Kim Go Eun နဲ့ Nam Ji Hyun တို့နဲ့အတူ ဇာတ်လမ်းတွဲသစ်မှာပါဝင်လာမယ့် ‘Penthouse’ မင်းသား Uhm Ki Joon

Posted on

Uhm Ki Joon ကတော့ ပရိသတ်တွေနဲ့ရင်းနှီးသလို သရုပ်အလွန်ပီပြင်တဲ့မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူကတော့ “Little Women” ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်လာမယ်လို့ အေဂျင်စီကနေပြီးတော့ အတည်ပြုထားပါတယ်။


“Little Women” ကတော့ ဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ ညီအစ်မ(၃)ဦး ဘဝကို ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သူတို့(၃)ဦးဟာ ကြီးမားတဲ့အဖြစ်အပျက်တစ်ခုကဘဝမှာရိုက်ခတ်ခံခဲ့ရပြီးနောက် သူတို့ဘဝရဲ့ပြသနာကို ငွေနဲ့ ဖြေရှင်းဖို့ကြိုးစားကြတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ Uhm Ki Joon ကတော့ ညီအစ်မ(၃)ဦးရဲ့ဘဝကိုဝင်ရောက်လာတဲ့ လူသစ်နိုင်ငံရေးသမားတစ်ယောက်နေရာကနေပါဝင်မှာပါ။


ဒီဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Kim Go-eun နဲ့ Nam Ji-hyun တို့နဲ့အတူ တက်သစ်စမင်းသမီးချော Park Ji-hoo လည်းပါဝင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ (၂၀၂၂) ခုနှစ်အတွင်းမှာ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Kim Go Eun နဲ႔ Nam Ji Hyun တို႔နဲ႔အတူ ဇာတ္လမ္းတြဲသစ္မွာပါဝင္လာမယ့္ ‘Penthouse’ မင္းသား Uhm Ki Joon
Uhm Ki Joon ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးသလို သ႐ုပ္အလြန္ပီျပင္တဲ့မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ သူကေတာ့ “Little Women” ဆိုတဲ့ဇာတ္လမ္းတြဲမွာပါဝင္လာမယ္လို႔ ေအဂ်င္စီကေနၿပီးေတာ့ အတည္ျပဳထားပါတယ္။


“Little Women” ကေတာ့ ဆင္းရဲတဲ့မိသားစုကေပါက္ဖြားလာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခင္ၾကတဲ့ ညီအစ္မ(၃)ဦး ဘဝကို ပုံေဖာ္ထားတဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။ သူတို႔(၃)ဦးဟာ ႀကီးမားတဲ့အျဖစ္အပ်က္တစ္ခုကဘဝမွာ႐ိုက္ခတ္ခံခဲ့ရၿပီးေနာက္ သူတို႔ဘဝရဲ႕ျပသနာကို ေငြနဲ႔ ေျဖရွင္းဖို႔ႀကိဳးစားၾကတဲ့အေၾကာင္းကို ႐ိုက္ကူးထားပါတယ္။ Uhm Ki Joon ကေတာ့ ညီအစ္မ(၃)ဦးရဲ႕ဘဝကိုဝင္ေရာက္လာတဲ့ လူသစ္ႏိုင္ငံေရးသမားတစ္ေယာက္ေနရာကေနပါဝင္မွာပါ။
ဒီဇာတ္လမ္းတြဲမွာေတာ့ နာမည္ေက်ာ္မင္းသမီးေတြျဖစ္တဲ့ Kim Go-eun နဲ႔ Nam Ji-hyun တို႔နဲ႔အတူ တက္သစ္စမင္းသမီးေခ်ာ Park Ji-hoo လည္းပါဝင္မွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ (၂၀၂၂) ခုႏွစ္အတြင္းမွာ ထုတ္လႊင့္ျပသမယ္လို႔ သိရပါတယ္။