီလ(၂၀၂၀) မွာကြာရွင္းျပတ္စဲခဲ့တာပါ။ Jeon Seung Bin နဲ႔ Hong In Young တို႔ႏွစ္ဦးၾကားက အမွန္တရားကေတာ့ မၾကာခင္ထြက္ေပၚလာလိမ့္မယ္လို႔ ယူဆရပါတယ္။